Friday, July 26, 2013

အင်တာနက် ဆက်ကြောင်းအား တရုတ်နှင့် အိန္ဒိယသို့ ပြောင်းလဲချိတ်ဆက်

သတင်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်အင်တာ   နက်ဆက်ကြောင်းအား တရုတ်နှင့် အိန္ဒိယနိုင်ငံ များ ဘက်သို့ လွှဲပြောင်း ချိတ်ဆက် ထားကြောင်း အဆိုပါ လုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မြန်မာ-ထိုင်းကုန်းတွင်း နယ် စပ်ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းအား ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံဘက်သို့ လွှဲပြောင်း ချိတ်ဆက်ထားရာတွင် တရုတ်နိုင်ငံ၏ မိုဘိုင်း နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော China Telecom နှင့် အိန္ဒိယ နိုင်ငံ၏ မိုဘိုင်းနည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Ta Ta ကုမ္ပဏီတို့နှင့်ပူးပေါင်း ဆောင်ရွက် ထားခြင်း ဖြစ်ကြောင်း သိရသည်။မြဝတီ နယ်စပ်မြို့အတွင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အချို့ကြောင့် အဆိုပါ ထိုင်း-မြန်မာ ကုန်းတွင်းနယ်စပ် ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းအား ခေတ္တ ဖြုတ်ချထားရခြင်း ဖြစ်သဖြင့် အင်တာနက် ဆက်သွယ်မှုများ လုံးဝ မပြတ်တောက် သွားစေရန် အတွက် တရုတ်နှင့် အိန္ဒိယ နိုင်ငံများ၏ နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက် လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်းတွင်းနယ်စပ် ဖြတ်ကျော် အင်တာနက် ဆက်ကြောင်း ကိုးခုရှိပြီး ၎င်းတို့တွင် မြန်မာ-ထိုင်း အင်တာနက် ဆက်ကြောင်း၊ မြန်မာ-တရုတ် ကုန်းတွင်း နယ်စပ် ဖြတ်ကျော် အင်တာနက် ဆက်ကြောင်း၊ မြန်မာ-အိန္ဒိယ ကုန်းတွင်း နယ်စပ်ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းတို့မှာ နယ်စပ်ဖြတ်ကျော် အင်တာနက် ဆက်ကြောင်းများ ဖြစ်သည်။ ပြည်တွင်း အင်တာနက် ဆက်သွယ်မှု စနစ်များမှာ ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်း ကာလများမှ စတင်ပြီး တဖြည်းဖြည်းချင်း နှေးကွေး ကျဆင်းခဲ့ပြီး နိုဝင်ဘာ လဆန်းပိုင်းမှ ၅ ရက်နေ့ အထိ သိသာစွာ ကျဆင်းခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို ဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်ခဲ့သည်။ ထိုမှတစ်ဖန် နိုဝင်ဘာလ တတိယပတ် အတွင်းတွင် ပြည်တွင်း အင်တာနက် ဆက်ကြောင်းများမှာ နောက်ထပ် တစ်ကြိမ် သိသာစွာ ကျဆင်း ခဲ့ရသဖြင့် အင်တာနက်ကို အဓိကထား သုံးစွဲနေရသည့် စီးပွားရေး လုပ်ငန်းများ အားလုံး အကျပ်အတည်းများ ဖြစ်ပေါ်လျက် ရှိသည်။

No comments:

Post a Comment