Saturday, July 20, 2013

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့် ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။ Read more »

အမျိုးသမီးများနှင့်အသားအရည်ပျက်ဆီးမှုကိုဖြစ်စေသောတရားခံများ

တိုးတက်လာတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ နည်းပညာတွေအမျိုးမျိုးအံ့မခန်းတိုးတက်လာတာနဲ့အမျှ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာအောင် ပြောင်းလဲလုပ်ဆောင်လာကြတယ် ။ အဲဒီလို အရာရာပြောင်းလဲလာကြတဲ့ အထဲမှာ အလှအပရေးရာဟာလည်း လူသားတွေကြားထဲမှာ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုအခန်းကဏ္ဍအနေနဲ့ပါဝင်လာပါတယ် ။ Read more »

အဆိုတော် ဆိုတေး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိလာ

[အဆိုတေး ဆိုတေး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိလာ] မီးအိမ်ရှင်' အဆိုတော် ဆိုတေးရဲ့ လတ်တလော အခြေ အနေမှာ ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တိုးတက်ကောင်းမွန်လာပြီး ခြေ၊ လက် လှုပ်ရှားမှုများ ရှိလာ ပြီဖြစ်ကြောင်း အနီးကပ်ပြုစု စောင့်ရှောက်နေတဲ့ ဆိုတေးရဲ့ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင် က မြန်မာတိုင်းမ် ကို ပြောပါတယ်။ » အပြည့်အစုံသို

အလုပ်ရှင်များ စည်းကမ်းလိုက်နာစေလို

အလုပ်ရှင်များ စည်းကမ်းလိုက်နာစေလို နန်းလွင်နှင်းပွင့် | သောကြာနေ့၊ မေလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၀၃ နာရီ ၁၂ မိနစ် အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန် ရန်ကုန်(မဇ္ဈိမ)။ ။ အလုပ်သမားများနှင့် အလုပ်ရှင်များအကြား အလုပ်ရှင်များစည်းကမ်း လိုက်နာမှု ရှိစေရန် အလုပ်သမားအများစုက စစ်ကိုင်းတိုင်း ပလိပ်မြို့ရှိ အောင်သိဒ္ဒိခန်းမတွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွင် တောင်းဆိုခဲ့ကြကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူ အလုပ်သမား အငြင်းပွားရေး ခုံသမာဓိ ကောင်စီမှ ဦးရဲနိုင်မိုးက မဇ္ဈိမသို့ ပြောသည်။ ၎င်းက “အခု ကျွန်တော်တို့ရဲ့ လက်ရှိ အလုပ်သမားကောင်စီရဲ့ ဆောင်ရွက်ချက်တွေအရ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ အငြင်းပွားမှု ကိစ္စတွေ ဖြစ်လို့ အလုပ်ရှင်က တခုခု မလိုက်နာဘူး ဆိုရင် ဘယ်လိုအရေးယူရ မယ်ဆိုတာ ဒီမှာ ပြဌာန်းထားတာ မရှိဘူး။ ဆုံးဖြတ်ချက်တွေ ချရုံက လွဲပြီး မလိုက်နာရင် အရေးယူမရဘူး” ဟုဆိုသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် အလုပ်သမားများ ခုံသမာဓိကောင်စီ၊ အလုပ်သမားကွန်ယက်၊ သင်္ဘောသား သမဂ္ဂများ အပါအ၀င် အခြားသော အလုပ်သမား အဖွဲ့အစည်းများနှင့် အနယ်နယ် အရပ်ရပ်တို့မှ အလုပ်သမားတို့ကို ကိုယ်စားပြုသော အလုပ်သမား ၂၀၀ကျော်တို့ စုစည်းကာ အထက်မြန်မာပြည် အလုပ်သမားများ စုစည်းရေးအဖြစ် စစ်ကိုင်းတိုင်း ပလိပ်မြို့ရှိ အောင်သိဒ္ဒိခန်းမတွင် ကျင်းပခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ NGO များလည်း ပါဝင်တက်ရောက်ကြသည်။ အလုပ်သမားနေ့ အခမ်းအနားအဖြစ် ရန်ကုန်မြို့ရှိ သီရီမင်္ဂလာဈေးအနီး နန်းထိုက်တော်ဝင်တွင် အလုပ်သမား ၂၀၀၀ ခန့်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် အလုပ်သမားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ၊ ILO မှ ဒုညွှန်ကြားရေးမှူး Mr.Gregory Vines ၊ အနယ်နယ် အရပ်ရပ်မှ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များတတ်ရောက်ကာ စာတမ်းများဖတ်ခြင်း ၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ စုစည်းဆွေးနွေးကြရာတွင် အများစုထံမှ အငြင်းပွားမှု အပေါ် အလုပ်ရှင်တို့မှ မလိုက်နာမှုကို ပိုဆွေးနွေး ဖြစ်ခဲ့ သည်ဟု အလုပ်သမား ကွန်ယက်မှ မအိရွှေစင်ညွှန့်က ဆိုသည်။ ၎င်းက “ ဒီနှစ်ကတော့ အနယ်နယ် အရပ်ရပ်က အလုပ်သမားတွေ ကိုယ်တိုင်က ဦးဆောင် လုပ်ကြ တာပါ။ ကျွန်မတို့ အဖွဲ့အစည်းတွေက လာရောက်တက်ပြီး ဆွေးနွေးပေးတဲ့ သဘောပါပဲ ” ဟုရှင်းပြသည်။ အလုပ်သမားနှင့် အလုပ်ရှင်တို့ အငြင်းပွားမှုများတွင် အလုပ်ရှင်တို့ လိုက်နာမှု မရှိသည့်အပေါ် ဥပဒေပြင်ဆင်ရန် ခုံသမာဓိကောင်စီမှ ၀န်ကြီးဌာနများနှင့်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကြောင့် အလုပ်သမားဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက်များ ရရှိထားသည်ဟု ဦးရဲနိုင်မိုး ကဆိုသည်။ ညွှန်ကြားချက်များအရ အလုပ်ရှင်ဖြစ်စေ၊အလုပ်သမား ဖြစ်စေ စည်းကမ်းချက်များကို မလိုက်နာလျှင် အလုပ်ရှင်နှင့် အလုပ်သမား ဥပဒေ စိစစ်ရေး ဌာနက တရားစွဲမည်ဖြစ်ပြီး ထပ်မံမလိုက်နာလျှင် ထောင်ဒဏ်၊ငွေဒဏ်များ ချမှတ်သွားမည် ဖြစ်သည်။ ဆက်လက်၍ ဦးရဲနိုင်မိုးက " နိုင်ငံတကာမှာ ဒီနေ့ကို အောင်မြင်ခဲ့တဲ့ အခမ်းအနား တစ်ခု အနေနဲ့ လုပ်ကြတာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ အလုပ်ချိန်လျော့ပေါ့ရေး၊ လုပ်ခလစာတိုးမြှင့်ရေး၊နှင့် အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းရေးတွေမှာ အခက်အခဲတွေ ရှိနေသေးတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ လုပ်တာက အခမ်းအနားလို့ မဟုတ်ဘဲ ဖြစ်လာဖို့အတွက် လှုံ့ဆော်တာလိုမျိုးဖြစ်နေတယ် ” ဟု မှတ်ချက်ပြုသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (၀ါ) မေဒေး သည် ၁၈၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ ၊ချီကာဂို မြို့ရှိ အလုပ်သမားများ က အလုပ်ချိန်လျော့ပေါ့ရေး၊လုပ်ခလစာတိုးမြှင့်ရေး အရေးတော်ပုံ၊ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၈၀ နှင့် အထက်တို့က တစ်မျိုးသားလုံးဆိုင်ရာ အားလပ်ရက်ဟု အလုပ်သမားနေ့ကို သတ်မှတ်ကြသည်။

