Thursday, August 15, 2013
Huawei ဖုန်းတွေရဲ့ Unlock Code တွေကို Double Click နှိပ်ရုံနဲ့ သိအောင်လုပ်ပေးမယ်
Post Admin - မောင်ပေါက်
Huawei ဖုန်းတွေရဲ့ Unlock Code တွေကို Double Click နှိပ်ရုံနဲ့ သိအောင်လုပ်ပေးမယ့် ဆော့ဝဲတစ်ခု တင်ပေးလိုက်ပါတယ်... IMEI နံပါတ်ကိုထည့်ပြီး Generate ကိုနှိပ်လိုက်ရုံနဲ့ Unlock Code ကိုဖေါ်ပြပေးမှာပါ.. Huawei တွေ အတွက်ပဲနှော်.. နောက်ဆုံးထွက်အားလုံး ရ၊ မရတော့ မသိဘူး..
ကဲပြောနေကြာတယ်.. ဒေါင်းကြပေတော့ဗျို့..
မောင်ပေါက်
Download Links:
Android သုံးသူများအတွက် သိသင့်သည့် Code များ
Backup လုပ်ရန်
*#*#273283*255*663282*#*#* -  {Backup လုပ်ရန်}
Service mode သို့ဝင်ရန်
*#*#197328640#*#* - {Service Mode သို့ဝင်ရန်}
Reset လုပ်ရန်
*2767*3855# –  {Factroy reset လုပ်ရန်}
 (မှတ်ချက် - reset လုပ်လျှင် မှတ်ထားသော အကြောင်းအရာများ၊ setting များ အကုန်ပျက်မည်။)
*#*#7780#*#* - {Factory Data reset လုပ်ရန်}
(မှတ်ချက် - Factory Data reset ပြုလုပ်လျှင် ဖုန်းထဲရှိ Google Account setting၊ install လုပ်ထားသော application၊ phone memory ထဲတွင် သိမ်းထားသော ဖုန်းနံပါတ်များ၊ ဖုန်းထဲတွင် Download ပြီး ဖုန်း memory ထဲတွင် သိမ်းထားသော game & application အားလုံးပျက်မည်။)
Phone information ပိုင်းကြည့်ရန်
*#*#4636#*#*- {battery information & history, phone information, usage statistics}
ဂန္ဒီ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 
====================၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။
၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။
၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။
၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။
၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။
1. Live as if you were to die tomorrow. Learn as if you were to live forever.
2. An eye for an eye only ends up making the whole world blind.
3. A man is but the product of his thoughts what he thinks, he becomes.
4. The greatness of a nation can be judged by the way its animals are treated.
5. First they ignore you, then they laugh at you, then they fight you, then you win.
Via:douknow
International news for myanmar
Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြုနည်း
ယ္ခု နောက်ပိုင်း အသုံးများနေတဲ့ Modeal တစ်မျိုးပါ တန်ဖိုးနည်း လိုင်းကတ်ဖြစ်သော 1500 တန် များအသုံးများနေကြတာတွေ့မြင်ရပါတယ်။
Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြု လို့ ရပါတယ်
Firmware ဟြေင်းလဲပြီးတော့ တင်ကြည့် ရအောင် ဗျာ ..။
ဒီနေရာမှ Download ဆွဲလိုက်ရအောင်ဗျာ
http://cn.ui.vmall.com/nsp/geturl.php?path=C8813_EmotionUI_1.6_V100R001C00B606.zip&validate=JJC7rmA39rKMaNvVN&pid=187
မိမိ ဒေါင်းလော့ဆွဲလို့ ရလာတဲ့ အထဲ မှ . Zip ကို ဖြည် လိုက် ရင် dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
အရေးကြီးတာကတော့ Firmware တင်ဖို့ကအဓိက SD card ကောင်းကောင်းတစ်ကဒ်လိုပါတယ်။
ဘာလို့လဲဆိုတော့ သင် Firmware ဖိုင်ကို ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်းစသည့် အခြေအနေ များကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ဖုန်းအား Power ပိတ်လိုက်ပါ။
ပီးရင် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
ခုနက zip ဖိုင်ဖြည် ချထားတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင်
System Setting > Storage> Software Upgrade> SD card upgrade> Select “OK”
ပေးလိုက်ပါ။
Restart ကျသွားပါလိမ့်မယ်။
သူအလိုလို အလုပ်လုပ်ပါလိမ့်မယ် - Step 1> Step2 > Step 3
ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။
Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
Restart ထပ်ကျပြီး ပြန်တက်လာလျှင် Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြုနိုင်ပါပြီ။
***************
Zealot Myatko
Saturday, August 10, 2013
ANDROID ဖုန်းများကို PC SUITE ဆော့ဖ်ဝဲဖြင့် VERSION မြှင့်ခြင်း၊ APPS များ INSTALL လုပ်ခြင်း
 မကြာခဏ မေးမြန်းနေကြတဲ့ သူငယ်ချင်းများ၊ဖုန်းချစ်သူများအတွက် ဒီပို့စ်လေးကို ရေးလိုက်ရတာပါ။ 
မိမိဖုန်းကို Version မြှင့်ချင်လို့ Firmwares တွေကိုဒေါင်းလုပ်ယူ၊အင်စတောလုပ်ကြနဲ့ တချို့(အနည်းငယ်)
သာ အဆင်ပြေကြပြီး တချို့ဖုန်းတွေ အဆင်မပြေတဲ့အပြင်ဖုန်းက ဖွင့်လိုက်ရင်ဘာမှကို ပေါ်မလာတော့
ပါ။
ဘာကြောင့် အဲလိုဖြစ်ရတာလဲဆိုတော့ မတန်တဆ လောဘတကြီး Version ကိုမြှင့်လိုက်တဲ့အတွက်ပါ။
ဖုန်းက Android Version 2.1 ကို Firmwares နဲ့ Version 4.0 ကိုတခါထဲမြှင့်လိုက်ရင် ဖုန်းထဲမှာရှိနေတဲ့
Chipset နဲ့ မူလ System တွေက ကမောက်ကမ ဖြစ်ပြီး အလုပ်မလုပ်တော့တဲ့ အတွက်ဖုန်းကိုဖွင့်လိုက်ရင်
Screen မှာဘာမှပေါ် မလာနိုင်တော့ပါ။ဖုန်းကလဲ အမှိုက်ပုံးထဲ သာ ထည့်လိုက်ရမှာဖြစ်ပါတယ်။ဒီနေရာမှာ
နားလည်လွယ်အောင် ဥပမာတခုနဲ့ပြောပါရစေ..။ဥပမာ..ပေါင်ချိန် ၅၀-သာထမ်းနိုင်တဲ့လူတယောက်ကို 
ပေါင် ၃၀၀ လောက်ထမ်းခိုင်းလိုက်ရင် မထမ်းနိုင်တဲ့အပြင် နေရာကတောင် ထနိုင်မှာ မဟုတ်ပါဘူး။အဲဒီ
သဘောတရားလေးအတိုင်းပါဘဲ။
ဒီတော့..ဖုန်းချစ်သူများ အဲလိုမဖြစ်ကြရအောင် PC Suites များကို သုံးပြီး Update လုပ်နိုင်တဲ့ Versions များနဲ့ တခြားလိုချင်တဲ့ ဆော့ဝဲများကို အင်စတောလုပ်ကြပါလို့အကြံပေးချင်ပါတယ်။
PC Suites တွေကို ဘယ်လိုသုံးမလဲ ဆိုရင်.....
