Friday, July 19, 2013

အောင်မြင်ခြင်း၃၃ချက်

အောင်မြင်ခြင်း၃၃ချက်

၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းလျှောက်ပါ။လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကို
အတတ်နိုင်ဆုံးပြုံးထားပါ။

၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။

၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm(3)Empathy

၎။ Game တွေကစားပေးပါ။


၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။


၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။


၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။


၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။
၉။ရေများများသောက်ပါ။
၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။
၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။


၁၂။ အတိတ်ကအမှားတွေကိုအစပြန်မဖော်ပါနှင့်။လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။


၁၃။ သင်မလုပ်နိုင်ဘဲနှင့်အဆိုးဘက်ကမမြင်ပါနှင့်။အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။


၁၄။ မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစားလိုစားပါ။


၁၅။လုပ်ငန်းခွင်ထဲမှာများများရယ်ပြီးများများပြုံးပါ။


၁၆။ ဘ၀ဟာတိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့။မုန်းနေတာတွေရှိရင်ဆန့်ကျင်
ဘက်လုပ်ကြည့်ပါ။


၁၇။ အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေးထားပြီးအမှားကင်း
အောင်လုပ်ပါ။
၁၈။ အငြင်းအခုံတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေမဖြုန်းပါနဲ့။နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။


၁၉။အတိတ်ကအဖြစ်အပျက်တွေအတွက်ငြိမ်းချမ်းရေးယူလိုက်ပါ။လက်ရှိအခြေအနေအတွက်အထောက်
အကူရလာပါလိမ့်မည်။
၂၀။ သင့်ဘ၀ကိုတခြားတစ်ယောက်နှင့်မနှိုင်းယှဉ်ပါနှင့်။


၂၁။ သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိနိုင်ပါဘူးဆိုတာသိပါ။


၂၂။ အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။


၂၃။အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေ။မဟုတ်ရင်သင်ခံစားမနေပါနဲ့။


၂၄။ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိန်တစ်ခုကိုစောင့်ကြည့်ပါ။


၂၅။ အသုံးမ၀င်တော့တဲ့အရာတွေကိုဖယ်ရှားပစ်ပါ။လှလှပပနှင့်ပျော်ရွှင်အောင်နေပါ။


၂၆။ မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းတဲ့နည်းတစ်ခုပါ။အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်
ထားပြီးပြီဆိုတာသတိရပါ။
၂၇။ မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။


၂၈။ ခံစားမှုတွေများလို့မပြိုလဲသွားပါနှင့်။အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနဲ့နေပြပါ။


၂၉။ သင်မှန်တယ်ထင်တာတွေတွေးပြီးလုပ်ပါ။


၃၀။ မကြာခနမိသားစုနှင့်ဝိုင်းဖွဲ့ပြီးစကားပြောပါ။


၃၁။ သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။


၃၂။အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။


၃၃။သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ။

အင်ဒိနီး၇ှားမှာ၇ှိတဲ့လူဦးခေါင်းနဲ့မြွေ

အင်ဒိနီး၇ှားမှာ၇ှိတဲ့လူဦးခေါင်းနဲ့မြွေ



အင်ဒိုနီးရှားနိုင်ငံမှာ လူဦးခေါင်းနဲ့ မြွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဒီမြွေရဲ့ ဦးခေါင်းဟာ လူဦးခေါင်းနဲ့ တူတာထက်
ဂြိုလ်သား ပုံစံနဲ့ ပိုပြီးဆင်တူလှပပါတယ် ။ သူ့မှာ လက်နှစ်ချောင်းပါရှိပြီး အလွန်ထူးဆန်းတဲ့ သတ္တ၀ါ တစ်ကောင် လည်းဖြစ်ပါတယ် ။ အများပြည်သူလေ့လာ နိုင်ဖို့အတွက် ပြတိုက်မှာ ထားရှိပါတယ် ။ အင်ဒိုနီးရှားနိုင်ငံကတော့ ဒီမြွေဟာသူ့မှာရှိတဲ့ gene တစ်စုံတစ်ခု...ပြောင်းလဲသွားတဲ့အတွက် ဒီလိုဖြစ်လာတယ်လို့ ယူဆထားပါတယ်
..စိတ်ကူးပျော်၇ာ

Thursday, July 18, 2013

Screen Saver လေးတွေ ကိုယ်တိုင် လုပ်ကြမယ်

Screen Saver လေးတွေ ကိုယ်တိုင် လုပ်ကြမယ်


















ကွန်ပျူတာ မှာ Screen Saver လေးတွေကို ကိုယ်တိုင်လုပ်ပေးနိုင်မယ့် ဆော့ဝဲလေးပဲ ဖြစ်ပါတယ်။ Activate လုပ်ဖို့အတွက် Key လည်း ထည့်ပေးထားတယ်နော်။ အသုံးပြုပုံကတော့ လွယ်ပါတယ်။
ပုံက နံပါတ်၁ မှာ ဆိုရင် ကိုယ်လုပ်ချင်တဲ့ ပုံထည့်လို့ရတယ်။ နံပါတ်၂ က သီချင်းထည့်လို့ရတယ်၊ နံပါတ်၃ က Preview ကြည့်လို့ရတယ်။ ကျန်တာတော့ ကိုယ်တိုင်ပဲ စမ်းသပ်ပြုလုပ်ကြည့်ကြပါတော့ဗျာ။