Friday, July 19, 2013

Right Click ရဲ့ နောက်ခံ Background မှာ စိတ်ကြိုက်ပုံထည့်မယ်

ကွန်ပျူတာရဲ့ Desktop ပေါ်မှာ Right Click နှိပ်လိုက်ရင် နောက်ခံက အဖြူထည်သက်သက်ကြီးမဟုတ်ဘဲ
နဲ့ ကိုယ့်စိတ်ကြိုက်ပုံလေးတွေ ထည့်လို့ရမယ့် ဆော့ဝဲလေး ဖြစ်ပါတယ်။ Desktop ပေါ်မှာမဟုတ်ဘဲ Folder ထဲမှာလည်း Right Click နှိပ်ရင် ပုံပေါ်တယ်နော်။ အောက်က ပုံလေးကို လေ့လာကြည့်ပါ။
ဒေါင်းရန် .. ဒီမှာ ဆိုတာ ကို နှိပ်ပြီး ၀င်ရောက် ဒေါင်းယူနိုင်ပါသည် ။

ဆော့ဝဲကို ဖွင့်လိုက်ပြီးရင် Install DLL ကို နှိပ်ပြီး Install ရပါမယ်။ ဒါမှသာ အလုပ်လုပ်မှာပါ။
ပြီးရင်တော့ Browse Image မှာ စိတ်ကြိုက်ပုံရွေးထည့်ပေါ့...။ ပုံရဲ့ ဆိုဒ်က ကြီးနေရင် ချိန်ညှိပေးဦးနော်။

အဆင်ပြေပါစေဗျာ။ အားပေးကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။ 

သီချင်းတွေကို ပြုပြင်မယ် (SPT phrase trainer)

MP3 သီချင်းတွေကို Tempo တွေ နှေးမယ်၊ မြန်မယ် အစရှိသဖြင့် ပြုပြင်ပြောင်းလဲနိုင်တဲ့ ဆော့ဝဲလေး တစ်ခု ဖြစ်ပါတယ်။ အသေးစိတ်တော့ မပြောပြတော့ပါဘူး၊ ဒေါင်းယူပြီး လေ့လာကြည့်လိုက်ပါ။
 
ဒေါင်းရန် .. ဒီမှာ ဆိုတာ ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါ သည် ... အဆင်ပြေမယ် လို့ မျှော်လင့် ပါတယ်..

