Thursday, November 28, 2013

ငွေကို ဘယ်လို လွှဲကြမလဲ?

  • Mobile Money ကို အသုံးပြု ခြင်းအားဖြင့် နယ်မှာ ရှိတဲ့ ကိုယ့်ဆွေမျိုးတွေကို ငွေလွှဲ ၍ ရမည် ဖြစ်သည်။
  • မိမိလုပ်ငန်းနဲ့ပတ်သက်တဲ့ငွေလွှဲမှုများပါလုပ်နိုင်မည်ဖြစ်သည်။ဘဏ်တွေမဖွင့်နိုင်တဲ့နယ်တွေအထိဖုန်းလိုင်းမိနေမည်ဆိုပါကငွေလွှဲနိုင်ပါသည်။
  • ငွေလွှဲချင်တယ်ဆိုရင် အရင်ဆုံးလွှဲမည့်လူက Register လုပ်ထားဖို့ လိုပါသည်။ ထို့နောက် လွှဲမည့် ငွေကို သွင်းထားရပါမည်။
  • ကိုယ်လွှဲချင်တဲ့ လူရဲ့ ဖုန်းနံပါတ် သိလျှင် လွှဲလို့ရပါပြီ။
  •  ငွေလွှဲလက်ခံသူက Message တစ်စောင်လက်ခံရရှိမည်။ Message တွင် ငွေလွှဲ Amount နှင့် Code No. တစ်ခု ပါရှိမည်။
  • ငွေထုတ်ရန် ငွေလွှဲရသည့် ဖုန်း။ မှတ်ပုံတင် နှင့် Code No. ပြောပြီး နီးစပ်ရာ Agent ထံတွင် ငွေထုတ်ရမည်။
  • ငွေလွှဲ လက်ခံသူမှ ငွေထုတ်ယူသွားပါက ငွေလွှဲ သူထံ လွှဲငွေ ထုတ်ယူပြီးသွားကြောင်း Message ဖြင့် အကြောင်းကြားပေးမည်။
  • Mobile Money Service အသုံးပြု သူ အချင်းချင်း ငွေလွှဲခြင်းကို မည်သည့် ဒေသတွင်မဆို ဖုန်းလိုင်းမိပါက အသုံးပြု နိုင်ပါသည်။
  • ငွေလွှဲ နိုင်ရန် အတွက် မိမိလွှဲ လိုသည့် account ကို ငွေသွင်းထားပြီး မိမိ လွှဲ လိုသူ၏ ဖုန်းနံပါတ် သိရုံဖြင့် ငွေလွှဲ နိုင်ပါသည်။
                  
  • ငွေလွှဲနိုင်ရန်အတွက် မိမိ လွှဲလိုသည့် amount ကို ငွေသွင်းထားပြီး မိမိလွှဲလိုသူ၏ ဖုန်းနံပါတ် သိရုံဖြင့် ငွေလွှဲ နိုင် ပါသည်။
  • SMS System ဖြစ်တဲ့ အတွက် ငွေလွှဲခြင်း အလွန် မြန်ဆန်ပြီး ၂၄ နာရီ အသုံးပြု ၍ ရပါသည်။
  • ဖုန်းနံပါတ် မှား၍ ငွေလွှဲမိပါက Call Center 1212 သို့ ဆက်သွယ် အကြောင်းကြား၍ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း
         ဆောင်ရွက် ရပါမည်။
  • အကယ်၍ ငွေ ထုတ်သွားပြီးမှ သိရှိမည် ဆိုပါက ထုတ်ယူသွားသူအား MMM ၏ Customer Compliance (သို့ မဟုတ်) Customer Care
          မှ တာဝန် ရှိသူ တစ်ဦး ကို ဆက်သွယ်၍ အကျိုးအကြောင်းခိုင်လုံစွာ ရှင်းပြဆွေးနွေးပါမည်။
  • တစ်ရက်စာ အတွက် အမြင့် ဆုံး လွှဲပြောင်းနိုင်သော ပမာဏမှာ တစ်သန်း ကျပ်ဖြစ်ပါသည်။
               
