Friday, July 26, 2013

Huawei ဖုန်းထဲမှာ Gmail ထည့်နည်း

သတင်း

၁။ ဖုန်းမှာပါတဲ့ Email ကို ဖွင့်ပါ။ ကိုယ့် Gmail ရဲ့ Username နဲ့
 Password ကို ထည့်ပေးပါ။

၂။ Sign in နှိပ်လိုက်လို့ မကြာခင် Couldn’t open connection to
server ဆိုပြီးပေါ်လာပါလိမ့်မယ်။ Edit Details ကို နှိပ်လိုက်ပါ။

၃။ Account Setup ပေါ်လာပါလိမ့်မယ်။ IMAP Server မှာ
 imap.gmail.comဆိုတာ ဖြစ်နေရပါ့မယ်။
 Port မှာတော့ 993၊ Security Type မှာတော့
SSL/TLS (Accept all certificates)ကို ရွေးလိုက်ပါ။ Next ကို နှိပ်ပါ။

၎။ ဒီတစ်ခါကျ SMTP setup လုပ်ရမှာပါ။ SMTP Server မှာ
smtp.gmail.comဆိုပြီး ရိုက်ထည့်ပါ။
Security Type မှာ STARTTTS (acceept all certificates) ကို ရွေးထားပါ။
Port မှာ 587 လို့ထည့်ပေးပါ။ (ဒီနှစ်ချက်က အဓိက အချက်ပါပဲ)

၅။ Next ကိုနှိပ်ပါ။ Inbox checking frequency ကို လိုသလောက်ထားပါ။
အီးမေးလ်ကို ဘယ်လောက်ခြားတစ်ကြိမ် စစ်ချင်တာလဲပေါ့၊
 နောက်ပြီး အီးမေးလ်ဝင်လာတဲ့အချိန် ချက်ချင်း သိချင်ရင်တော့
Notify meလေးကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။

၆။ Next ကို နှိပ်ပါ။ အီးမေးလ်ပေးပို့တဲ့အချိန် အသုံးပြုမယ့်
နာမည်ကိုရိုက်ထည့်ပေးပါ။ Next ကို နှိပ်ပါ။ 

ဒါဆို ပြီးသွားပါပြီ။ အီးမေးလ်စစ်ချင်တိုင်း ဖုန်းမှာပါတဲ့ Email ဆိုတဲ့
 Appလေးကို ဖွင့်ပြီး စစ်လို့ရပါပြီ။ အီးမေးလ်ပို့ချင်ရင်လည်း ပို့နိုင်ပါပြီ။

အဆင်ပြေကြပါစေ။

Facebook နောက်ဆုံးထွက် Version 3.5 လိုချင်သူများ ဒေါင်းလုပ်ယူလို့ ရပါပီ

Download -Facebook 3.5 - 22 - 7 -2013 Updateသတင်း

Android ဖုန်းတွေကို ထောင်ဖောက်မယ်

သတင်း

Android ဖုန်းတွေကို ထောင်ဖောက်မယ်

ယခုနောက်ပိုင်း Samsung ဖုန်းတော်တော် များများ မှာ မြန်မာစာ စနစ်ပေးနေပြီဖြစ်ပါတယ်။ဒါပေမယ့် ဖုန်းတော်တော် များများကတော့ Root လုပ်လိုက်မှ မြန်မာစာ၊မြန်မာ Keyboard စသည်တို့ကို ရရှိမှာဖြစ်ပါတယ်။

ဒါက တော့ Root Tools လေးပါ...S4 ထိ root နိုင်ပါတယ်...ကျနော် ကိုယ်တိုင် စမ်းသပ်ထားတာပါဗျ။ကျန်တဲ့ဖုန်းတွေ နဲ့တော့ မစမ်းသပ်ရသေးပါဘူး။

Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်

သတင်း

Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်

Download -  TheMyanmarsAndroid2

BaDoink Video Downloader PLUS 1.0.1 ( Android )

သတင်း

BaDoink Video Downloader PLUS ကိုတော့ Tubemate နဲ့အဆင်မပြေသူများအတွက် နောက်တစ်မျိုးပါ။ မည်သည့် Webiste ပေါ်ရှိ Video ကိုမဆိုဒေါင်းလော့ရယူနိုင်တာကတော့ သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။ Video များကိုဒေါင်းလော့လုပ်ချင်ပါက Application ကိုဖွင့်ပြီး Ardess ဘားပေါ်မှာ မိမိ ဒေါင်းလိုတဲ့ Website နာမည်
ကိုထည့်လိုက်ရင် ရပါပြီ။ အသုံးပြုချင်လိုသူများ အနေဖြင့်အောက်မှာဒေါင်းလော့ ရယူနိုင်ပါတယ်။

အင်တာနက်သုံးသူများအတွက် သတင်းကောင်း

သတင်း   

လာမယ့်လ ၁ ရက်နေ့ကစပြီး GSM, WCDMA ဖုန်းတွေ မက်ဆေ့စ်ပို့ပြီး အင်တာနက်လျှောက်လို့ရပါပြီ။

အရင်က ဖုန်းနဲ့အင်တာနက်သုံးဖို့ ဆိုရင် လူကိုယ်တိုင်သွားရောက်လျှောက်ထားဖို့ လိုပါတယ်။
ကိုယ်တိုင်မလျှောက်ချင်တဲ့သူတွေကတော့ကြားပွဲစားဖုန်းဆိုင်တွေကတစ်ဆင့်လျှောက်ကြပါတယ်။

