Saturday, July 27, 2013

၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် Android Boot Camp (Android Development ဆိုင်ရာဆွေးနွေးဟောပြောပွဲ)

သတင်း


Myanmar Mobile App Store (www.myanmarmobileapp.com) website ၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် Android Boot Camp (Android Development ဆိုင်ရာဆွေးနွေးဟောပြောပွဲ)တစ်ခုကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ Android Boot Camp မှာ မိုဘိုင်းဖုန်းဆိုင်ရာဗဟုသုတများ ၊ သိမှတ်ဖွယ်ရာများ ၊ Android app ရေးရန်စိတ်ပါဝင်စားသော Beginner များ ၊ Mobile Users များအတွက် ၊Android application ရေးသားခြင်းဆိုင်ရာအခြေခံသဘောတရားများနှင့်
Android app အခြေခံရေးသားနည်းများ ၊ Custom ROM ပြုပြင်ဖန်တီးခြင်းနည်းလမ်းများကိုရှင်းလင်းပြသသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် Android application များ ၊ Android application ရေးရန်လိုအပ်သော Toolkit များ ၊
SDK များကိုလည်း Camp သို့တက်ရောက်သူတွေကို မျှဝေပေးသွားမှာပါ။
တက်ရောက်မယ့်သူတွေအနေနဲ့ laptop/ netbook တစ်ခုခု (သို့) မှတ်စရာတစ်ခုခု
ယူဆောင်လာရင် ပိုအဆင်ပြေပါတယ်။ Mobile Camp (မိုဘိုင်းဖုန်းဆိုင်ရာဟောပြောပွဲ) သို့မည်သူမဆိုတက်ရောက်နိုင်ပါတယ်။ တက်ရောက်ရန် စာရင်းပေးထားဖို့လိုပါတယ်။
Android BootCamp ပြုလုပ်မည့်နေ့ရက်ကတော့ ၂၈.၇.၂၀၁၃ ရက်နေ့ဖြစ်ပြီး နေ့လည် ၁ နာရီမှာ Camp စတင်မှာဖြစ်ပြီး ညနေ ၄ နာရီအထိပါ။ တက်ရောက်လိုသူများ
ဖုန်းနံပါတ်- 0943052972 သို့ဆက်သွယ်၍ စာရင်းပေးထားရပါမယ်။ Camp သို့တက်ရောက်ရန် လူအရေအတွက်ကန့်သတ်ထားတာဖြစ်တာကြောင့် တက်ရောက်လိုသူများ အမြန်စာရင်းပေးထားကြဖို့လိုပါသည်။
Android BootCamp ပြုလုပ်မည့်နေရာကတော့ အမှတ် 184-186, ဒုတိယထပ်, ၄၅ လမ်း(အထက်), ဗိုလ်တစ်ထောင်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

No comments:

Post a Comment