နှင်းဆီပွင့်ပေါ် အိပ်ပျော်နိုင်စွမ်း မရှိသေးပါ

ကျနော်သည် ဆရာကြီးတင်မိုး၏ ကဗျာများထဲက ကဗျာရှည်တပုဒ်ကို အထူးတလည် စွဲလမ်း နှစ်သက်နေခဲ့ဖူးပါသည်။ ယင်းကဗျာ ရှည်ကို လုံးချင်းကဗျာ စာအုပ်အဖြစ် ထွက်ရှိနိုင်လျှင် မည်မျှကောင်းမည် နည်းဟု တွေးခဲ့ဖူး၏။ ကျနော့်စိတ်ထဲ ယင်းကဗျာရှည်ကို လုံးချင်း စာအုပ်အဖြစ် ဖတ်ရှုလိုက်ချင်သည့်ဆန္ဒ ပြင်းပြခဲ့၏။

sleeping_on_rose၁၉၉၇ ခုနှစ်ထဲတွင် ကံအားလျော်စွာ ဆရာတင်မိုး၏ ကဗျာပေါင်းချုပ် စာအုပ်တအုပ်ကို စီစဉ်ထုတ်ဝေခွင့် ကျနော် ရခဲ့သည်။ ဆရာ တင်မိုး ကဗျာပေါင်းချုပ်(၁၉၉၉)ကို စီစဉ်ဆောင်ရွက်ပေးရန် ညှိနှိုင်းစဉ်အချိန်က ကျနော်က နှစ်ပေါင်းများစွာ ကျနော် နှစ်သက်စွဲလမ်း နေခဲ့သည့် ယင်းကဗျာရှည်ကိုပင် လုံးချင်းထုတ်ရလျှင် မကောင်းဘူးလားဟု ထုတ်ဝေသူကို တိုက်တွန်းခဲ့၏။ ထုတ်ဝေသူက လက်မခံသည့်အတွက် ကျနော့်ဆန္ဒမှာ မပြည့်နိုင်ခဲ့ပါ။ ထို့ကြောင့် “တင်မိုး ကဗျာပေါင်းချုပ်(၁၉၉၉)”အဖြစ်နှင့်သာ ကျနော့်မှာ စီစဉ် ဆောင်ရွက် ပေးခဲ့ရ၏။

တချိန်ကမူ ဆရာတင်မိုးကို အဓိက ဂုဏ်ပြုထုတ်ဝေမည့် မဂ္ဂဇင်းတစောင်၏ တာဝန်ရှိသူများက ကျနော့်ကို ဆရာတင်မိုး၏ ကဗျာ များထဲက သင့်လျော်မည့် ကဗျာများကို ရွေးပေးရန် အကူအညီတောင်းသည်ကို ကြုံရပြန်သည်။ ထိုစဉ်က ကျနော်က ဆရာတင်မိုး ၏ အခြားကဗျာများထက် နှစ်ပေါင်းများစွာကတည်းက ကျနော် နှစ်သက်နေခဲ့သည့် ကဗျာကိုပဲ ဦးစားပေးရွေးချယ်ပေးလိုက်သည်။ မဂ္ဂဇင်းထွက်လာသောအခါ ကျနော်အကြံပေးလိုက်သည့် ကဗျာကိုမူ ဖော်ပြထားခြင်းမရှိပါ။ ထို့ကြောင့် ကျနော့်မှာ စိတ်ထိခိုက်ခဲ့ရ ၏။

သို့သော် ကျနော် နှစ်သက်စွဲလမ်းနေခဲ့သည့် ကဗျာမှာ ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်ကို ကျနော် သိပါသည်။ ယင်း ကဗျာတပုဒ်တည်း လုံးချင်း ထုတ်ဝေခြင်းတော့ မဟုတ်ပါ။ ကျနော် နှစ်သက်စွဲလမ်းနေသည့် ကဗျာနှင့်အတူ ဆရာ၏ အခြားကဗျာများ ပူးတွဲထုတ်ဝေ သည့် ကဗျာပေါင်းချုပ်စာအုပ် ဖြစ်သည်။ ကျနော့်ဆန္ဒက ကျနော် နှစ်သက်စွဲလမ်းနေသည့်ကဗျာကို အခြားကဗျာများနှင့်တွဲ၍ မဖတ် ချင်ပါ။ ထိုကဗျာတပုဒ်တည်း သီသန့်လုံးချင်းထုတ်ဝေသည့် စာအုပ်တအုပ်အနေနှင့်သာ ဖတ်ချင်သည့်ဆန္ဒ ပြင်းပြခဲ့ခြင်းဖြစ် သည်။ စိတ်ထဲတွင် အနည်းငယ်ဖြေလို့ရသည့်သဘောတော့ ရှိပါသည်။ ကျနော် စွဲလမ်းလွန်းနေသည့်ကဗျာ ပါရှိသည့် ကဗျာစာအုပ် ၏ အမည်ကိုမူ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း”ဟု ပေးခဲ့သည့်အတွက် ကျနော့်မှာ အနည်းငယ်စိတ်ဖြေ၍ ရနိုင်ခဲ့ပါသည်။ ကျနော် နှစ်သက်စွဲလမ်းနေခဲ့ရသည့်ကဗျာမှာ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာပဲ ဖြစ်သည်။

