Thursday, August 15, 2013

Huawei ဖုန်းတွေရဲ့ Unlock Code တွေကို Double Click နှိပ်ရုံနဲ့ သိအောင်လုပ်ပေးမယ်

Post Admin - မောင်ပေါက်

Huawei ဖုန်းတွေရဲ့ Unlock Code တွေကို Double Click နှိပ်ရုံနဲ့ သိအောင်လုပ်ပေးမယ့် ဆော့ဝဲတစ်ခု တင်ပေးလိုက်ပါတယ်... IMEI နံပါတ်ကိုထည့်ပြီး Generate ကိုနှိပ်လိုက်ရုံနဲ့ Unlock Code ကိုဖေါ်ပြပေးမှာပါ.. Huawei တွေ အတွက်ပဲနှော်.. နောက်ဆုံးထွက်အားလုံး ရ၊ မရတော့ မသိဘူး..

ကဲပြောနေကြာတယ်.. ဒေါင်းကြပေတော့ဗျို့..



မောင်ပေါက်

Download Links:

Android သုံးသူများအတွက် သိသင့်သည့် Code များ

Backup လုပ်ရန်
*#*#273283*255*663282*#*#* -  {Backup လုပ်ရန်}


Service mode သို့ဝင်ရန်
*#*#197328640#*#* - {Service Mode သို့ဝင်ရန်}


Reset လုပ်ရန်
*2767*3855# –  {Factroy reset လုပ်ရန်}
 (မှတ်ချက် - reset လုပ်လျှင် မှတ်ထားသော အကြောင်းအရာများ၊ setting များ အကုန်ပျက်မည်။)



*#*#7780#*#* - {Factory Data reset လုပ်ရန်}
(မှတ်ချက် - Factory Data reset ပြုလုပ်လျှင် ဖုန်းထဲရှိ Google Account setting၊ install လုပ်ထားသော application၊ phone memory ထဲတွင် သိမ်းထားသော ဖုန်းနံပါတ်များ၊ ဖုန်းထဲတွင် Download ပြီး ဖုန်း memory ထဲတွင် သိမ်းထားသော game & application အားလုံးပျက်မည်။)


Phone information ပိုင်းကြည့်ရန်
*#*#4636#*#*- {battery information & history, phone information, usage statistics}

ဂန္ဒီ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 

====================၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။

၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။

၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။

၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။

၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။

1. Live as if you were to die tomorrow. Learn as if you were to live forever.

2. An eye for an eye only ends up making the whole world blind.

3. A man is but the product of his thoughts what he thinks, he becomes.

4. The greatness of a nation can be judged by the way its animals are treated.

5. First they ignore you, then they laugh at you, then they fight you, then you win.

Via:douknow
International news for myanmar

Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြုနည်း



ယ္ခု နောက်ပိုင်း အသုံးများနေတဲ့ Modeal တစ်မျိုးပါ တန်ဖိုးနည်း လိုင်းကတ်ဖြစ်သော 1500 တန် များအသုံးများနေကြတာတွေ့မြင်ရပါတယ်။
Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြု လို့ ရပါတယ်

Firmware ဟြေင်းလဲပြီးတော့ တင်ကြည့် ရအောင် ဗျာ ..။

ဒီနေရာမှ Download ဆွဲလိုက်ရအောင်ဗျာ

http://cn.ui.vmall.com/nsp/geturl.php?path=C8813_EmotionUI_1.6_V100R001C00B606.zip&validate=JJC7rmA39rKMaNvVN&pid=187


မိမိ ဒေါင်းလော့ဆွဲလို့ ရလာတဲ့ အထဲ မှ . Zip ကို ဖြည် လိုက် ရင် dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
အရေးကြီးတာကတော့ Firmware တင်ဖို့ကအဓိက SD card ကောင်းကောင်းတစ်ကဒ်လိုပါတယ်။
ဘာလို့လဲဆိုတော့ သင် Firmware ဖိုင်ကို ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်းစသည့် အခြေအနေ များကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ဖုန်းအား Power ပိတ်လိုက်ပါ။
ပီးရင် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
ခုနက zip ဖိုင်ဖြည် ချထားတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။

သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင်
System Setting > Storage> Software Upgrade> SD card upgrade> Select “OK”
ပေးလိုက်ပါ။
Restart ကျသွားပါလိမ့်မယ်။
သူအလိုလို အလုပ်လုပ်ပါလိမ့်မယ် - Step 1> Step2 > Step 3

ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။
Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
Restart ထပ်ကျပြီး ပြန်တက်လာလျှင် Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြုနိုင်ပါပြီ။

***************
Zealot Myatko

Saturday, August 10, 2013

ANDROID ဖုန်းများကို PC SUITE ဆော့ဖ်ဝဲဖြင့် VERSION မြှင့်ခြင်း၊ APPS များ INSTALL လုပ်ခြင်း