(၁) မိမိဖုန်းမှာ Internet Connection ကို ဖွင့်ထားပါ။
(၂) Setting ကိုဝင်ပြီး USB Debugging ကိုအမှန်ခြစ်ပေးထားပါ။
(၃) USB Cable ကိုအသုံးပြုပြီး ဖုန်းကို Computer နဲ့ချိတ်ဆက်ပါ။
(၄) Computer မှာအင်စတောလုပ်ထားတဲ့ PC Suite ကအော်တိုတက်လာပြီး ဖုန်းကို PC နဲ့ Connect လုပ်
     ပေးပါလိမ့်မယ်။
(၅) PC Suite မှာမိမိဖုန်းရဲ့ အမျိုးအစားနဲ့ Version ပေါ်လာရင် မိမိဖုန်းအတွက် အခုဗားရှင်းထက်မြင့်တဲ့ဗားရှင်း
     Update လုပ်ဖို့ပြနေရင် အဲဒါကို အင်စတော အရင်လုပ်ပါ။(အနဲဆုံး နာရီဝက်မှတနာရီထိကြာနိုင်ပါတယ်။)
(၆) ပြီးရင် ဆော့ဝဲကဖုန်းကို Reboot လုပ်ပေးပါမယ်။
(၇) ဖုန်းပြန်ပွင့်လာရင်မိမိ ဖုန်းရဲ့ ဗားရှင်းကိုပြန်ကြည့်လိုက်ပါ။နဂို Version ထက်မြင်တဲ့ Version ကိုတွေ့ရမှာပါ။
     တလကို ၂-ကြိမ်ခန့် Update Version ရှိ၊မရှိ စစ်ကြည့်ပြီးတဖြေးဖြေးချင်း ဖုန်း Version ကိုမြှင့်ယူပါ။တခါထဲနဲ့ တော့ မြှင့်လို့မရပါ။နည်းစနစ်လဲ မကျပါ။ဖုန်း ပျက်ဖို့ကတော့သေချာပါတယ်။(ပိုက်ဆံအရမ်းပေါနေရင်တော့
     လုပ်နိုင်ပါတယ်)
(၈)ပြီးမှ ကိုယ်လိုချင်တဲ့ Apps များကိုတစ်ခုချင်း အင်စတောလုပ်ယူနိုင်ပါပြီ။
                      Android ဖုန်းများအတွက် PC Suites များ
           MOBOROBO       Download Link
           MOBOGENIE       Download Link 
          Huewai CDMA       Download Link
 Credit : David Aung
Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ Pro Myankey V2.0 Beta 5 For Android
Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်
MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ
တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။ 
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။
( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့ 
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။
သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )
" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ 
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 
အားလုံးပဲ အဆင်ပြေကြပါစေ.... ။
Huawei Company HomepageHuawei Device Homepage
မြန်မာ Offline Map ပါတဲ့ Android App
Install လုပ်ပြီးရင် အင်တာနက်ဖွင့်ပါ.. ပြီးရင် Location and Security ထဲက GPS ကို အမှန်ခြစ်ပါ.. ပြီးရင် ဒီကောင့်ကို ဖွင့်ပြီးတော့ အောက်နားက မြားအောက်စိုက်ပုံကို ဖွင့်ပါ.. ပြီးရင် Asia ထဲကို ၀င်လိုက်ပါ.. Burma ကိုရွေးပါ.. ဒါဆို မြန်မာတစ်နိုင်ငံလုံးကို ဒေါင်းနေပါပြီ.. ဒေါင်းပြီးရင်တော့ အင်တာနက်ပိတ်ပြီး offline သုံးနိုင်ပါပြီ..
Free Download From 4shared or Hotfiles 
 Google Play မှာလည်း သွားဒေါင်းနိုင်ပါတယ်.. ဒါဆိုရင်တော့ ပိုက်ပိုက် ပေးရမှာပေါ့ :P
G510-0010,Y300,C8813 Easy Root Tool Kit
ဒီ Tool လေးကတော့ G510,Y300,C8813 တို့ကို ၃မိနစ်အတွင်း Root လုပ်နိုင်မှာပါ…
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..
Download Here
ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..
Screenshot - 3_14_2013 , 3_39_40 PM
ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ Ready To Root ကိုနှိပ်ပြီး
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..
မိမိတို့နှစ်သက်သော ဘလော့ဆိုဒ်များအား Android ဖုန်းများတွင် Online/Off line ကြည့်နိုင်ရန် APK လုပ်ယူနည်း
hlaingmoeko ko at လမ်းပြကြယ်တံခွန် - 6 hours ago
မင်္ဂလာပါနော်... အခု တင်မည့်နည်းလမ်းလေးကတော့ ဘလော့ကာ များစွာကို ဘလော့ပေါင်းများစွာကို မိမိတို့ ဖုန်းကနေ* online/ off line * ကနေအဆင်ပြေစွာ ဖတ်ရှုနိုင်ဖို့ apk လုပ်နည်းလေးကို မျှဝေမှာ ဖြစ်ပါတယ်.... နည်းလမ်းလေးကတော့ တော်တော်များများ သိနေကြပြီးဖြစ်ခြင်ဖြစ်နေမှာပါ ဒါပေမယ့် မသိသေးသော မိတ်ဆွေများအတွက် ရည်ရွယ်ပြီးးး ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်.... ကဲစကြမယ်နော် အဆင့်လေးတွေအလိုက် ပုံလေးတွေနဲ့ သေသေခြာခြာ ရှင်းပြပါ့မယ်..... ပထမဆုံး မိမိတို့ လုပ်လိုသော ဆိုဒ်ကို ဖွင့်လိုက်ပါ..... ဥပမာ ကျနော် ဆိုဒ်တစ်ခုနဲ့ နမူနာထား ပြသွားပါ့မယ်....နော် http://www.herostown.blogspot.com ကိုဖွင့်လိုက်ပါ... more »
9 Aug Labels: Other ညောင်ရွက်ကိုသုံးပြီး ဖုန်း Battery ကိုအားဖြည့်နည်း
သိတဲ့လူတွေလဲသိကြမှာပါ..ကျနော်ကတော့အခုမှသိလာလို့ သိသိချင်းဘဲတင်ပေးလိုက်ပါတယ်..အတူတူ ကလိကြတာပေါ့..ရလဲအမြတ်..မရလဲ ဗဟုသုတပေါ့ဗျာ..ကဲ ဘယ်လိုလုပ်မလဲဆိုတော့ ညောင်ရွက် လတ်လတ်ဆက်ဆက် နှစ်ရွက်ကို ခူးလိုက်ပါ..Phone Battery ရဲ့ ထိပ် ကြေးပြားလေးတွေကိုအ၀တ်နုနု သန့်သန့်နဲ့ ညင်ညင်သာသာပွတ်ပြီး အညစ်အကြေးများကိုရှိရင်ရှင်းလိုက်ပါ..ပြီးတာနဲ့အပေါ်ပုံမယ်ပြထား တဲ့အတိုင်း ညောင်ရွက် အရင်းကိုင်းလေးနဲ့ မိနစ်အနည်းငယ်လောက်ထိထားပါ..ပြီးတာနဲ့ဖုန်း Battery ကိုပြန်ထည့်ပြီးဖုန်းပါဝါဖွင့်ကြည့်လိုက်ပါ..ဒါဆိုရင် Battery အားဖြည့်နေတာကိုတွေ့ရပါမယ်တဲ့..ကဲစမ်းကြစို့ ဗျာ။ *Myanmar IT Helper*
Thursday, August 8, 2013
၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်
hlaingmoeko ko at လမ်းပြကြယ်တံခွန် - 3 days ago
၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက် ============================== အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။ www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား အွန်လိုင်းမှ ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိသော တန်ဖိုးနည်း GSM ဖုန်းများအတွက်လည်း ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ GSM MEC Tel - CDMA 800 MHz မိုဘိုင်းကွန်ရက်အတွက... more »
ခြေလက်အတု အခမဲ့တပ်ဆင်ပေးခြင်း လူထုအတွင်း ကျယ်ပြန့်စွာသိအောင် ဆောင်ရွက်မည်
အခမဲ့ ခြေတုလက်တုတပ်ဆင် ပေးခြင်းကို လူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေ နီ အသင်းမှ သိရသည်။ ''တချို့က သိလို့လာကြတာရှိ တယ်။ မသိတဲ့လူတွေလည်းမလာနို င်ကြ ဘူး။ အဲဒီတော့ တစ်ရာရှိရင် တစ်ရာ လုံး လာနိုင်အောင်လို့ပါ'' ဟု မြန်မာ...