ဒီ့အတွက်ဝန် ဆောင်ခတွေဘာတွေ ကုန်ရပါတယ်။
အခုလို မက်ဆေ့စ်ပို့ပြီး လျှောက်ထားနိုင်ပြီ ဆိုရင်တော့ ကြားပွဲစားခပေးစရာမလိုဘဲ ဆောင်ရွက်နိုင်ပါပြီ။

၁,၅၀၀ တန် လို့ ခေါ်တဲ့ တသိန်းနီးပါးပေးမှ ၀ယ်လို့ရနိုင်တဲ့ ဖုန်းတွေကတော့  ဒီအစီအစဉ်ထဲ ပါဖို့ မလွယ်သေးပါဘူး။
ဒီအကြောင်း 
မိုဘိုင်းဖုန်းမှ အင်တာနက် လျှောက်ထားမှု ၁၅၀၀ တန်ဖုန်းများ ပါရန် မသေချာ

http://burma.irrawaddy.org/archives/44553
ဆိုတဲ့ ဧရာဝတီသတင်းတပုဒ်မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။

လိုရင်း ပြန်ဆက်ရရင် ...
အခုစနစ်အရ အင်တာနက်လျှောက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ ကျပ်ငွေ ၁၀,၀၀၀ ကို အရင်ဖြည့် သွင်းထားရပါမယ်။
ပြီးရင် 1331 ကိုနှိပြီး SMS ပို့ရမှာပါ။
 “You have order data service successfully” ဆိုတဲ့စာကို ပြန်ရပြီဆိုရင်  အင်တာနက်ကို စပြီးအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဖုန်းထဲမှာ ထည့်ထားတဲ့ငွေထဲက ၁၀,၀၀၀ ကို ဖြတ်ယူသွားမှာပါ။

မိုဘိုင်းဖုန်းသုံးပြီး အွန်လိုင်းတက်ဖို့ စဉ်းစားနေသူများအတွက်တော့ ဒါ သတင်းကောင်း ဖြစ်ပါလိမ့်မယ်။

အင်တာနက် ဆက်ကြောင်းအား တရုတ်နှင့် အိန္ဒိယသို့ ပြောင်းလဲချိတ်ဆက်

သတင်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်အင်တာ   နက်ဆက်ကြောင်းအား တရုတ်နှင့် အိန္ဒိယနိုင်ငံ များ ဘက်သို့ လွှဲပြောင်း ချိတ်ဆက် ထားကြောင်း အဆိုပါ လုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မြန်မာ-ထိုင်းကုန်းတွင်း နယ် စပ်ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းအား ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံဘက်သို့ လွှဲပြောင်း ချိတ်ဆက်ထားရာတွင် တရုတ်နိုင်ငံ၏ မိုဘိုင်း နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော China Telecom နှင့် အိန္ဒိယ နိုင်ငံ၏ မိုဘိုင်းနည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Ta Ta ကုမ္ပဏီတို့နှင့်ပူးပေါင်း ဆောင်ရွက် ထားခြင်း ဖြစ်ကြောင်း သိရသည်။မြဝတီ နယ်စပ်မြို့အတွင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အချို့ကြောင့် အဆိုပါ ထိုင်း-မြန်မာ ကုန်းတွင်းနယ်စပ် ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းအား ခေတ္တ ဖြုတ်ချထားရခြင်း ဖြစ်သဖြင့် အင်တာနက် ဆက်သွယ်မှုများ လုံးဝ မပြတ်တောက် သွားစေရန် အတွက် တရုတ်နှင့် အိန္ဒိယ နိုင်ငံများ၏ နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက် လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်းတွင်းနယ်စပ် ဖြတ်ကျော် အင်တာနက် ဆက်ကြောင်း ကိုးခုရှိပြီး ၎င်းတို့တွင် မြန်မာ-ထိုင်း အင်တာနက် ဆက်ကြောင်း၊ မြန်မာ-တရုတ် ကုန်းတွင်း နယ်စပ် ဖြတ်ကျော် အင်တာနက် ဆက်ကြောင်း၊ မြန်မာ-အိန္ဒိယ ကုန်းတွင်း နယ်စပ်ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းတို့မှာ နယ်စပ်ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းများ ဖြစ်သည်။ ပြည်တွင်း အင်တာနက် ဆက်သွယ်မှု စနစ်များမှာ ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်း ကာလများမှ စတင်ပြီး တဖြည်းဖြည်းချင်း နှေးကွေး ကျဆင်းခဲ့ပြီး နိုဝင်ဘာ လဆန်းပိုင်းမှ ၅ ရက်နေ့ အထိ သိသာစွာ ကျဆင်းခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို ဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်ခဲ့သည်။ ထိုမှတစ်ဖန် နိုဝင်ဘာလ တတိယပတ် အတွင်းတွင် ပြည်တွင်း အင်တာနက် ဆက်ကြောင်းများမှာ နောက်ထပ် တစ်ကြိမ် သိသာစွာ ကျဆင်း ခဲ့ရသဖြင့် အင်တာနက်ကို အဓိကထား သုံးစွဲနေရသည့် စီးပွားရေး လုပ်ငန်းများ အားလုံး အကျပ်အတည်းများ ဖြစ်ပေါ်လျက် ရှိသည်။