Saturday, July 20, 2013

ဆိုတေး သတင်းတွေနဲ့ ပြည့်နှက်နေတဲ့နေ့ (ဇူလိုင် ၁၅၊ ၂၀၁၃)

အဆိုတော် ဆိုတေး ကားမတော်တဆမှုဖြစ်ခဲ့တဲ့ သတင်းဟာ ဒီနေ့တစ်နေကုန် အင်တာနက်စာမျက်နှာမှာ လူပြောအများဆုံး ဖြစ်ခဲ့ပါတယ်။ တောင်သာမြို့မှာ ပြုလုပ်တဲ့ ရှိုးပွဲမှာ သီချင်းဆိုဖို့အသွား အမြန်လမ်းမပေါ်မှာ မတော်တဆမှု ဖြစ်တာလို့ သိရပါတယ်။ ဓာတ်ပုံတွေအရ မတော်တဆမှု ဖြစ်ပွားတဲ့အချိန်မှာ သူတို့စီးလာတဲ့ကားဟာ ဘယ်လောက်တောင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်းခဲ့သလဲဆိုတာ မတွေးရဲစရာပါ။ ကားပေါ်မှာ အတူလိုက်ပါလာတဲ့ ဆိုတေးရဲ့ ဇနီး (တချို့ကလည်း ချစ်သူလို့ ပြောကြပါတယ်) သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဆိုတေးလည်း မြင်မကောင်းအောင် ဒဏ်ရာတွေရတာကို ဓာတ်ပုံတွေအရ တွေ့ရပါတယ်။ အထူးသဖြင့် ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးပြီလို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။ နှလုံးခုန်နေဆဲဖြစ်ပေမယ့် သတိပြန်မရသေးဘူးလို့ သိရပါတယ်။ ဆိုတေး အမြန်ဆုံး ပြန်လည်သတိလည်ပါစေကြောင်း ဆုတောင်းသံတွေ အင်တာနက်မှာ ပြည့်လျှံနေခဲ့တာကို မှတ်တမ်းတင်လိုက်ပါတယ်။ မီးအိမ်ရှင်တစ်ယောက် အမြန်ဆုံး ပြန်လည်ကျန်းမာပါစေ...။





ဆိုတေးရဲ့ မီးအိမ်ရှင်သီချင်း

No comments:

Post a Comment