“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်မှာ ဆရာကြီးတင်မိုး၏ စုပေါင်းကဗျာစာအုပ်ဖြစ်သည်။ ကဗျာပုဒ်ရေ (၆၈)ပုဒ် ပါရှိသည်။ ဆရာတင်မိုးက အမှာစာကို သူကိုယ်တိုင်ပင် ရေးသည်။ ယင်း အမှာစာကို စကားပြေနှင့်မရေးဘဲ ကဗျာတပုဒ်ဖွဲ့ပြီး ရေး သည်ကို ထူးခြားဆန်းသစ်စွာ တွေ့ရသည်။

မြန်မာစာပေနယ်တွင် အမှာစာ သို့ မဟုတ် အယ်ဒီတာ့အာဘော် ကို စကားပြေနှင့်မရေးဘဲ ကဗျာဖြင့်ဖော်ပြရေးသားသည်မှာ တွေ့ရခဲလှသည်။ ကျနော်ငယ်စဉ် အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာ ကိုအောင်ဆန်းက အယ်ဒီတာ့အာဘော်ကို ကဗျာတပုဒ်နှင့် ဖော်ပြခဲ့ ဖူးသည် ဆိုသည့်စကားကြောင့် ကျနော့်မှာ အိုးဝေမဂ္ဂဇင်းဟောင်းများကို အပြေးအလွှားလိုက်လံရှာဖွေဖတ်ရှုခဲ့ရဖူး၏။ ယခုလည်း ဆရာတင်မိုးက သူ၏ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်တွင် အမှာစာကို စကားပြေနှင့်မရေးဘဲ ကဗျာတပုဒ်ဖြင့် ဖော်ပြ သည့်အတွက် ကျနော့်မှာ စာအုပ်ကို လှန်လိုက်ကတည်းက စိတ်လှုပ်ရှား ရင်ခုန်ခဲ့ရ၏။

* * * * *

ညရိပ်ခို၍
နုပျို ဆန်းတင့်၊ နှင်းဆီ ပွင့်မည်။

နှင်းနှင့် ဆွတ်လိမ်း၊ ည ပိန်းပိန်းမှာ
အစိမ်း ရောင်ကြား၊ ဖွံ့ထွားထွားနှင့်
ကားကား စွင့်စွင့်၊ ပွင့်လိမ့် နှင်းဆီ
ရဲရဲနီ။

ဒါကတော့ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်ရဲ့ အဖွင့်ကဗျာဖြစ်တဲ့ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာထဲက တပိုဒ်ဖြစ် သည်။ ဆရာက နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ဆိုတဲ့အမည်ကို ဘယ်လိုအဓိပ္ပာယ်နှင့် ရေးခဲ့ပါလိမ့်ဟု မကြာခဏဆိုသလို ကျနော် တွေး ခဲ့ဖူးသည်။ ထိုအတွေးကို ဆရာလည်း အဖြေပေးခဲ့ဖူး၏။ “ရဲရင့်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ အမှောင်ကိုအံတုခြင်း၊ အောင်မြင် ကျော်လွှားခြင်း တို့အပေါ် နှစ်ခြိုက်စွာ ပျော်ဝင်အိပ်စက်ခြင်း အစရှိသည့် အဓိပ္ပာယ်နှင့် ရေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ထက်လည်း တခြားအဓိပ္ပာယ်တွေ ရှိပါသေးသည်။ ကိုယ့်အတွေး လက်တံရှည်ရင် ရှည်သလောက် ဆက်တွေးကြပါကုန်” ဟူ၍ ရှင်းပြခဲ့ဖူး၏။ ကျနော့်မှာ ကဗျာပိုဒ်များကို ဖတ်လိုက် တွေးလိုက်..။

ညယံ ၌ ပင်၊ ပန်ဆင် လိုက
ပန်နိုင်ကြ၏
ဘဝနှင်းဆီ ရဲရဲနီ။

နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်ထုတ်ဝေသည့် နှစ်များဆီ ကျနော် ပြန်လျှောက်သွားခဲ့သည်။ ထိုစဉ်က နှင်းဆီနီ၊ ရဲရဲနီ၊ ဘဝနှင်းဆီ၊ ညပိန်းပိန်း၊ ညရိပ်ခို၍ ဟူသော စကားလုံးများမှာ ကျနော်တို့၏ရင်ကို တိုက်ရိုက် ထိခိုက်ရှတနိုင်ခဲ့သည့် စကားလုံးများ ဖြစ်ခဲ့ကြ၏။ကျနော်တို့ ကောင်းကောင်း ဖမ်းချုပ်ဆုပ်ကိုင် ခံစားနိုင်ခဲ့သည်။

အမှောင်ကြားတွင်
ဝိုးဝါး ပျံကူး၊ ပိုးစုန်းကြူးတို့
စူးစူး စမ်းစမ်း၊ မအိပ်တမ်းလျှင်
လမ်းသစ် ရှာကြ၊ တီထွင်ကြ။