 

မိုဘိုင်းဖုန်းမှ တစ်ဆင့် ငွေပို့ငွေလွှဲ ဆောင်ရွက်နိုင်ရန်အတွက် နယ်ဒေသ အသီးသီးတွင် ကိုယ်စားလှယ်များ ထားရှိသွားမည် ဖြစ်ကာ ယင်းကိုယ်စားလှယ်များမှ တစ်ဆင့် ငွေပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့ကို လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 
“Mobile Payment စနစ်ကတော့ ဖုန်းကနေ ငွေပို့ငွေလွှဲနိုင်မယ်၊ အဓိကက အောက်ခြေ အဆင့်အထိပါ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်ဖို့အတွက် ရည်ရွယ်တယ်၊ ဘဏ်စနစ်လဲ မလိုအပ်တော့ ၂၄ နာရီ ဝန်ဆောင်မှုပေးဖို့ ရှိတယ်၊ သုံးမယ့်သူတွေ အတွက်လဲ အလွယ်တကူ ငွေပို့ငွေလွှဲတာတွေ လုပ်နိုင်မှာပါ” ဟု MTS ကုမ္ပဏီမှ ဦးကောင်းဆက်က ပြောသည်။ ယင်းစနစ်ကို အသုံးပြုလိုသူများ အနေဖြင့် မိုဘိုင်း ဖုန်းနံပါတ်သည် အကောင့်နံပါတ် အဖြစ် သတ်မှတ်သွားမည် ဖြစ်ပြီး ငွေလွှဲနိုင်သည့် အမြင့်ဆုံး ပမာဏမှာ ကျပ် ၁၀ သိန်းအား ငါးကြိမ် လွှဲနိုင်မည် ဖြစ်ပြီး အလွယ်တကူ ငွေလွှဲနိုင်ရန် မြို့နယ်တိုင်းတွင် ကိုယ်စားလှယ်များ ထားရှိပေးသွားမည် ဖြစ်ကာ လက်ရှိတွင် သင်တန်းများ စတင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

“လက်ရှိက မိုဘိုင်း သုံးစွဲတဲ့နှုန်းကလဲ သိပ်မများသေးဘူး၊ စမတ်ဖုန်း ဖြစ်တယ်ဆိုရင် ဒီစနစ် သုံးနိုင်မှာပါ။ အနိမ့်ဆုံး စမတ်ဖုန်းတွေမှာပါ သုံးနိုင်အောင် စီစဉ်ထားပါတယ်၊ ငွေလွှဲခကိုလဲ အနိမ့်ဆုံးဖြစ်အောင် လျှော့ချထားပါတယ်” ဟု ယင်းက ပြောသည်။ အဆိုပါ ငွေလွှဲခြင်း စနစ်သည် တစ်စုံတစ်ရာ ခက်ခဲမှု ဖြစ်ပါက ပြန်လည်စစ်ဆေးပေးနိုင်ခြင်းအပြင် ငွေကြေးဆိုင်ရာ လုံခြုံမှုရှိရန် ဆောင်ရွက်ထားသည်ဟု သိရသည်။ ဘဏ်မှတစ်ဆင့် ငွေလွှဲသည့်စနစ်ကို အသုံးပြုနေသူ ဦးအောင်ကျော်က “ငွေလွှဲက ဘဏ်စနစ်နဲ့ဆိုရင် အချိန်တိုင်းပို့လို့ လက်ခံလို့ မရဘူး။ 
 
မိုဘိုင်းကနေ ငွေပို့လို့ရမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ စိတ်ချလို့ရမယ့် အာမခံပေးဖို့တော့ လိုမယ်ထင်တယ်။ ဘဏ်စနစ်ကတော့ လုံခြုံတယ်၊ ဝန်ဆောင်ခ ပေးရတာချင်းအတူတူ စိတ်ချလုံခြုံမှု ရှိတာကိုပဲ ရွေးသုံးဖြစ်မယ်” ဟု ပြောသည်။ မိုဘိုင်း ငွေလွှဲစနစ်ကို နိုဝင်ဘာလအတွင်း စတင်မိတ်ဆက်သွားမည် ဖြစ်ကာ  http://www.myanmarmobilemoney.com/  ဝက်ဘ်ဆိုက်တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