Sunday, August 4, 2013
IP သိရုံနဲ့ နေထိုင်တဲ့ မြို့ကိုပါ ဖော်ပြပေးမယ့် ဆော့ဝဲ
ISP Tracer / IP Look Up Tool / Great For Doxing
IP သိရုံမျှဖြင့် နေထိုင်တဲ့တိုင်းပြည်၊ လူမျိုး ၊ မြို့နယ်ကအစနောက်ထပ်အများကြီးကို
ဖော်ပြပေးတဲ့ဆော့စ်ဝဲပါ။မိမိရဲ့ဆိုဒ်မှာ ဘာညာသာရကာလာပြောသွား တဲ့လူတွေကိုဒါလေးနဲ့
ကြည့်ရအောင်။နောက်ထပ်ဘာတွေသိနိုင်သေးလဲဆိုတာအောက်မှာဖတ်ကြည့်ပါ။
This tool is for tho's who are coming here wondering why my program is called Abalam's ISP Tracer. Well my username use to be Abalam. Duhh ! Any ways to all tho's people who are on this thread and are saying that this is stupid or that this is useless. Then dont download it and leave my thread. This did take some time to create believe it or not. I was told that this whole project was shit. And for awhile I thought so to I made this for fun. And then just kept messing with it trying to improve it.
It Shows This Info From IP :
IP
Country
City
Country Code
Currency Code
Region
Region Code
City Code
Is Proxy
World Section
Capital City
Nationality
Population
Time Zone
Currency
Cordinates 
               Download  | Zippyshare | Dropbox
                   ရန်ကုန်သား(နည်းပညာမြို့တော်)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
ကိုယ်မသိတဲ့ ဖုန်းနံပါတ်နဲ့ ဆက်သွယ်လာသူဘယ်သူလဲ ရှာဖွေကြည့်ရအောင်... ******************************
*************************
ဒီနည်းက မြန်မာနိုင်ငံရဲ့ဖုန်းနဲ့ အဆင်ပြေ၊ မပြေ မသိရသေးပေမယ့် စမ်းသပ်သင့်တဲ့နည်းလမ်းမို့ အားလုံးသိအောင် တင်ပေးလိုက်ပါတယ်.. Online နဲ့တွဲသုံးတဲ့ဖုန်းဆိုရင်တော့ ရကောင်းရနိုင်တဲ့ နည်းဖြစ်ပါတယ်.. ခုလေးပဲ ဖတ်ပြီး တင်ပေးလိုက်တာပါ.. ကျွန်တော် Online မှာ စမ်းတာကတော့ အဆင်မပြေသေးဘူးဗျ. ဘာလိုနေလဲမသိ.. ကဲ လုပ်နည်းလေး ပြောပြပါမယ်.. ကိုယ့်ဆီကို ဘယ်သူမှန်းမသိဘဲ ဖုန်းတစ်လုံး ဝင်လာတယ်ဆိုပါတော့.. အဲဒီဖုန်းကို မှတ်ထားပြီး-
PC နဲ့ Online မှာသုံးနေရင်
1. http://www.truecaller.com/ ကို သွားပါ.. Enter Phone Nunber ဆိုတဲ့အကွက်မှာ ဖုန်းနံပတ်ကို နိုင်ငံ ဧရိယာကုဒ်နဲ့တွဲထည့်ပေးလိုက်ပါ.. ဥပမာ.. +95912345678 ပေါ့ဗျာ.. ပြီးရင် Enter ခေါက်လိုက်ပါ..
2. ခုရောက်လာတဲ့စာမျက်နှာမှာတော့ login ဝင်ပေးရမှာဖြစ်ပါတယ်.. ကိုယ်လုပ်ထားတဲ့ ID တစ်ခုခုနဲ့ login ဝင်လိုက်ပါ.. Twitter, Facebook, Google, Yahoo အကောင့်တွေထဲက တစ်ခုခုနဲ့ login ဝင်ပေးရမှာဖြစ်ပါတယ်.. အကောင်းဆုံးကတော့ Facebook ပါလို့. စာရေးသူက အကြံပေးထားပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ Facebook က အသုံးအများဆုံးမို့လို့ဖြစ်ပါတယ်..
3. Login ဝင်ပြီးသွားပေမယ့် Facebook ထဲကိုရောက်သွားမှာမဟုတ်ပါဘူး.. http://www.truecaller.com/ ထဲကိုပဲပြန်ရောက်သွားမှာဖြစ်ပြီး ဖုန်းနံပတ်ကို နောက်တစ်ခါ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်.. ဒါဆိုရင်တော့ ကိုယ်သိချင်တဲ့သူရဲ့ တည်နေရာ၊ အချက်အလက်တွေကို သိနိုင်ပြီလို့ဆိုပါတယ်.. ကျွန်တော် စမ်းနေတာ ခုထိတော့ No Match Found ပဲ ပြနေပါသေးတယ်..
ဖုန်းနဲ့တိုက်ရိုက်သုံးမယ်..
1. ပထမဆုံးအောက်ကလင့်တွေမှာ ကိုယ့်ဖုန်းနဲ့သက်ဆိုင်တဲ့ Application တွေကို အရင် ဒေါင်းပြီး Install လုပ်လိုက်ပါအုံး..
http://www.maungpauk.org/2013/08/blog-post.html
2. ပြီးရင်တော့ App ကို Run လိုက်ပြီး ကိုယ့်နိုင်ငံဧရိယာကိုအရင် confirm လုပ်ရမှာဖြစ်ပါတယ်.. ပြီးရင်တော့ App ရဲ့ Main Screen မှာ ကိုယ်မသိတဲ့သူရဲ့ ဖုန်းနံပတ်ကိုရိုက်ထည့်ပြီး ရှာဖွေနိုင်ပြီဖြစ်ပါတယ်..
မှတ်ချက်။ နည်းလမ်း ၂ ခုလုံး.. Internet Connection ရှိဖို့လိုအပ်မှာဖြစ်ပါတယ်..
ဒီနည်းလမ်းကို လူတိုင်းစမ်းသပ်စေချင်ပါတယ်.. ဒါမှ ကိုယ့်ကို ဒုက္ခပေးမယ့် ဖုန်းသရဲတွေ၊ ခြိမ်းခြောက်သူတွေ၊ ဂုဏ်သိက္ခာကို စော်ကားနေသူတွေကို ဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်..
အဆင်ပြေကြပါစေ..
မောင်ပေါက် < Knowledge Note >
www.maungpauk.org
ဆးဖက်ဝင် နနွင်း
ဆးဖက်ဝင် နနွင်း
=-=-=-=-=-=-=
ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း စားသုံးနေကြသော ဟင်းလျာ အစားအစာများ ထဲတွင် နနွင်းသည် မပါမဖြစ် မရှိမဖြစ် လိုအပ်သော မြေအောက်ပင်စည် Rhizome ခေါ် ဟင်းခတ် အမွှေးအကြိုင် တစ်မျိုး ဖြစ်သည်။ နနွင်းကို ကျွန်တော်တို့ မြန်မာန...See more
SkyNet ရဲ့ ဂုတ်သွေးစုတ်တာကို မခံနိုင်တော့တဲ့ user တစ်ယောက်ရဲ့ အရောင်းကြေညာစာလေး
SkyNet ရဲ့ ဂုတ်သွေးစုတ်တာကို မခံနိုင်တော့တဲ့ user တစ်ယောက်ရဲ့ အရောင်းကြေညာစာလေး
အမြန်ရောင်းမည်။
ပြီးခဲ့သည့်နှစ်က ဒီလိုအချိန်တွင် ထိပ်ဖူးများလဲပြီး ပြည်သူဆီက ငွေကို နည်းလမ်းမမှန်စွာ မတရား ရယူဖို့ကြိုးစားခဲ့ပါသည်။ အားလုံးဝိုင်းဝန်းကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့ပါ။
ဒီနှစ်တွင် ပရီမီးယား ဘောလုံးပွဲထုတ်လွှင့်ခွင့်ကို မတန်တဆဈေးနှုန်းပေး၍ (ဖွင့်ဖြိုးဆဲ နိုင်ငံငယ်တစ်ခုအနေဖြင့် အမြင့်ဆုံးဈေး) အရယူခဲ့ပြီး ဆင်းရဲသားပြည်သူတွေထံမှ အနိုင်ကျင့် အကျပ်ကိုင် ဂုတ်သွေးစုပ်ဖို့ကြိုးစားနေပါသည်။
ထိုဒဏ်ကိုမနိုင်တော့ပါသဖြင့် ကျွန်ုပ်အိမ်တွင် တပ်ဆင်ထားသော Sky Net စက် အုပ်စုံလိုက် အမြန်ရောင်းမည်။
ပုံ။
ကျော်ကြီး
မူရင်း News of Myanmar
အေးချမ်းမွန် Credit To >> Classic Burma News << Thanks
Re-posted By ACM 2-8-2013
https://www.facebook.com/excellencemedia
Saturday, August 3, 2013
NoBloat (Android ဖုန်းတွေထဲက မလိုအပ်တဲ့ System App တွေ ဖျက်ချင်ရင်)
 ဖုန်းထဲမှာ မူလကတည်းကပါရှိတဲ့ ဖျက်မရ ရွှေ့မရတဲ့ App တွေကို ဖျက်ပေးနိုင်တဲ့ Software လေးပါ...။  Root လုပ်ထားတဲ့ Devices တွေမှာသာ အသုံးပြုနိုင်ပါတယ်။
ဖျက်မရ ရွှေ့မရတဲ့  System App တွေကို ဒီ NoBloat နဲ့ ဖျက်ပစ်နိုင်သလို Disabling and Enabling  လုပ်နိုင်ပါတယ်...။ 
 ပြီးတော့ ဘယ် System App ကို ဖျက်ဖျက် မဖျက်ခင်မှာ SD Card ထဲကို Backup လုပ်ပေးထားပါတယ်။ အဲ့ဒီအတွက် မှားဖျက်မိခဲ့ရင်တောင် အလွယ်တကူ ပြန်ပြီး Restore လုပ်နိုင်မှာပါ။   Android 2.2 နှင့်အထက် ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။
ROOT REQUIRED.
NoBloat lets you delete unwanted apps that come pre-installed with your phone. Simply select the bloatware that you want to get rid of and click delete. By default, NoBloat will automatically place backups on your external storage which you can restore at any time.
Remember, though: ALWAYS have a backup of your phone. Important features might break when deleting system apps.Using the blacklist in the full version, you can swiftly get rid of all bloatware after installing a new ROM. When wiping your phone's data, you can export your blacklist to import it on your new ROM.
You're advised to try the free version before buying. Not all ROMs allow NoBloat to work.
Free version features
* Disabling and enabling system apps
* Creating backups of system apps and restoring them
* Deleting system apps
Full version features
* Creating a blacklist of system app to delete
* Batch operation to backup/remove all blacklisted system apps
* Batch operation to enable all disabled system apps
* Batch operation to restore all backups
* Export your settings and blacklist to external storage to import them later
* Quickly find apps using the search functionality
Notes
* If you have issues uninstalling apps, try uninstalling the app's updates or enabling USB debugging.
* In order to use NoBloat you need root access. If you do not know what root access means, you probably don't have it.
* Be aware that in order to update your version of Android, you might need all original apps in place. It is advised to always have a backup of deleted apps or to just disable them so you can restore them later.
Disclaimer
* TVK Development cannot be held responsible for any damage you may cause.
* Removing critical apps can cause your phone to malfunction. Be sure to ONLY delete apps you know for certain aren't needed.
* Always have backups of your device's image.
* If you have any questions regarding the safety of actions using NoBloat, you're advised to contact TVK Development beforehand.
If you have any other suggestions, questions or issues, feel free to contact me and I'll do my best to respond asap. Please don't use reviews for complaints as I will be unable to respond to your issue.
Click Here to Download
Pixlr Express 1.3.3 APK for Android (ဓါတ်ပုံတွေ Edit လုပ်ဖို့)
    Android Device တွေ အတွက် Photo Editing လုပ်တဲ့ App လေးပါ ... ဓါတ်ပုံတွေ Edit လုပ်ဖို့အတွက် Tool  ပေါင်း (20) ကျော် ပါဝင်ပါတယ် ... ဝါသနာပါလို့ ကလိချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူကြပါ...။  Pixlr Express is the best free picture editing software for android device. This is a huge set of tools for downloading to your Android smartphone...
usb on မထား၊ CWM တင်မထား၊ root လုပ်မထားဘဲ recovery ရှိယုံနဲ့ huawei phone screen lock ကိုဖြည်မယ်
usb on မထား၊ CWM တင်မထား၊ root လုပ်မထားဘဲ recovery ရှိယုံနဲ့ huawei phone screen lock ကိုဖြည်မယ်=============================================အချိန်ကသိပ်မရတော့ တိုတိုနဲ့လိုရင်းကိုပဲ ပြောလိုက်တော့မယ်ဗျာ...အောက်မှာပေးထားတဲ့ zip ဖိုင်လေးကို sd ကဒ်ထဲထဲ့ပြီး သက်ဆိုင်ရာကီးကိုနှိပ်ပြီး recovery ထဲ ၀င်လိုက်ပါ။ ပြီးရင် update from sd card ကနေ ခုနဖိုင်လေးကို ရွေးပေးလိုက်ပါ။...
ဇူလိုင်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
လူငယ်နှင့် အချိန်
လူတစ်ယောက်၏ ဘ၀တွင် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ အသက်အရွယ် အပိုင်းအခြား သုံးမျိုးရှိပါသည်။ ထိုအရွယ်သုံးပါးတွင် ပထမအရွယ်ဖြစ်သည့် လူငယ်ဘ၀သည် အရေးအကြီးဆုံး အချိန်ဖြစ်ပါသည်။ လူတစ်ယောက်အား အဆောက်အအုံ တစ်ခုအဖြစ် သဘောထားလျှင် လူငယ်ဘ၀သည် ထိုအဆောက်အအုံ၏ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်သည်။ အုတ်မြစ်မခိုင်မာသော အဆောက်အအုံတစ်ခုသည် ခိုင်မြဲစွာ တည်တံ့နေစေရန် မစွမ်းသာပါ။ ထို့အတူ လူငယ်ဘ၀တွင် အခြေခံ မကောင်းခဲ့သော သူတစ်ယောက်သည်လည်း ဘ၀တစ်လျှောက်လုံးတွင် အောင်မြင်မှုများ ရနိုင်ရန် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ လူငယ်ဆိုသည်မှာ တစ်ချိန်တွင် တိုင်းပြည်၏ ဦးဆောင်သူများ ဖြစ်လာမည် ဖြစ်သည့်အတွက် လူငယ်များ၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ်ပင် ဖြစ်သည်။
လူငယ်ဘ၀တွင် အရေးကြီးဆုံး အရာသည် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးပင် ဖြစ်သည်။ အချိန်ဆိုသည်မှာ လူတစ်ယောက်အတွက် အစားထိုး ပြန်မရနိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူငယ်ဘ၀သည် အချိန်ကို ပေါပေါများများ ရရှိနိုင်သည့် အရွယ်ဖြစ်ပြီး ထိုအချိန်တွင် မိမိ၏ တန်ဖိုးရှိသော အချိန်များကို ကောင်းမွန်အကျိုးရှိစွာ အသုံးချရမည့်အချိန် ဖြစ်ပါသည်။ လူငယ်ဘ၀တွင် အချိန်ကို ကောင်းမွန်စွာ အသုံးချနိုင်မည် ဆိုပါက အောင်မြင်မှုများကို ရရှိခံစားနိုင်ပါသည်။ ထို့အတူ လူငယ်ဘ၀တွင် ရရှိခဲ့သော အချိန်များကို တန်ဖိုးမဲ့စွာ ဖြုန်းတီးခဲ့ပါကလည်း တစ်ချိန်ချိန်တွင် နောင်တတရား၏ နှိပ်စက်မှုဒဏ်ကို ခံစားရပါလိမ့်မည်။ အချိန်ကို အကျိုးမဲ့ ဖြုန်းတီးခြင်းသည် မိမိဘ၀ကို မိမိလက်ဖြင့် ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ယခုအခါတွင် လူငယ်အတော်များများသည် မိမိ၏ တန်ဖိုးရှိသော အချိန်များကို ဘ၀တိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးပြုရမည့်အစား အကျိုးမဲ့ ကိစ္စရပ် များစွာတွင် ဖြုန်းတီးပစ်လျက် ရှိနေသည်ကို ၀မ်းနည်းစွာ မြင်တွေ့ရလျက် ရှိသည်။ လူတိုင်းလူတိုင်းသည် မိမိကံကြမ္မာ မိမိဖန်တီးရသည်သာ ဖြစ်သည်။ ထို့အတွက် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုခြင်း မပြုခြင်းသည်လည်း မိမိ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သည်။ အချိန်ကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပါက ထိုအတွက် တန်ဖိုးကို ခံစားရမည် ဖြစ်သလို မိမိ ဖြုန်းတီးခဲ့သော အချိန်များအတွက် နှမြောတသ နေရမည်ကလည်း မိမိသာ ဖြစ်သည်။
အချိန်လွန်မှရသော နောင်တသည် ကောင်းကျိုးတစ်စုံတစ်ရာ မရှိနိုင်ပါ။ ကုန်ဆုံးသွားသည့် အချိန်များကို အစားထိုး ပြန်ရနိုင်မည်လည်း မဟုတ်ပါ။ ထို့ကြောင့် လူငယ်များ အနေဖြင့် ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ရောက်နေသည့် ရောက်ခဲ့သည့် သူတိုင်းသည် အချိန်ကို တန်ဖိုးရှိစွာ အသုံးချခဲ့သူများ ဖြစ်သည်ဆိုသည့် အချက်ကို သတိပြုရင်း အချိန်၏ တန်ဖိုးကို နားလည်သဘောပေါက်လာကာ အကျိုးရှိစွာ အသုံးချကြပါရန် The Daily Eleven နေ့စဉ်သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application
Saturday, October 13, 2012  ဝင်းကမ္ဘာကျော်
Screenshot No Root Shakeshot 
 ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application လေးပါ။
  install > open > accept > hide
ကိုယ်လိုချင်တဲ့ ပုံကို phone screen မှာပေါ်စေပြီး ဖုန်းကိုလှုပ်လိုက်ပါ။
  Download
ဖုန်း အမျိုးအစားတွေများတာကြောင့် အားလုံးအဆင်ပြေအောင် နောက်ထပ် နှစ်မျိုးပါတွဲတင်ပေးလိုက်ပါတယ်...။
(or)
GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
 GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
--------------------------------------------------------------------
Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင် Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာတွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊
Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း ( မြန်မာလို )
ကိုပြည့်ဖြိုး ( ပြည် ) ရေးသားတဲ့  Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း  မြန်မာလို စာအုပ်လေးပါခင်မျာ..လေ့လာလိုသူများအတွက် တင်ပေးလိုက်ပါပြီ..