 မကြာခဏ မေးမြန်းနေကြတဲ့ သူငယ်ချင်းများ၊ဖုန်းချစ်သူများအတွက် ဒီပို့စ်လေးကို ရေးလိုက်ရတာပါ။ 
မိမိဖုန်းကို Version မြှင့်ချင်လို့ Firmwares တွေကိုဒေါင်းလုပ်ယူ၊အင်စတောလုပ်ကြနဲ့ တချို့(အနည်းငယ်)
သာ အဆင်ပြေကြပြီး တချို့ဖုန်းတွေ အဆင်မပြေတဲ့အပြင်ဖုန်းက ဖွင့်လိုက်ရင်ဘာမှကို ပေါ်မလာတော့
ပါ။
ဘာကြောင့် အဲလိုဖြစ်ရတာလဲဆိုတော့ မတန်တဆ လောဘတကြီး Version ကိုမြှင့်လိုက်တဲ့အတွက်ပါ။
ဖုန်းက Android Version 2.1 ကို Firmwares နဲ့ Version 4.0 ကိုတခါထဲမြှင့်လိုက်ရင် ဖုန်းထဲမှာရှိနေတဲ့
Chipset နဲ့ မူလ System တွေက ကမောက်ကမ ဖြစ်ပြီး အလုပ်မလုပ်တော့တဲ့ အတွက်ဖုန်းကိုဖွင့်လိုက်ရင်
Screen မှာဘာမှပေါ် မလာနိုင်တော့ပါ။ဖုန်းကလဲ အမှိုက်ပုံးထဲ သာ ထည့်လိုက်ရမှာဖြစ်ပါတယ်။ဒီနေရာမှာ
နားလည်လွယ်အောင် ဥပမာတခုနဲ့ပြောပါရစေ..။ဥပမာ..ပေါင်ချိန် ၅၀-သာထမ်းနိုင်တဲ့လူတယောက်ကို 
ပေါင် ၃၀၀ လောက်ထမ်းခိုင်းလိုက်ရင် မထမ်းနိုင်တဲ့အပြင် နေရာကတောင် ထနိုင်မှာ မဟုတ်ပါဘူး။အဲဒီ
သဘောတရားလေးအတိုင်းပါဘဲ။

ဒီတော့..ဖုန်းချစ်သူများ အဲလိုမဖြစ်ကြရအောင် PC Suites များကို သုံးပြီး Update လုပ်နိုင်တဲ့ Versions များနဲ့ တခြားလိုချင်တဲ့ ဆော့ဝဲများကို အင်စတောလုပ်ကြပါလို့အကြံပေးချင်ပါတယ်။
PC Suites တွေကို ဘယ်လိုသုံးမလဲ ဆိုရင်.....

(၁) မိမိဖုန်းမှာ Internet Connection ကို ဖွင့်ထားပါ။

(၂) Setting ကိုဝင်ပြီး USB Debugging ကိုအမှန်ခြစ်ပေးထားပါ။

(၃) USB Cable ကိုအသုံးပြုပြီး ဖုန်းကို Computer နဲ့ချိတ်ဆက်ပါ။

(၄) Computer မှာအင်စတောလုပ်ထားတဲ့ PC Suite ကအော်တိုတက်လာပြီး ဖုန်းကို PC နဲ့ Connect လုပ်
     ပေးပါလိမ့်မယ်။

(၅) PC Suite မှာမိမိဖုန်းရဲ့ အမျိုးအစားနဲ့ Version ပေါ်လာရင် မိမိဖုန်းအတွက် အခုဗားရှင်းထက်မြင့်တဲ့ဗားရှင်း
     Update လုပ်ဖို့ပြနေရင် အဲဒါကို အင်စတော အရင်လုပ်ပါ။(အနဲဆုံး နာရီဝက်မှတနာရီထိကြာနိုင်ပါတယ်။)

(၆) ပြီးရင် ဆော့ဝဲကဖုန်းကို Reboot လုပ်ပေးပါမယ်။
(၇) ဖုန်းပြန်ပွင့်လာရင်မိမိ ဖုန်းရဲ့ ဗားရှင်းကိုပြန်ကြည့်လိုက်ပါ။နဂို Version ထက်မြင်တဲ့ Version ကိုတွေ့ရမှာပါ။

     တလကို ၂-ကြိမ်ခန့် Update Version ရှိ၊မရှိ စစ်ကြည့်ပြီးတဖြေးဖြေးချင်း ဖုန်း Version ကိုမြှင့်ယူပါ။တခါထဲနဲ့ တော့ မြှင့်လို့မရပါ။နည်းစနစ်လဲ မကျပါ။ဖုန်း ပျက်ဖို့ကတော့သေချာပါတယ်။(ပိုက်ဆံအရမ်းပေါနေရင်တော့
     လုပ်နိုင်ပါတယ်)

(၈)ပြီးမှ ကိုယ်လိုချင်တဲ့ Apps များကိုတစ်ခုချင်း အင်စတောလုပ်ယူနိုင်ပါပြီ။

                      Android ဖုန်းများအတွက် PC Suites များ

           MOBOROBO       Download Link

           MOBOGENIE       Download Link 

          Huewai CDMA       Download Link

 Credit : David Aung

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ Pro Myankey V2.0 Beta 5 For Android



Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။ 
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့ 
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )


" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ 
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။

Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 

အားလုံးပဲ အဆင်ပြေကြပါစေ.... ။

Huawei Company HomepageHuawei Device Homepage