Thursday, July 4, 2013
မေတ္တာရှင်ရွှေပြည်သာ ဆရာတော်မှ ဆောင်းပါးမှ မှတ်သားစရာလေးပါ
လူမျိုးစုတိုင်းတွင် ကိုးကွယ်ယုံကြည်မှု့  ဘာသာတစ်ရားလက်ကိုင်ထားသည်ဟု စာရေးသူခံယူချက်ထား၍
ကျွန်ုပ်တို့  ထေရဝါဒ ဗုဒ္ဒဘာသာတွင်လည်း အောက်ပါဆိုရိုးစကားလေးရှိပေသည်။
*သဘောထားသေးသိမ်သောသူသည်
သူတစ်ပါးကို အပြစ်သာ မြင်လေ့ ရှိ၏၊
*သဘောထားပြည့် ဝသော သူများကား
မိမိအပြစ်ကိုသာ မြင်လေ့ ရှိ၏၊
*သဘောထားအပြည့် ဝဆုံးပုဂိုလ်များကား
မည်သူ့ ကိုမှ အပြစ်မမြင်တော့။
မေတ္တာရှင်-ရွှေပြည်သာ ဆရာတော်စာပေစုမှ
ရွ့ံညွန်သည် ရေကြောင့် ဖြစ်၏။
ရေကြောင့် ရွ့ံညွန်ကို စင်ကြယ်စေလိုလျှင်
ရေဖြစ်ပင်ပြန်လည်ဆေးကြောရ၏။
ထို့ အတူ လောဘ၊ဒေါသ စသော
ကိလေသာများသည် စိတ်ကြောင့် ဖြစ်၏၊
စိတ်ကြောင့် ဖြစ်သော လောဘ ဒေါသစသော
ကိလေသာများ စင်ကြယ်စေလိုလျှင်
စိတ်(ဝိပသာနာ)ဖြင့် ပင်
ပြန်လည်ဆေးကြောရ၏။
မေတ္တာရှင်-ရွှေပြည်သာ ဆရာတော်စာပေစုမှ
ဘလောက်ဂါ အလင်းရောင်ကြယ်များမှ တဆင့်ကူးယူမျှဝေတင်ပြပါတယ်
Credit:hlaingmoeko.blogspot.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment