Tuesday, July 23, 2013

မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ

မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်မည့်သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးတာဖြစ်ပါတယ် ။

ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက်ပြီး Special Pass လျှောက်ထားရန်အတွက် တုံကင် ယူကာ ပြန်လည်ချိန်းဆိုးသောနေ့တွင် ဒဏ်ငွေ ၄၀၀ ရင်းဂစ်ပေးဆောင်ပြီး ချိန်ဆိုသောနေ့တွင်လေယာဉ်လက်မှတ်ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။

ယခုပြောင်းလဲလိုက်သော အစီအစဉ်အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား

ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်

သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။

သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများပေးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီဖြစ်ပါသည် ။

ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှစတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ တောင်းခံလိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်းသိရသည် ။

သို့ကြောင့် မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီဖြစ်သော်လည်း ပေးဆောင်ရမည့်ဒဏ်ငွေများမှာတော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ရေးသားတင်ဆက်ပေးရပါသည် ။

မလေးရှားရောက်မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy
www.edinooyin.com

GSM နည်းပညာ

ကျွန်တော်တို့သုံးနေကြတဲ့ GSM ဖုံးတွေဟာ ဆယ်စုနှစ် နှစ်စုကျော်လောက် ရှိနေပြီဖြစ်တဲ့ နည်းပညာတစ်ခုပါ၊ တည်ငြိမ်မှု အဆင်ပြေမှု ရနိုင်မယ့် ဆားဗစ် စတာတွေမှာ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်၊ တကမ္ဘာလုံးမှာလဲ
အသုံးအများဆုံးဖြစ်ပါတယ်၊ ဒီဆက်သွယ်ရေး နည်းပညာနဲ့ပါတ်သက်လို့ ထွက်ပေါ်လာတဲ့
သတင်းတစ်ခုက အကောင်းကြီးမဟုတ်လှပါဖူး။
Wireless communication နည်းပညာတွေမှာ လုံခြုံရေးဆိုတာ တော်တော်ကြီးအရေးကြီးလှသလို
Developer, Service Provider တွေအတွက်လဲ ခေါင်းခဲစရာတစ်ခုပါ၊ Wireless
ဆိုတဲ့အတိုင်း လေထဲကို ထုတ်လွှင့်လိုက်တဲ့ သတင်းအချက်အလက်တွေဟာ ဒီဆက်သွယ်ရေးနက်ဝပ်
ပေါ်မှာရှိတဲ့ သုံးစွဲသူတိုင်းကတနည်းနည်းနဲ့ရယူနိုင် ရောက်သွားနိုင်ပါတယ်၊
ဒါကြောင့် GSM communication မှာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုတဲ့အသံ၊ ပို့တဲ့
သတင်းအချက်အလက် စတာတွေကို ကာကွယ်ဖို့ A5/1 ဆိုတဲ့ Encryption
နည်းပညာတစ်ခုကိုသုံးပါတယ်၊ Encryption ဆိုတာကတော့ ပေးပို့တဲ့ သတင်းအချက်အလက်တွေကို
ကြားဖြတ်ယူလို့မရနိုင်အောင် လျို့ဝှက်ကုတ်ဒ်နံပါတ်တစ်ခု(key)နဲ့ ပြောင်းလဲ(Cipher)
လိုက်တာပါပဲ၊ ကြားဖြတ်ဖမ်းယူလို့ရခဲ့ရင်တောင် မူရင်းအချက်အလက်
ကိုရအောင်ပြန်ပြောင်းဖို့ မလွယ်ကူပါဘူး၊ မူရင်း လျို့ဝှက်ကုတ်ဒ်နံပါတ်နဲ့
ပြောင်းလဲတဲ့နည်းပညာကို သိမှ ရနိုင်တာပါ၊ ဒီ Encryption method နဲ့ KEY ကို
Developer/Service Provider တွေက ထိမ်းချူပ်ထားပါတယ်၊ ရုပ်ရှင်တွေထဲမှာ Cell
ဖုံးပြောဆိုမှုတွေကို ကြားဖြတ်နားထောင်တာ တွေဖူးမှာပါ၊ ဒီလိုလုပ်ဖို့ဆိုရင်
ကုန်ကျစရိတ်ရော အရွယ်အစားရော တော်တော်ကြီးတဲ့ (Military Grade) စက်ပစ္စည်းတွေနဲ့မှ
ရနိုင်တာပါ၊ (အကြမ်းဖျဉ်းပြောရရင် GSM Base station တစ်ခုစာလောက် စက်ပစ္စည်းတွေ
လိုပါတယ်)။
GSM association ဟာ A5/1 encryption standard ကိုလျို့ဝှက်ထားခဲ့ပါတယ်၊ ဒါပေမယ့်
researcher, hacker တွေရဲ့ တစတစ ဖေါ်ထုတ်မှုကြောင့် A5/1 ရဲ့အလုပ်လုပ်ပုံကို 1999
မှာ အားလုံးဖေါ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီနောက် မှာတော့ ဒီ encryption ကို crack
လုပ်ဖို့ researcher, hacker တွေဟာ ကြိုးစားကြပါတော့တယ်၊ တချိန်ထဲမှာ ဒီ A/51 ရဲ့
အားနည်းချက်တွေကို ထောက်ပြပြောဆိုမှု ပြင်ဆင်ဖို့ ဆော်သြ စုစည်းမှုတွေ ရှိပေမဲ့
Service Provider အများစုက မလိုက်နာတဲ့အတွက် မပြင်နိုင်ကြပါဘူး၊ ကြားထဲမှာ A/51
ကို crack လုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် public ကိုထုတ်ပြန်ခြင်းမရှိခဲ့သလို
real time attack မဟုတ်ပဲ offline attack တွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်၊ real time
attack ဆိုတာကတော့ ဖုံးပြောဆိုမှုတစ်ခုကို အချိန်နဲ့တပြေးထဲညီ
ကြားဖြတ်နားထောင်နိုင်တာမျိုးကိုဆိုလိုတာပါ၊ Offline attack ဆိုတာကတော့
အချက်အလက်အားလုံးကို ကြားဖြတ်သိမ်းဆည်းထားပြီး ပြီးမှပြန်လည်ဖေါ်ထုတ်ယူတာပါ။

2009, December မှာ ဂျာမန်ကွန်ပျူတာအင်ဂျင်နီယာ Karsten Nohl ရဲ့ A5/1 security research အဖွဲ့ကနေ A/51 ကို crack လုပ်တဲ့ Method, Program, Algorithm , အားလုံးကို
ထုတ်ဖေါ်ပြသခဲ့ပါတယ်၊ အရင်ကထက်စာရင် လိုအပ်တာက FPGA (Field Programmable Grid
Array) devices, ကွန်ပျူတာတစ်လုံးနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲ ပါပဲ၊ အရင်လို
ဗင်ကားတစ်စီးစာလောက် စက်ပစ္စည်းတွေ မဟုတ်တော့ပါဘူး၊ FPGA ဆိုတာကတော့ ကျောင်းတွေ၊
research lab တွေမှာသုံးတဲ့ လိုအပ်သလို functions တွေကို ပရိုဂရမ်လုပ်နိုင်တဲ့
ကွန်ပျူတာ chip တွေပါ၊ ဈေးနှုံးလဲ မကြီးလှပါဘူး၊ System setup အားလုံးဟာ $1000
အောက်ပစ္စည်းကုန်ကျစရိတ်သာရှိပြီး အလွယ်တကူလဲဝယ်ယူနိုင်ပါတယ်၊ Live GSM
conversation တစ်ခုကို မိနစ်ပိုင်းအတွင်းမှာ crack လုပ်နိုင် လိုအပ်တဲ့ key, ID
စတာတွေကို ဖေါ်ထုတ်နိုင်ပါတယ်လို့ ဆိုပါတယ်။

Black Hat, CHAOS စတဲ့ ကွန်ပျူတာကွန်ဖရင့်တွေမှာ ဖေါ်ထုတ်ပြသပြီးနောက်မှာ GSMA ဟာ service provider တွေကို လိုအပ်တဲ့ security key တွေကိုကန့်သတ်ဖို့နဲ့ ပိုပြီး လုံခြုံတဲ့ A5/3 encryption
ကို သုံးဖို့ ပြောဆိုခဲ့ပါတယ်၊ A5/3 ဟာ 3G အတွက်ရည်ရွယ်တဲ့ နည်းပညာဖြစ်ပြီး
128bits key ကိုသုံးပြီး A5/1 ဟာ 64bits ကိုသုံးပါတယ်၊ Encryption သဘောတရားအရ key
length ပိုရှည်ရင် ပိုပြီး လုံခြုံပါတယ်၊ ထုတ်ဖေါ်တဲ့အခါလဲ ပိုပြီး အချိန်ယူရပါတယ်၊
ပြသာနာက ထုနဲ့ထည်နဲ့ ရှိနေတဲ့ GSM network တွေဟာ လိုအပ်တဲ့ ပြောင်းလဲမှုကို
လွယ်လွယ်ကူကူ လုပ်လို့မရနိုင်ပါဘူး၊ တချို့ စနစ်တွေဟာ A5/3 ကို support
မပေးနိုင်သလို hardware encryption တွေရဲ့ သဘောသဘာဝဟာ လွယ်လွယ်ကူကူ ပြောင်းလို့ မရပါဘုး၊
Researcher တွေက A5/3 ဟာလဲ ထိုးဖေါက်ခံရဖို့ အချိန်မကြာလောက်ဘူးလို့
ခန့်မှန်းကြပါတယ်၊ မကြာလှပါဘူး Israel’s Weizmann Institute of Science က
researcher တွေကနေ A5/3 ကို နှစ်နာရီအတွင်း crack လုပ်နိုင်ကြောင်း 2010
နှစ်စပိုင်းမှာ ပြသခဲ့ပြန်ပါတယ်။

GSM community တစ်ခုလုံးကတော့ အကာအကွယ်မဲ့သွားပါပြီ၊ ဘယ်သူမှ ကိုယ့်ဖုံးလိုင်းကို ကြားဖြတ်နားထောင်မှာ သဘောကျကြမှာ မဟုတ်ပါဘူး၊ Reviewer တွေကတော့ အခိုက်အတန့် စိုးရိမ်စရာ
မလိုသေးကြောင်း ပြေဆိုနေကြပါတယ်၊ အရေးကြီး ဖုံးဆက်သွယ်မှုများအတွက် သံသယရှိရင် user
level encryption, ဒါမှမဟုတ် CDMA ဖုံးကိုသာ သုံးစွဲဖို့ အကြံပေးထားပါတယ်၊ ဒါကလဲ
GSM vs CDMA ပြိုင်ပွဲမှာ CDMA အတွက် တကွက်ကြောစရာ ဖြစ်လာလေဦးမလား ယူဆကြပါတယ်၊
GSMA, Developer, Network Supplier, Industries တွေအတွက် ခေါင်းခဲစရာ ဖြစ်နေသလို
ဘာတွေဆက်လုပ်ကြဦးမလဲစောင့်ကြည့်ရပါဦးမယ်။