ဒေါင်းရန် ... ဒီမှာ ဆိုတာကို နှိပ်ပြီး ၀င်ရောက် ဒေါင်းယူနိုင်ပါသည်..
အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ် .. လေ့ လာဖတ်မိသမျှနည်းပညာ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်
အမှားများရှိခဲ့ သော် စေတနာ အမှား သာ ဖြစ်ပါသည်
လာရောက်လည်ပတ်ကြည့် ရှုအားပေးသူများ ကို အထူးကျေးဇူးတင်ပါသည်..
အဝေးတနေရာ မှ ဆန္ဒ များစွာ ဖြင့် ညီသူ 

























You might also like:

Dhamma Radio.apk

Dhamma Radio.apk

 
ဗုဒ္ဓတရားတော်ပေါင်းများစွာ......နာယူပူဇော် ကုသိုလ်တော်ယူနိုင်ကြပါစေခင်ဗျာ။ အင်တာနက်ရှိဖို့တော့လိုပါမယ်.. လိုင်းပေါင်း (၁၅) လိုင်းပါဝင်ပါတယ်..

ဆေးဖတ်ဝင် ကွမ်းရွက် အကြောင်းလေးပါ .

အခုလို
ရာသီအကူးအပြောင်းမှာဖြစ်တက်သောရော၈ါများထဲမှ အဖြစ်များနေတာက မျက်စိနဲ့ပတ်
သက်တဲ့ဝေဒနာကိုလူတိုင်းနီးပါး ခံစားနေရတယ်လေ။အဲဒါကြောင့်
တိုင်းရင်ဆေးလေးကိုဝေမျှလိုက်ပါတယ်

ကျွန်တော်တို့ စားနေကျဖြစ်သော ကွမ်းရွက် ကို ရေနဲ့ သန့်စင်အောင် အထပ်ထပ်ဆေးပါ ။
ဆေးခိုင်းရခြင်း အကြောင်းမှာ ကွမ်းစိုက်သော စိုက်ပျိုးရေး တောင်သူဦးကြီးများက ပိုးသတ်ဆေးတွေကို အသုံးပြုနေကြလို့ပါ။
ဆေးနည်းလေးကတော့ လွယ်လွယ်လေးပါ ဒီလိုပါဗျာ
ကွမ်းရွက်ရဲ့ အရိုးကို ထုခြေထောင်း၍ မျက်ခမ်းတစ်လျှောက် အပေါ် သုတ်လိမ်းပေးခြင်း၊ပြီးတော့ ကွမ်းရွက်ကို မီး အပူလေး အနည်းငယ်
နွမ်းအောင်ပေးပြီး၎င်းကွမ်းရွက်ကို လုံးခြေ၍ မျက်စိအပေါ် တွင် အုပ်ပေးခြင်း
တို့ကို လုပ်ပေးပါ။ရောဂါကိုသက်သာပျောက်ကင်းစေနိုင်ပါသည်။

နောက်တနည်းကတော့ ခန်းတောက်မြစ်ကို သွေး၍ မျက်စိပေါ်တွင် ကွင်းပေးခြင်း
အဲနောက်တနည်းကတော့ ရှားစောင် လက်ပပ်ပင်မှ အနှစ်ကိုရယူ၍မျက်လုံးပေါ်တွင် အုံပေးခြင်းဖြင့်
မျက်စိနာရောဂါဖြစ်နေသောသူများ သက်သာပျောက်ကင်းစေနိုင်ပါသည်။

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ ...

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ


From : ကြယ်စင်

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

သတိပေးချက်


ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

Myanmar Express

အထွေထွေဗဟုသုတများ: ကွမ်းရွက်

ကွမ်းရွက်


 
ကွမ်းရွက် ၏ပင်ကိုယ်အစွမ်းများ ။

ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။ ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ၀မ်းသွားခြင်း၊ ဖျာ...းနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။ အဖျားကြောင့် ဖြစ်သော ခေါင်းကိုက် ရောဂါများ၌ ကွမ်းရွက် မျက်စဉ်း အဖြစ် ခတ်ပေးနိုင်သည်။ မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံး ပေါ်တွင် ကပ်ပေးနိုင်သည်။ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သော အဖျား၊ လည်ချောင်းနာ ရောဂါများကို ပျောက်ကင်း စေနိုင်သည်။ သွေးတိုး ရောဂါတွင် သွေးတက်သည့် အခါ ချက်ချင်း ပျစေရန် ကွမ်းရွက် သတ္တုရည်ကို ညှစ်၍ တိုက်ကျွေးနိုင်သည်။