Sunday, August 4, 2013

ကိုယ်မသိတဲ့ ဖုန်းနံပါတ်နဲ့ ဆက်သွယ်လာသူဘယ်သူလဲ ရှာဖွေကြည့်ရအောင်... ******************************

*************************
ဒီနည်းက မြန်မာနိုင်ငံရဲ့ဖုန်းနဲ့ အဆင်ပြေ၊ မပြေ မသိရသေးပေမယ့် စမ်းသပ်သင့်တဲ့နည်းလမ်းမို့ အားလုံးသိအောင် တင်ပေးလိုက်ပါတယ်.. Online နဲ့တွဲသုံးတဲ့ဖုန်းဆိုရင်တော့ ရကောင်းရနိုင်တဲ့ နည်းဖြစ်ပါတယ်.. ခုလေးပဲ ဖတ်ပြီး တင်ပေးလိုက်တာပါ.. ကျွန်တော် Online မှာ စမ်းတာကတော့ အဆင်မပြေသေးဘူးဗျ. ဘာလိုနေလဲမသိ.. ကဲ လုပ်နည်းလေး ပြောပြပါမယ်.. ကိုယ့်ဆီကို ဘယ်သူမှန်းမသိဘဲ ဖုန်းတစ်လုံး ဝင်လာတယ်ဆိုပါတော့.. အဲဒီဖုန်းကို မှတ်ထားပြီး-

PC နဲ့ Online မှာသုံးနေရင်

1. http://www.truecaller.com/ ကို သွားပါ.. Enter Phone Nunber ဆိုတဲ့အကွက်မှာ ဖုန်းနံပတ်ကို နိုင်ငံ ဧရိယာကုဒ်နဲ့တွဲထည့်ပေးလိုက်ပါ.. ဥပမာ.. +95912345678 ပေါ့ဗျာ.. ပြီးရင် Enter ခေါက်လိုက်ပါ..

2. ခုရောက်လာတဲ့စာမျက်နှာမှာတော့ login ဝင်ပေးရမှာဖြစ်ပါတယ်.. ကိုယ်လုပ်ထားတဲ့ ID တစ်ခုခုနဲ့ login ဝင်လိုက်ပါ.. Twitter, Facebook, Google, Yahoo အကောင့်တွေထဲက တစ်ခုခုနဲ့ login ဝင်ပေးရမှာဖြစ်ပါတယ်.. အကောင်းဆုံးကတော့ Facebook ပါလို့. စာရေးသူက အကြံပေးထားပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ Facebook က အသုံးအများဆုံးမို့လို့ဖြစ်ပါတယ်..

3. Login ဝင်ပြီးသွားပေမယ့် Facebook ထဲကိုရောက်သွားမှာမဟုတ်ပါဘူး.. http://www.truecaller.com/ ထဲကိုပဲပြန်ရောက်သွားမှာဖြစ်ပြီး ဖုန်းနံပတ်ကို နောက်တစ်ခါ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်.. ဒါဆိုရင်တော့ ကိုယ်သိချင်တဲ့သူရဲ့ တည်နေရာ၊ အချက်အလက်တွေကို သိနိုင်ပြီလို့ဆိုပါတယ်.. ကျွန်တော် စမ်းနေတာ ခုထိတော့ No Match Found ပဲ ပြနေပါသေးတယ်..

ဖုန်းနဲ့တိုက်ရိုက်သုံးမယ်..

1. ပထမဆုံးအောက်ကလင့်တွေမှာ ကိုယ့်ဖုန်းနဲ့သက်ဆိုင်တဲ့ Application တွေကို အရင် ဒေါင်းပြီး Install လုပ်လိုက်ပါအုံး..

http://www.maungpauk.org/2013/08/blog-post.html

2. ပြီးရင်တော့ App ကို Run လိုက်ပြီး ကိုယ့်နိုင်ငံဧရိယာကိုအရင် confirm လုပ်ရမှာဖြစ်ပါတယ်.. ပြီးရင်တော့ App ရဲ့ Main Screen မှာ ကိုယ်မသိတဲ့သူရဲ့ ဖုန်းနံပတ်ကိုရိုက်ထည့်ပြီး ရှာဖွေနိုင်ပြီဖြစ်ပါတယ်..

မှတ်ချက်။ နည်းလမ်း ၂ ခုလုံး.. Internet Connection ရှိဖို့လိုအပ်မှာဖြစ်ပါတယ်..

ဒီနည်းလမ်းကို လူတိုင်းစမ်းသပ်စေချင်ပါတယ်.. ဒါမှ ကိုယ့်ကို ဒုက္ခပေးမယ့် ဖုန်းသရဲတွေ၊ ခြိမ်းခြောက်သူတွေ၊ ဂုဏ်သိက္ခာကို စော်ကားနေသူတွေကို ဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်..

အဆင်ပြေကြပါစေ..

မောင်ပေါက် < Knowledge Note >

www.maungpauk.org

No comments:

Post a Comment