Tuesday, October 15, 2013

Zip/rar password မသိလို့ အဆင်မပြေဖြစ်နေလား online convert သုံးပြီး password ဖြေနည်းလေး

Online ကဒေါင်းထားပြီး zip/ rar တွေ password မသိရင် ဒီနည်းလေးက လွယ်လည်းလွယ်
အဆင်လည်းပြေလို့ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ

password ခံထားတဲ့  ဇစ် ဖိုင်တွေကို ဘာဆော့ ဝဲမှမသုံဘဲနဲ့ အွန်လိုင်းမှာပဲ ဖြေလို့ရတယ်။ အရမ်းကိုအသုံးဝင်တဲ့ နည်းလေးပါ။
တစ်ခါတလေ မှာမိမိတို့ ရလာတဲ့ ဖိုင်လေးတွေကို password ပြန်ဖြေတဲ့ အခါpassword မသိလည်းဖြေလို့ ရတယ်ဆိုတော့ လန်းတာပေါ့ နော်။

(၁)  အရင်ဆုံးအနေနဲ့ ONLINE CONVERT.COM  ကိုသွားလိုက်ပါခင်ဗျာ။

(၂)  နောက်ပြီးရင် BROWSE နေရာမှာ မိမိပြောင်းချင်တဲ့ ဖိုင်ကိုညွန်ပြပေးလိုက်ပါ။
(၃) ပြီးရင်.rar ဆိုရင်လွယ်လွယ်ကူကူဖြစ်အောင် .zip ကိုပြောင်းပေးလိုက်ပြီးConvert File ဆိုတာကို နှိပ်ပြီးconvert လုပ်တာကိုခဏစောင့် ပါ။
(၄) ပြီးရင် ရလာတဲ့ ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။(ခဏလေးပါပဲ) 
နောက်ပြီးရင်တော့မိမိတို့ password ဖြေမရတဲ့ .rar ဖိုင်လေးဟာ .zip ဖိုင်အဖြစ်နဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။

Monday, October 14, 2013

Gmail မပါသော Huawei ဖုန်းတွေအတွက်

Gmail မပါသော Huawei ဖုန်းတွေအတွက်  Gmail application ပါ
ဖုန်းထဲကနေ Gmailဖွင့်ဖတ်တာတွေ Mail ပြန်ပို့တာတို့ကို
အဆင်ပြေစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်
ဒီမှာယူပါ  ဒီမှာယူပါ

Wednesday, September 4, 2013

စာမူများ ဖိတ်ခေါ်ခြင်း

★★★★★
စာမူများ ဖိတ်ခေါ်ခြင်း
°°°°°°°°°°°°°°°°
နှစ်စဉ် နတ်တော်လတွင် ကျင်းပလျက်ရှိသော 'စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို
ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ပါသည်။
(၃) နှစ်မြောက်ကျင်းပမည့် ယခုနှစ် စာပေဟောပြောပွဲတွင် နံရံကပ်စာစောင်များ ခင်းကျင်းပြသမည်ဖြစ်ပါသောကြောင်
ကာတွန်း၊ကဗျာ၊အလင်္ကာ စာမူများကို
စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီသို့ ပေးပို့နိုင်ရန် အသိပေး ကြော်ငြာအပ်ပါသည်။ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီ
ဆက်သွယ်ရန်_ကိုရဲနွေ402687360
ကိုဇော်ဝမ်း402508873
ကိုနေမျိုးခိုင်43200344
ကိုဗညား43061503
★ရွှေပေလိပ် Group နှင့် banyar54@gmail.comသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။