Download => Link 1 / Link 2
မန္တလေးအနီး လယ်ဧကရာချီ တရုတ်ဝယ်
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော်နှင့် အနီးတစ်ဝိုက်ရှိ လယ်ယာမြေ ဧက ရာဂဏန်းခန့်ကို ယခုနှစ်ဆန်းပိုင်းမှ ဇူလိုင်လကုန်အထိ တရုတ်ဝယ်လက်များ ဝယ်ယူလျက်ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တူညီစွာ ပြောကြားသည်။ တရုတ်နိုင်ငံ၌ လယ် တစ်ဧကလျှင် မြန်မာငွေ ကျပ်သိန်း ၃၀၀ ခန့် ပေါက်ဈေးရှိပြီး မြန်မာနိုင်ငံ၌ တစ်ဧကလျှင် ကျပ် ဆယ်ဂဏန်းဖြင့် ဝယ်ယူရလွယ်သော လယ်ယာမြေ အကွက်များ ရှိခြင်းကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
kp3နည်းပညာ၊၂၅၈၊ဘလော့မှာ 3D မြေပုံနဲ့ Visitors တွေရဲ့နိုင်ငံကိုပြတဲ့ Widget လေးထည့်နည်း
ဒီမှာသွားပြီးသွားယူလိုက်ပါ။မိမိကြိုက်တာကိုရွေးပြီးအောက်က Code ကို
၁။Layout
၂။Page Element
၃။Add a gadget သွားမယ်၊အောက်က
၎။Html/java script မှာအောက်က Code ကိုထည့်လိုက်ပါ။
မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
လော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု
Friday, August 2, 2013
Androidဖုန်းတွေလေးနေတယ်ဆိုလို့ Ram Manager Pro v5.0.1လာပါပြီ
Androidဖုန်းတွေမှာ ခနခနကြုံတွေ့ ဖူးမှာပါ မိမိကApplicationတွေ GameတွေအများကြီးRunထားပြီးတော့ ဒီတိုင်းထားထားမျိုးတွေမှာ ဟန်း ဖြစ်သွားတတ်ပါတယ်
တစ်ခါလေကျရင် စိတ်တောင်မရှည်ဘူး ဟန်းနေတာကို အကြာကြီးထိုင်စောင့်နေရတယ်
ဘာမှလဲလှုပ်ရှားလို့ မရဘူး အဲဒါကြောင့်ဒီApkလေးကို သုံးလိုက်ရင်အဆင်ပြေမယ်လို့ ထင်ပါတယ်
ဒီမှာဒေါင်းလော့ရယူပါzippyshare
Google playမှာယူချင်ရင်နှိပ်လိုက်                     Adminခိုင်စိုး(ရောသမမွှေ)
မလေးရှားသို့ အခမဲ့ ဖုန်းခေါ်ဆိုမှု ကားများဖြင့် လှည့်လည်ဝန်ဆောင်မှုပေးနေ
မလေးရှားသို့ အခမဲ့ ဖုန်းခေါ်ဆိုမှု ကားများဖြင့် လှည့်လည်ဝန်ဆောင်မှုပေးနေ
မလေးရှားနိုင်ငံသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင် ရန် VMG Telecom
ကုမ္ပဏီလီမိတတ် က ဇူလိုင်လ ၉ရက်နေ့မှ ဩဂုတ်လ ၉
ရက်နေ့အထိ ကားများဖြင့် လှည့်လည်ဝန်ဆောင်မှုပေးမည်
ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။
» အပြည့်အစုံသို
ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဟောပြော
ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျရောက် သော ကမ္ဘာ့အသည်း ရောင်ရောဂါနေ့ အထိမ်းအမှတ်ဟော
ပြောပွဲကို ဇူလိုင် လ ၂၈ရက်နေ့၊ မန္တလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုဟောပြောပွဲ
ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အသည်းရောင် အသားဝါရောဂါ ဘီး၊ စီပိုးရှိသူများအား ရောဂါ
အကြောင်း သိရှိစေရန်နှင့် ကြို တင်ကာကွယ်တတ်စေရန် ရည်ရွယ် ကြောင်း ဒေါက်တာ ညိုမီခိုင်
သန်းလှိုင် က ပြောကြားသည်။
မြန်မာပြည်ကြီး ငြိမ်းအေးစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဇာဂနာဦးစီးကျင်းပခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး ပွဲတော်
မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ပထမနေ့ ဇူလိုင်က ၂၇ ရက်နေ့က တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ ဖျော်ဖြေဟန်။ ဓါတ်ပုံ-အောင်ဌေးလှိုင်မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ပထမနေ့ ဇူလိုင်က ၂၇ ရက်နေ့က တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ ဖျော်ဖြေဟန်။ ဓါတ်ပုံ-အောင်ဌေးလှိုင်
ကချင်စစ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေရရှိဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး
ပွဲတော်ကို ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ လူရွှင်တော် များစွာနဲ့ ပြီးခဲ့တဲ့ဇူလိုင် ၂၇ရက်နဲ့၂၈ ရက်နေ့တွေက
သုဝဏ္ဏအားကစားရုံမှာ စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဈေးရောင်းပွဲတွေလဲ ပါဝင်ခဲ့တဲ့ အဲဒီပွဲတော် ပထမနေ့၊ ၂၇ရက်နေ့မှာတော့ တေးသံရှင် ဇော်ပိုင်၊
မီးမီးခဲ၊ ချစ်သုဝေ၊ Big Bag၊ No U Turn၊ စောဖိုးခွား၊ လွန်းဝါ၊ ချမ်းချမ်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဗျောက်
အိုး၊Project One တို့က ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အားမာန်ပြည့်တဲ့ တေးသီချင်းတွေကို
Metal Zone တေးဂီတအဖွဲ့၊ Peace Music Group အဖွဲ့၊ Big Bag အဖွဲ့တိုနဲ့အတူ ဖျော်ဖြေသွား
ခဲ့ပါတယ်။
ပွဲအတွင်းမှာလည်း အလှူငွေများကို လက်ခံသလှိုSky Net မှ တိုက်ရိုက်လွှင့် ပေးနေတာဖြစ်လို့
ဖုန်းနဲ့တဆင့်လဒါန်းတဲ့သူများလည်း ရှိခဲ့ပြီး ထွန်းဖောင်ဒေးရှင်းဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ AGD Bank
တို့နဲ့လည်း ချိတ်ဆက်ထားတာကြောင့် ယင်းဘဏ်များနဲ့ ချိတ်ဆက်လဒါန်းသူများလည်း ရှိခဲ့
ပါတယ်။