၁၉၇၀ ခုနှစ် ဝန်းကျင်။ တပါတီ အာဏာရှင်စနစ်ကို သွေးသံတရဲရဲ အံတုဖက်ပြိုင်ကြသည့် နိုင်ငံရေးနယ်ပယ်မှ သူရဲကောင်းများ၏ သတင်းစကားများမှာ လက်ဖက်ရည်ဆိုင်များ၊ စာသင်ခန်းများ၊ လမ်းဘေးပလက်ဖောင်းများ၊ စက်ရုံများဆီ ဝေ့ဝဲ ရောက်လာ နေခဲ့ ၏။ ကျနော်တို့က ထိုသူရဲကောင်းတို့၏ ပုံပြင်များကို တရှိုက်မက်မက် နားစွင့်နေခဲ့ကြ။ သူရဲကောင်းတို့သည်ကား အမှောင်ထု အောက် မှ ပိုးစုန်းကြူးငယ်များပမာ လမ်းသစ်ရှာ ထွင်းဖောက်ကြရင်း ကျဆုံးခဲ့ကြရ၏။ ပြည်သူ့ သူရဲကောင်းတို့သည်ကား နှင်းဆီ ပွင့်ပေါ် နှစ်ခြိုက်စွာ အိပ်စက်သွားနိုင်ခဲ့ကြသည့်သဘော။ ဥပမာ ကမ္ဘာကျော် ကိုးကိုးကျွန်း အစာငတ်ခံ တိုက်ပွဲသတင်းများ။

အိုဘဲ့ဘယ်…အိုဘဲ့ မနှင်းဆီ
သင်သည် ဘယ်မှာနည်း။

အပြိုင်း အရိုင်း၊ နှင်းဆီ ကိုင်းတို့
ဝိုင်းဝိုင်း လည်မျှ၊ ဆူးချွန် ထလျက်
မြနှင်းဆီတွေ၊ သည်မှာလေ ဟု
သောင်ခြေ တလွှား၊ ကျောင်းနား တချို့
မြို့ပေါ် ရွာပေါ်၊ တောင်ပေါ် မကျန်
ဖူးတံ စီစီ၊ ဦးခေါင်း ချီလျက်
နီလျက် ရဲလျက်၊ တခဲနက် ပင်
လက်နှင့် ခြွေလည်း၊ ခြွေ၍ မနိုင်
လှိုင်၍ မဆုံး၊ ဤ တောင်ကုန်းမှာ
အားလုံး နှင်းဆီ နှင်းဆီတကား။

ဤကဗျာပိုဒ်များမှာ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်၏ အဖွင့်ကဗျာဖြစ်သည့် “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း”ကဗျာတွင် ပါရှိသည့် ကျနော် ချစ်သော ကဗျာပိုဒ်တချို့ ဖြစ်ပါသည်။ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာရှည်တွင် အပိုဒ်ခွဲ(၁၅)ပိုဒ် ၊ ပါဒ အရေ အတွက်အားဖြင့်(၃၅၁) ခု ပါရှိသည်ကို တခုတ်တရ မှတ်သားလိုက်မိ၏။

* * * * *

“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်တွင် တခြား နာမည်ကြီးကဗျာများလည်း ပါရှိ၏။ ဟိုတချိန်က ဆရာတင်မိုး တက် ရောက် ဟောပြောသည့် စာဆိုတော်နေ့ အခမ်းအနားတိုင်းလိုလို ပွဲတောင်းခံရတတ်သည့်ကဗျာဖြစ်သော “ဂျော်နီတို့ခေတ်” တခန်း ရပ် ကဗျာပြဇာတ်တို ကိုလည်း ဤ စာအုပ်တွင် တွေ့ ရ၏။ ပြည်သူလူထုအကျိုးကို ဘေးချိတ်ပြီး မိမိကြီးပွား ချမ်းသာရေးကိုသာ ဦးစားပေးနေကြသည့် ဆေးပညာ လောကသားတချို့ကို လှောင်ပြောင် ဖွင့်ချထားသည့် ကဗျာဖြစ်၏။ သည်ကဗျာထဲမှ ကဗျာတပိုဒ်ကိုလည်း မြည်းစမ်းကြည့်စေချင်ပါသည်။(စာ-၁၄၀)

ဂျော်နီ။    ။ ဂျော်နီတို့တော့
အိုဟို့ ပျော်ပျော်၊ ခပ်မော်မော်ပဲ
တော်လှန်ရေးတွေ
နိုင်ငံရေးတွေ
စာရေး ပေရေး၊ ဟို အရေးတွေ
တွေးနေတယ်ဆို၊ ပိုနေတာပဲ
ဒါတွေ တော်ကွယ်၊ ငကြောင် ရယ်…။

လောကကြီးမှာ
ဖြစ်ချင်ရာ ဖြစ်
(ဖြစ်…ဘရစ်)
အချစ်လဲပါ၊ စာမေးပွဲအောင်
နောင်လဲ ချမ်းသာ၊ ခု ချမ်းသာနှင့်
တိုက်တာကြီးကြီး၊ ကား ဝီးဝီးမို့
ပိုပြီး ပြေလည်၊ ပိုပြီး ကြည်တယ်
ဂျော်နီတို့ပွဲ၊ ဇိမ်ပါပဲကွဲ့
အောင်ပွဲ တို့ကို ကြိုနေတယ်။

ရေဒီယို သီချင်းသံ။     ။“ ဟေ့….ဟေ့ တို့ခေတ်ရောက်ပြီ၊ တို့ခေတ်ရောက်ပြီ”

