Thursday, November 28, 2013

ငွေကို ဘယ်လို လွှဲကြမလဲ?

  • Mobile Money ကို အသုံးပြု ခြင်းအားဖြင့် နယ်မှာ ရှိတဲ့ ကိုယ့်ဆွေမျိုးတွေကို ငွေလွှဲ ၍ ရမည် ဖြစ်သည်။
  • မိမိလုပ်ငန်းနဲ့ပတ်သက်တဲ့ငွေလွှဲမှုများပါလုပ်နိုင်မည်ဖြစ်သည်။ဘဏ်တွေမဖွင့်နိုင်တဲ့နယ်တွေအထိဖုန်းလိုင်းမိနေမည်ဆိုပါကငွေလွှဲနိုင်ပါသည်။
  • ငွေလွှဲချင်တယ်ဆိုရင် အရင်ဆုံးလွှဲမည့်လူက Register လုပ်ထားဖို့ လိုပါသည်။ ထို့နောက် လွှဲမည့် ငွေကို သွင်းထားရပါမည်။
  • ကိုယ်လွှဲချင်တဲ့ လူရဲ့ ဖုန်းနံပါတ် သိလျှင် လွှဲလို့ရပါပြီ။
  •  ငွေလွှဲလက်ခံသူက Message တစ်စောင်လက်ခံရရှိမည်။ Message တွင် ငွေလွှဲ Amount နှင့် Code No. တစ်ခု ပါရှိမည်။
  • ငွေထုတ်ရန် ငွေလွှဲရသည့် ဖုန်း။ မှတ်ပုံတင် နှင့် Code No. ပြောပြီး နီးစပ်ရာ Agent ထံတွင် ငွေထုတ်ရမည်။
  • ငွေလွှဲ လက်ခံသူမှ ငွေထုတ်ယူသွားပါက ငွေလွှဲ သူထံ လွှဲငွေ ထုတ်ယူပြီးသွားကြောင်း Message ဖြင့် အကြောင်းကြားပေးမည်။
  • Mobile Money Service အသုံးပြု သူ အချင်းချင်း ငွေလွှဲခြင်းကို မည်သည့် ဒေသတွင်မဆို ဖုန်းလိုင်းမိပါက အသုံးပြု နိုင်ပါသည်။
  • ငွေလွှဲ နိုင်ရန် အတွက် မိမိလွှဲ လိုသည့် account ကို ငွေသွင်းထားပြီး မိမိ လွှဲ လိုသူ၏ ဖုန်းနံပါတ် သိရုံဖြင့် ငွေလွှဲ နိုင်ပါသည်။
                  
  • ငွေလွှဲနိုင်ရန်အတွက် မိမိ လွှဲလိုသည့် amount ကို ငွေသွင်းထားပြီး မိမိလွှဲလိုသူ၏ ဖုန်းနံပါတ် သိရုံဖြင့် ငွေလွှဲ နိုင် ပါသည်။
  • SMS System ဖြစ်တဲ့ အတွက် ငွေလွှဲခြင်း အလွန် မြန်ဆန်ပြီး ၂၄ နာရီ အသုံးပြု ၍ ရပါသည်။
  • ဖုန်းနံပါတ် မှား၍ ငွေလွှဲမိပါက Call Center 1212 သို့ ဆက်သွယ် အကြောင်းကြား၍ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း
         ဆောင်ရွက် ရပါမည်။
  • အကယ်၍ ငွေ ထုတ်သွားပြီးမှ သိရှိမည် ဆိုပါက ထုတ်ယူသွားသူအား MMM ၏ Customer Compliance (သို့ မဟုတ်) Customer Care
          မှ တာဝန် ရှိသူ တစ်ဦး ကို ဆက်သွယ်၍ အကျိုးအကြောင်းခိုင်လုံစွာ ရှင်းပြဆွေးနွေးပါမည်။
  • တစ်ရက်စာ အတွက် အမြင့် ဆုံး လွှဲပြောင်းနိုင်သော ပမာဏမှာ တစ်သန်း ကျပ်ဖြစ်ပါသည်။
               
 

No comments:

Post a Comment