အလှူရှင်များထဲတွင် လူတန်းစားပေါင်းစုံမှ လှူဒါန်းခဲ့ကြပြီး မြန်မာမူစလင်ကွန်ယက်မှလည်း
ငြိမ်းချမ်းရေးပွဲတော်အတွက် အလှူငွေများ လဒါန်းခဲ့ပေမယ့် လူရွှင်တော်တချို့ရဲ့ ပြက်လုံးများ
ထဲမှာတော့ တဖက်စောင်းနင်းကျတဲ့ ပြက်လုံးများကို ငြိမ်းချမ်းရေးပွဲတော်မှာ တွေ့မြင်ခဲ့ပါတယ်။
ဖျော်ဖြေပွဲ အစီအစဉ်တွေကြားမှာတော့ အစီအစဉ်တင်ဆက်သူများဖြစ်တဲ့ အရိုင်း၊ ငှက်ပျော်ကြော်
တို့နဲ့အတူ ဇာဂနာတို့က အလရှင်များစာရင်းကို ကြော်ငြာတာက ပွဲကြည့်ပရိသတ်တွေက ပွဲကြည့်
ရတာ အရသာပျက်ပေမယ့် သူတို့ကလည်း ရန်ပုံငွေပွဲပေမယ့် ကြေငြာရတာဖြစ်ပါတယ်။
လူရွှင်တော်များရဲ့ ပြက်လုံးများထဲမှာမှ ပရိသတ်လက်ခုပ်သံ အများဆုံးရခဲ့တာကတော့ သူတို့
ကိုယ်သူတို့ 'ပြည်သူက မွေးဖွားတဲ့အဖွဲ့ပါ' လို့ ပြောခဲ့တဲ့ ဟားငါးကောင်ပါပဲ။ အပြုသဘောဆန်တဲ့
ပြက်လုံးများက တိုင်းရင်းသားစည်းလုံးညီညွှတ်ဖို့ကို အရင်းခံပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများ
ကို အသံတု၊ ပုံစံတူနဲ့ လုပ်ပြသွားတာကလည်း ပရိသတ်သဘောတွေ့ခဲ့တဲ့ အကြောင်းအရင်းတစ်ခု
ဖြစ်ခဲ့ပါတယ်။
သဘင်ပညာရှင်ဖြစ်တဲ့ မိုးဝင်း၊ မိုးမင်း၊ ဟန်ဇာမိုးဝင်းတို့ကလည်း 'ငြိမ်းချမ်းရေးလိုတယ်' ဆိုတဲ့
သီချင်းကို တိုင်းရင်းသားမျိုးစုံရဲ့ အကများနဲ့ တေးသရုပ်ဖော်အနေနဲ့ ဖျော်ဖြေခဲ့ပြီး 'ငြိမ်းချမ်းရွှေပြည်
ရောဟိဏီ' ဆိုတဲ့ အော်ပရာကိုလည်း နန်းဝင်းက ဦးဆောင်က တင်ဆက်ပြသခဲ့ပါတယ်။
အစီအစဉ်များထဲမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆို
ချက်ပြောစကားကို ဗွီဒီယို Message အနေနဲ့ ပြသခဲ့ပါတယ်။ နောက်ထူးခြားတဲ့ အစီအစဉ်
ကတော့ တစ်ချိန်တစ်ခါက မြန်မာနိုင်ငံမှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ကျင်းပခဲ့စဉ်က
သခင်ကိုယ်တော်မှိုင်း ဦးဆောင်မှုဖြင့် အကယ်ဒမီမြတ်လေးရေးသားတဲ့ စန္ဒားချစ်ဆွေက
သံစဉ်ထည့်သွင်းပေးခဲ့ကာ ဦးခင်မောင်လွင်၊ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီးနဲ့ ဒေါ်မာမာအေးတို
့သီဆိုခဲ့ကြတဲ့ သီချင်းကို သူတို့ကိုယ်တိုင် ပွဲတွင် ဖျော်ဖြေခဲ့ကြပါတယ်။
နေတိုးနဲ့ သက်မွန်မြင့်တို့ကလည်း ကျော်ကိုကိုရေးစပ်ထားတဲ့ 'ငြိမ်းချမ်းရေးအာသီသ' ဆိုတဲ့
ကဗျာကို ရွတ်ဖတ်ပြခဲ့ပါတယ်။ ဇာတ်မင်းသားဖိုးချစ်ကလည်း 'ငြိမ်းချမ်းရေး နှစ်ပါးခွင်'ကို ကပြ
ဖျော်ဖြေခဲ့ပြီး အဲ့နောက်မှာတော့ မင်းမော်ကွန်း၊ ဖြိုးငွေစိုး၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မိုးပြည့်ပြည့်
မောင်၊ မိုးယုစံနဲ့ ယွန်းရွှေရည်တို့ အဓိကပါဝင်ထားတဲ့ စစ်ပွဲတွေရဲ့ကြားမှာ ပြည်သူနဲ့ ကလေးသူ
ငယ်များသာ မြေစာပင်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို ဖော်ဆောင်တဲ့ 'မြေစာပင်' ပြဇာတ်ကို
ဖျော်ဖြေခဲ့ပါတယ်။
၂၈ရက်နေ့မှာတော့ ပြည်သူကြိုက် အဖွဲ့နဲ့အတူ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ၀ိုင်းဝိုင်းတို့က သူတို့ရဲ့
အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့ဖျော်ဖြေခဲ့တဲ့အပြင် ဇာဂနာဦးဆောင်တဲ့ မြပုဏ္ဏအဖွဲ့ကလည်း ဖျော်
ဖြေပေးခဲ့ပါတယ်။
ရာသီသစ်အတွက် အသင့်ဖြစ်နေပြီလား ဆွမ်ဆီး
မိုးဇော်   |   
ဆွမ်ဆီးဆိုတဲ့ ဝေလကလပ်အသင်းက လွန်ခဲ့တဲ့
၂၀၁၁-၁၂ ဘောလုံးရာသီကပရီမီယာလိဂ်ကို တန်း
တက်လာတဲ့ နုနုငယ်ငယ်ကလပ်အသင်းလေးဖြစ်ပါ
တယ်။ အဲဒီရာသီတုန်းက တန်းပြန်ဆင်း ရမယ့်
အသင်းလေးအဖြစ် သတ်မှတ်ခံ ခဲ့ရပါတယ်။
ပလိပ် NLD ဥက္ကဌ ကွယ်လွန်ခြင်းနှစ်လ ပြည့်တော့မည်
သင်္ကြန်မတိုင်မှီက ဆိုင်ကယ်ခြင်းတိုက်မိရာမှ ကွယ်လွန်သွားခဲ့ရသော ပလိပ်မြို့  NLD ဥက္ကဌ ဦးချစ်ဆောင် အား ကျန်ရစ်သူမိသားစုများ နှင့်ထပ်တူ သူ၏ ပါတီဝင်များ အလုပ်သမားသမဂ္ဂများ မိတ်ဆွေအပေါင်းအသင်းများက လွမ်းဆွတ်လျှက်ရှိကြသည်။ ဦးချစ်ဆောင်သည် သူ၏ဘ၀တစ်လျှောက်လုံးတွင် စက်ရုံအရာရှိတစ်ဦးဖြစ်သော်လည်း နိုင်ငံရေးရပ်တည်ချက်ကိုသာ ဦးစားပေး နေထိုင်ခဲ့သူဖြစ်သည်။ (၈၈) အရေးအခင်းအတွင်း ပလိပ်ချည်ထည်စက်ရုံ ဥက္ကဌ တာဝန်၊ အထက်မြန်မာပြည် အလုပ်သမားများ သမဂ္ဂဗဟိုကော်မတီဝင် တာဝန်များ ကိုလည်း ထမ်းဆောင်ခဲ့သည်၊ ဖမ်းဆီးချုပ်နှောင် အရေးယူခြင်းကိုလည်း ခံခဲ့ရသူဖြစ်ပါသည်။ ဥက္ကဌကြီး ဆရာကြီးဦးချစ်ဆောင် ကောင်းရာ သုကတိလားပါစေ...။
Thursday, August 1, 2013
ကြော်ညာတွေကို Block ပေးတဲ့ App ကလေးပါ။
Posted by dingnoeizolen On 3:24 PM
ကျွန်တော်အခု Adblock အကြောင်းကိုတင်ခြင်ပါတယ် ဥပမာ Youtube ကိုကြည့်တဲ့အချိန် မှာကြော်ညာခဏခဏ လာတာကိုတွေရပါတယ် အဲဒီကြော်ညာတွေကို မလာနိုင်အောင် Adblock ဆိုတာလေးကို ကိုယ်ရဲ Web Browser မှာ App လေးကို Add ပေးလိုက်ရင်တော့ အဲဒီ App လေး ကကြော်ညာအကုန်လုံး Block မှာဖြစ်ပါတယ် Youtube တစ်ခုထဲမဟုတ်ပါဘူး Website အကုန်လုံး ရဲ ကြော်ညာတွေကို Block ပေးမှာပါ အရမ်းကောင်ပါတယ် စမ်းကြည့်ပါ။ https://adblockplus.org/ အပေါက Link ကို Click ပြီးတော့...
ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။
ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။
hlaingmoeko ko at လမ်းပြကြယ်တံခွန် - 8 hours ago
ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။ *(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)* *ဆရာတော်အရှင်အရိယဓမ္မ။* ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ သည်းခံရေး၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီး ခရစ်တော် ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရားများနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလို ဆ... more »
ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ
ကာလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ
၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ -------------------------------------------------- အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။ ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီည က မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။ စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီ အခန်းထဲမှာ နလပိန်းတုံးရှိ ရင်မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။ ကောလိပ်ကျောင်းသားဆြို... more »
ဂါရက်ဘေးလ်နေရာ ဆွာရတ်နှင့် အစားထိုးရန် စပါး ပြင်ဆင်
ဂါရက်ဘေးလ်နေရာ ဆွာရတ်နှင့် အစားထိုးရန် စပါး ပြင်ဆင်
Myanmar News Now at THIT HTOO LWIN - 4 hours ago
ဇူလိုင် ၃၁ ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေသော စပါးအသင်း ၏ တောင်ပံကစားသမား ဂါရက်ဘေးလ်အတွက် သတ်မှတ် ထားသော ပြောင်းရွှေ့ကြေးကို ရီးရဲလ်အသင်းက သဘောတူ လက်ခံပါက စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ်လီဗိုင်းသည် ဂါးရက်ဘေးလ် နေရာတွင် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ္စဆွာရတ်ကို အစားထိုး ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ်လီဗိုင်းသည် လီဗာပူးလ် တိုက်စစ်မှူး ဆွာရတ်ကို စပါးအသင်း နည်းပြဟောင်း ဟယ်ရီရက်နပ် လက်ထက် ကတည်းက အေဂျက်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားခဲ့ ခြင်းဖြစ်ပြီး ဂါးရက်ဘေးလ်အတွက် သတ်မှတ်ထားသော ပေါင် ၈၅ သန်းကို ရီးရဲလ် သဘောတူပါက အပြောင်းအရွေ့ စေ... more »
သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင့် လူ ၃၀၀ ခန့် သေဆုံး
သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင့် လူ ၃၀၀ ခန့် သေဆုံး
သစ်ထူးလွင် at THIT HTOO LWIN - 4 hours ago
http://www.myanmarnewsnow.org/
မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်တွင်ရှိသော သေမင်းတမန် တောင် မီးလန်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော လုပ်သားများအနက် လုပ်သား ၃ဝဝသည် ပုံစံတူရောဂါတစ်မျိုး ဖြင့် သေဆုံး ခဲ့ကြောင်း အသက် ဆုံးရှုံးခဲ့သည့် အလုပ်သမားမိသား စုများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြောကြား လိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ/ရန်ကုန်တိုင်းမ်)http://www.myanmarnewsnow.org/
အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှင်သန်နေရမည်ဟုဆို
အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှင်သန်နေရမည်ဟုဆို
သစ်ထူးလွင် at THIT HTOO LWIN - 4 hours ago
မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်သည် အကြောင်းမရွေး၊ အချိန်မရွေး ပြန် လည် ပေါ်ထွန်းလာနိုင်သည့် အတွက် စစ် အုပ်ချုပ်ရေးနှင့် တစ်ပါတီ အာဏာရှင် စနစ်များကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုသည့် အခမ်းအနားများကို လူထုအကြား ကျယ်ပြန့်စွာ ကျင်းပကာ ဖိနှိပ် ချုပ်ချယ်သည့် စနစ်ဆိုးကို ဆန့်ကျင်သော စိတ်ဓာတ်များ အမြဲ ရှင်သန် ပွင့်လန်းနေအောင် လုပ်ဆောင်ရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါhttp://www.myanmarnewsnow.org/
ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi
http://feeds.feedburner.com/thithtoolwin/yIWV
ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi
Myanmar News Now at THIT HTOO LWIN - 2 hours ago
ထူးဆန်းပါတယ်။ သို့ပေမယ့် တကယ် ဖြစ်ပါတယ်။ Kanzi အမည်ရ မျောက်ဝံ ကို အမေရိကန်ပြည်ထောင်စု၊ Iowa ပြည်နယ် Des Moines မြို့ နေ အမျိုးသမီး ဆရာဝန် Sue Savage-Rumbaugh မှ မွေး ထားခြင်း ဖြစ်ပါတယ်။ မျောက်ဝံကို မွေးပြီး လူတွေနဲ့ယဉ်ပါးအောင်သင်ပေးပါတယ်။ နောက်တော့ လူသားတို့ လုပ်ဆောင်တဲ့ ကိစ္စအတော်များများကိုပါ သင်ပေးလို့ ရတဲ့ အနေအထား တစ်ခုဖြစ်လာပြီး အစားအသောက်ဆိုရင် ချက်ပြုတ်မထားရင် မစားတဲ့အထိကို ဖြစ်သွားပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ သခင်မနဲ့ တောခရီးသွားတဲ့အခါ ချက်ပြုတ်တဲ့ တာဝန်ကို ချင်ပန်ဇီ မျောက်ဝံ Kanzi က တာဝန်ယူထားပါတယ်။ အစား အသောက် ချက်ပြုတ်ခြင်း၊ မီမွေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်... more »
ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်
ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်
သစ်ထူးလွင် at THIT HTOO LWINhttp://www.myanmarnewsnow.org/ - 50 minutes ago
ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ မှာ မိုးသည်းထန်ပြီး ရေကြီးခဲ့တဲ့အတွက် သောင်းနဲ့ ချီတဲ့ ပြည်သူတွေ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေရသလို အကူအညီ အထောက်အပံ့တွေ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးသည်ထန်ခဲ့တဲ့အတွက် ကရင်ပြည်နယ် ၇ ခုထဲက ၅ မြို့နယ်မှာ ရေကြီးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြ၀တီမှာတော့ ယာယီခိုလှုံရေး စခန်း ၂၄ ခုမှာတော့ ဒုက္ခသည် ၁ သောင်းကျော် ခိုလှုံနေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မယ်တော်ဆေးခန်းက ဆရာရွှေနှင်းက ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://www.myanmarnewsnow.org
Android 4.0နဲ့ အထက်ဖုန်းတွေအတွက်Smoothie Image Editor v1.11 photo effectလေးပါ
Android 4.0နဲ့ အထက်ဖုန်းတွေအတွက်Smoothie Image Editor v1.11 photo effectလေးပါ
Android 4.0နဲ့ အထက်ဖုန်းတွေအတွက်Smoothie Image Editor v1.11 photo effectလေးတွေ့ လို့ 
တင်လိုက်ပါတယ် ဒီApkလေးကတော့ ဖုန်းထဲမှာဆိုပေမယ့် effectလေးတွေတော်တော်စုံလင်ပါတယ် ဖိုင်Sizeက6.25MBပဲရှိပါတယ်
အထဲမှာကြိုက်သလိုပြင်ဆင်လို့ ၇ပါတယ် ဓါတ်ပုံတွေကို၂ပုံတွဲထားမယ် ဓါတ်ပုံတွေကိုအရောင်ပြောင်းမယ်
စတိုင်အမျိုးအမျိုးလုပ်မယ်.ကဲ..လိုချင်ရင်တော့.အောက်မှာဒေါင်းလော့ဆွဲကြဗျာ..
ဒီမှာဒေါင်းလော့ရယူပါzippyshare                        Adminခိုင်စိုး(ရောသမမွှေ)