ဂျော်နီ မော်လီ၊ မျက်စ ချီလျက်
ပရက်တီကယ်ခန်း ဝင်သွားတယ်။
( ကားလိပ် အလိုလို ကျ)

ဆရာ တင်မိုးက စင်မြင့်ပေါ်မှ တဆင့် ဤ ကဗျာကို အသံနေအသံထားကောင်းကောင်း၊ သရုပ်ဆောင် ကောင်းကောင်းနှင့် ရွတ်ဆို ရင်း ရှင်းပြသည့်အခါ စင်အောက်က စာပေဝါသနာရှင်များမှာ လက်ခုပ်သံမစဲအောင် အားပေးခဲ့ကြ၏။ ခေတ်ကို လှောင်ပြောင် သည့် ပြောင်မြောက်လှသည့် ကဗျာတပုဒ်အဖြစ် ထင်ရှားခဲ့ပါသည်။

* * * * *

“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်တွင် နိုင်ငံတကာ တော်လှန်ခေါင်းဆောင်များအပေါ် ကြည်ညိုစိတ်နှင့် ရေးဖွဲ့ သည့် ကဗျာကိုလည်း တွေ့ရသည်။ ဆရာက ဗီယက်နမ် မျိုးချစ် တော်လှန်ရေးခေါင်းဆောင် ဟိုချီမင်း ကို “ပူဇော်ခြင်း” ကဗျာတွင် ဤသို့ဖွဲ့ဆိုခဲ့၏။ (စာ-၅၈)

‘ ဟို ’ ၏ စိတ်မှန်၊ အမွေခံသော်
တော်လှန်ရေးများ၊ အောင်မည် တကားဟု
တအား တအင်၊ စိတ်မောင်း တင်လျက်
ဆင်သည် အောင်ပွဲ၊ အစဉ် နွှဲလိမ့်။

ထို့အပြင် ၁၉၆၉ ခု၊ သြဂုတ်လ ၁၆ ရက်နေ့စွဲနှင့် ရေးခဲ့သည့် ကဗျာတပုဒ်။ ကျနော်က မျက်စိမှားသလား ဆိုပြီး အသေအချာ ဖတ်မိ ပါသေးသည်။ လေးလုံးစပ်လင်္ကာ စပ်နည်းကို ချိုးဖျက်ပြီး ရေးဖွဲ့သည့် ကဗျာတပုဒ်။ ဤ ကဗျာစာအုပ်တွင် သည်ကဗျာတစ်ပုဒ်မှ လွဲပြီး ကျန်ကဗျာအားလုံးမှာ လေးလုံးစပ်ကဗျာ၊ အချိုးကဗျာများဖြစ်ကြ၏။ ထို့ကြောင့် သည်ကဗျာကိုလည်း ကျနော့်မှာ ထူးထူးခြား ခြား မှတ်သားမိပြန်သည်။ ထိုစဉ်အချိန်က မြန်မာကဗျာလောကတွင် ခေတ်ပေါ်ကဗျာ ထွက်ပြူစအချိန်။ လေးလုံးတပါဒ ကဗျာစပ်နည်းကို ဖျက်ကာ စကားလုံးအရေအတွက် ကန့်သတ်ချက်မရှိသည့် ကဗျာစပ်နည်း နည်းသစ်ကို အားယူနေသောအချိန်။ ဆရာ တင်မိုးက ထိုနည်းသစ်ကို လက်ခံကြိုဆိုရေးဖွဲ့ခဲ့သည်ကို တွေ့ရသဖြင့် ဆရာ့ ရင်ခုန်သံမှာ ခေတ်ပေါ်နရီနှင့် ကိုက်ညီအောင် ကျင့် သုံးနိုင်စွမ်း ရှိပါတကားဟု ကျနော့်မှာ မုဒိတာ ပွားရပြန်တော့သည်။ ဆရာက “မင်္ဂလာ လမ်းတဲ့ ရှင်”လို့ ခေါင်စည်းတတ်ထား သည့် ကဗျာတွင် လေးလုံးစပ်လင်္ကာသွားကို ချိုးဖျက်ကာ ခေတ်ပေါ်ကဗျာဟန်ဖြင့် ရေးဖွဲ့ခဲ့သည်ကိုလည်း တွေ့ရ၏။ (စာ-၅၄)

မြို့တော်ရဲ့ ကတ္တရာစေး လမ်းမကြီး ခမျာ
ဘတ်စ်ကား အချို့သာ အဖော် ရှိတော့တယ်။
အထီးကျန် ညဥ့်ဟာ
အပွင့်မဲ့တဲ့ သစ်ပင်အိုပါကွယ်။

* * * * *

ယခုအခါ ကဗျာဆရာကြီး တင်မိုး၏ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်ကို ကျနော် မိတ်ဆက်ဖော်ပြနိုင်ခဲ့သည်ဟု ယူဆ မိ ပါသည်။ ကျနော့်ဘက်က ကျနော်လေးစားချစ်ခင်ရသည့် ကဗျာဆရာကြီးကို ဤ စာဖြင့် ကန်တော့ခွင့် ရလိုက်ခြင်းဟုလည်း သဘောထားမိသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရခြင်း မရှိနိုင်သည်ကိုလည်း နိဂုံးချုပ်ဝန်ခံရန် ရှိပါသေးသည်။

ဆရာတင်မိုးက “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာကို စွန့်လွှတ်အနစ်နာခံခြင်း၊ ရဲရင့်ခြင်း၊ အမှောင်ကို အံတုခြင်း၊ အောင်မြင် ကျော်လွှားခြင်းတို့အပေါ် နှစ်ခြိုက်စွာ အိပ်စက်ပျော်ဝင်ခြင်း ဆိုသော အဓိပ္ပာယ်များနှင့် ရေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆရာက ယင်းစိတ်ဓာတ်ကို စာဖတ်သူများ လက်ခံကျင့်သုံးလာစေရေး ရည်ရွယ်ပြီး ရေးခဲ့၏။ သို့ သော် ယခု ဤ စာကို ရေးနေစဉ် အချိန်အထိမူ ကျနော့်မှာ ဆရာတင်မိုး၏ ဆန္ဒကို ဖြည့်ဆည်း လိုက်နာနိုင်ခြင်း မရှိသေးပါ။ ကျနော်သည်ကား ယခုအချိန်အထိ “နှင်းဆီပွင့်ပေါ် အိပ်ပျော်နိုင်စွမ်း” မရှိသေးကြောင်း မိမိကိုယ်မိမိ သုံးသပ် ဝန်ခံရမည်ဖြစ်ပါသည်။


စာအုပ်အမည်။    ။ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း
ရေးသူ။    ။ တင်မိုး
ထုတ်ဝေခုနှစ်။    ။ ၁၉၇၃ ဧပြီလ
ထုတ်ဝေသူ။    ။ ဒေါ်ကြည်ဝေ(ယုဝတီ ကြည်ဝေ) စိုးစံထိုက် စာစဉ်
အုပ်ရေ။    ။ (၄၀၀၀)

မှတ်ချက်။  ။ ၂၀၀၇ ခုနှစ် ဇန်န၀ါရီ လ၂၂ ရက် က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ် မြို့တွင် ကွယ်လွန် ခဲ့သည့် ကဗျာ ဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ ဤဆောင်းပါးကို ဖော်ပြပါသည်။

NLD ပြန်ကြားရေး မြန်ဆန်ရန် သတင်းနည်းပညာ သုံးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေး လုပ်ငန်းများ သွက်လက်မြန်ဆန်ရေး ၊ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရေးတို့ အတွက် သတင်းနည်းပညာ အသုံးပြုသွားရန် ပါတီတွင်း ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

“ပါတီလုပ်ဆောင်ချက်တွေကို အများသိနိုင်အောင် အွန်လိုင်းအသုံးပြုနိုင်ဖို့ ဥပဒေအထောက်အကူပြုအဖွဲ့တွေနဲ့ ညှိနှိုင်းနေပါတယ်။ မကြာမီမှာ လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်”ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ တွေ့ဆုံပွဲကို ကူညီပေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက“NLDဟာ သမားရိုးကျလမ်းကြောင်းကြီးကိုပဲ သွားနေတယ်။ ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲမှုတွေ သိပ်မလုပ်နိုင် ဘူး။ အင်တာနက်တင်မကဘူးဗျာ။မနေ့က ကျနော်တို့ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ တွေ့ရတာက  ရုံးလုပ်ငန်းတွေမှာတောင် 
ကွန်ပျူတာ ပြည့်ပြည်၀၀ မသုံးနိုင်သေးဘူး။ ဘာနဲ့တူလဲဆိုတော့ အစိုးရ ရုံးအိုကြီး တရုံးနဲ့ တူနေတယ်”ဟု ပြောသည်။

NLD ပါတီအနေဖြင့် ပါတီလူငယ်များ၏ လုပ်ဆောင်နိုင်စွမ်းကို ယုံယုံကြည်ကြည်နှင့် ညှိနှိုင်းလုပ်ဆောင်သင့်သည်ဟုလည်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်ကြားသလောက်ကတော့ ပါတီကလူကြီးတွေကလည်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတယ်။ လုပ်ခဲ့ရင် ပါတီက ထုတ်ပစ်တာတွေ ၊ ဘာတွေရှိတော့ လူငယ်တွေကလည်း ကျော်မလုပ်ရဲကြဘူး ။ ရုံးတွင်းအောင်းတဲ့ အလေ့အထတွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ ဒါတွေ ပြင်သွားလိမ့်မယ် ထင်ပါတယ်။ ပြင်လည်း ပြင်သင့်နေပါပြီ”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုအနက် အရပ်သားပါတီ အများစုသည်  ပါတီဖွဲ့စည်းပုံ ၊ ပါတီခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ ၊ ပါတီရပ်တည်ချက်များကို အင်တာနက်အသုံးပြုကာ ပြည်သူလူထုသိရှိစေရန် ထုတ်ပြန်လာကြသော်လည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှာမူ ယခုအချိန်ထိ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကိုယ်ပိုင် ၀ဘ်ဆိုက်ထောင်ထားသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက “ကျနော်တို့ လူကြီးတွေကတော့ အင်တာ နက်နည်းပညာနဲ့ အကျွမ်းမ၀င်ဘူး။ သို့သော်လည်း ပါတီက လူငယ်တွေက သူတို့ လုပ်ပေးမယ်ဆိုတော့ ကျနော်တို့က လည်း လုပ်ပေါ့။ ဘာတွေလုပ်ကြမယ် ၊ ဘာတွေ တင်ပြကြမယ်ဆိုတာကိုတော့ လူငယ်တွေက ကျနော်တို့နဲ့ ညှိနှိုင်းပါတယ်။ ဒီအတွက် လည်း ပါတီဝင်ထုအပြင် အခြားသော လူငယ်တွေကအစ ပါတီရဲ့လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန် သိလာကြ တာပေါ့”ဟု ပြောသည်။

ကနေဒါနိုင်ငံရှိ ဦးကျော်မြင့်နှင့်ပူးပေါင်းကာ ဦးသုဝေပါတီထူထောင်မည်ဆိုသော အင်တာနက် သတင်းကြောင့် ဒီမိုကရက်တစ်ပါတီ မထူထောင်မီကပင် ပါတီကို လူစိတ်ဝင်စားမှုရှိခဲ့သည်ဟုလည်း ဒီမိုကရက်တစ်ပါတီဝင်တဦးက ဆိုသည်။

“၀ဘ်ဆိုက်အတွက် လိုအပ်တာတွေ တင်တာ ချတာကို အများသုံးအင်တာနက်ဆိုင်တွေကပဲ လုပ်တာပါ။ မြန်မာ့ဆက်သွယ်ရေးမှာ အင်တာနက်အသုံးပြုခွင့် လျှောက်ထားပြီး သုံးစွဲဖို့ဆိုတာကလည်း ငွေရေး ကြေးရေးအရ မဖြစ်နိုင်သေးဘူးလေ”ဟု အဆိုပါ ဒီမိုကရက်တစ် ပါတီဝင်က ပြောသည်။

NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် သူမအနေဖြင့် အွန်လိုင်းမှတဆင့် လူထုနှင့်ထိတွေ့လိုကြောင်း ၊ ဒုတိယပင်လုံညီလာခံကိုလည်း တယ်လီ ကွန်ဖရင့် ဖြင့် ပြုလုပ်နိုင်မည့် နည်းလမ်းလည်း ရှိနိုင်ကြောင်း ၊ အင်တာနက်အသုံးပြုနိုင်ရေး တရားဝင် လျှောက်ထားသွားမည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်အတွင်း၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းအပြီး NLD ပါတီ နယ်ရုံးခွဲများကို စစ်အစိုးရက ပိတ်ပစ်ခဲ့ပြီး ရန်ကုန်ရှိ NLD ရုံးချုပ်ဖုန်းကိုလည်း ယခုအချိန်အထိ ဖြတ်တောက်ထား သည်။

“ကျနော်သိသလောက်တော့ ရွေးကောက်ပွဲဝင်ပါတီတွေအားလုံး အများသုံးအင်တာနက်ဆိုင်တွေကပဲ အသုံးပြုနေတာပါ။ ပါတီဝင် လူငယ်တွေကပဲ အွန်လိုင်းစာမျက်နှာတွေကို ဖွဲ့စည်းပေးနေကြတာပါ ၊ NLD အနေနဲ့လည်း ဒါမျိုးတွေလုပ်ဖို့သင့်ပါပြီ။ လုပ်မှသာ လည်း ပါတီလုပ်ဆောင်ချက်တွေ ပိုပြီး ထိရောက်လာမှာပါ ၊ ဆက်သွယ်ရေးရုံးက ခွင့်ပြုချက်ရဖို့ ထိုင်စောင့်နေမယ်ဆိုရင်တော့ မလွယ် ပါဘူး”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်ပြောဆိုသည်။

၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့ပြီးနောက် NLD ပါတီသည် အခမ်းအနားများကိုလည်း ဒုဥက္ကဌ ဦးတင်ဦးနေအိမ်သို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။

“မလိုအပ်ဘဲ ထိပ်တိုက်တွေ့မှုကို မပြုလုပ်ချင်တဲ့အတွက် ပါတီရုံးချုပ်မှာ အခမ်းအနားလုပ်တာတွေကို ခဏရပ်ထားခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ဥပဒေအရ တရားဝင်ပါတီဖြစ်တယ်ဆိုတာကို တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီးချိန်ကစ ပြီး ပါတီလုပ်ဆောင်ချက်တွေကို အကုန်ပြန်လုပ်နေပါပြီ”ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီ ပြန်ကြားရေးကော်မတီကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးခင်မောင်ဆွေက  ဦးဆောင်ခဲ့ သည်။

ထို့နောက် ဦးခင်မောင်ဆွေ ဦးဆောင်သော NLD အဖွဲ့ဝင်တချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့အင်အားစုအဖြစ် ပါတီ ထူထောင် ကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရာ ယခုအခါ NLD ပါတီ ပြန်ကြားရေးကော်မတီတွင် ဦးဉာဏ်ဝင်း ၊ ဦးအုန်းကြိုင် ၊ ဦးကြည်တိုးနှင့် လူငယ် တချို့ တာဝန်ယူထားကြောင်း သိရသည်။
 
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်
အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။
အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်