Saturday, August 3, 2013
ဇူလိုင်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
လူငယ်နှင့် အချိန်
လူတစ်ယောက်၏ ဘ၀တွင် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ အသက်အရွယ် အပိုင်းအခြား သုံးမျိုးရှိပါသည်။ ထိုအရွယ်သုံးပါးတွင် ပထမအရွယ်ဖြစ်သည့် လူငယ်ဘ၀သည် အရေးအကြီးဆုံး အချိန်ဖြစ်ပါသည်။ လူတစ်ယောက်အား အဆောက်အအုံ တစ်ခုအဖြစ် သဘောထားလျှင် လူငယ်ဘ၀သည် ထိုအဆောက်အအုံ၏ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်သည်။ အုတ်မြစ်မခိုင်မာသော အဆောက်အအုံတစ်ခုသည် ခိုင်မြဲစွာ တည်တံ့နေစေရန် မစွမ်းသာပါ။ ထို့အတူ လူငယ်ဘ၀တွင် အခြေခံ မကောင်းခဲ့သော သူတစ်ယောက်သည်လည်း ဘ၀တစ်လျှောက်လုံးတွင် အောင်မြင်မှုများ ရနိုင်ရန် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ လူငယ်ဆိုသည်မှာ တစ်ချိန်တွင် တိုင်းပြည်၏ ဦးဆောင်သူများ ဖြစ်လာမည် ဖြစ်သည့်အတွက် လူငယ်များ၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ်ပင် ဖြစ်သည်။
လူငယ်ဘ၀တွင် အရေးကြီးဆုံး အရာသည် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးပင် ဖြစ်သည်။ အချိန်ဆိုသည်မှာ လူတစ်ယောက်အတွက် အစားထိုး ပြန်မရနိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူငယ်ဘ၀သည် အချိန်ကို ပေါပေါများများ ရရှိနိုင်သည့် အရွယ်ဖြစ်ပြီး ထိုအချိန်တွင် မိမိ၏ တန်ဖိုးရှိသော အချိန်များကို ကောင်းမွန်အကျိုးရှိစွာ အသုံးချရမည့်အချိန် ဖြစ်ပါသည်။ လူငယ်ဘ၀တွင် အချိန်ကို ကောင်းမွန်စွာ အသုံးချနိုင်မည် ဆိုပါက အောင်မြင်မှုများကို ရရှိခံစားနိုင်ပါသည်။ ထို့အတူ လူငယ်ဘ၀တွင် ရရှိခဲ့သော အချိန်များကို တန်ဖိုးမဲ့စွာ ဖြုန်းတီးခဲ့ပါကလည်း တစ်ချိန်ချိန်တွင် နောင်တတရား၏ နှိပ်စက်မှုဒဏ်ကို ခံစားရပါလိမ့်မည်။ အချိန်ကို အကျိုးမဲ့ ဖြုန်းတီးခြင်းသည် မိမိဘ၀ကို မိမိလက်ဖြင့် ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ယခုအခါတွင် လူငယ်အတော်များများသည် မိမိ၏ တန်ဖိုးရှိသော အချိန်များကို ဘ၀တိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးပြုရမည့်အစား အကျိုးမဲ့ ကိစ္စရပ် များစွာတွင် ဖြုန်းတီးပစ်လျက် ရှိနေသည်ကို ၀မ်းနည်းစွာ မြင်တွေ့ရလျက် ရှိသည်။ လူတိုင်းလူတိုင်းသည် မိမိကံကြမ္မာ မိမိဖန်တီးရသည်သာ ဖြစ်သည်။ ထို့အတွက် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုခြင်း မပြုခြင်းသည်လည်း မိမိ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သည်။ အချိန်ကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပါက ထိုအတွက် တန်ဖိုးကို ခံစားရမည် ဖြစ်သလို မိမိ ဖြုန်းတီးခဲ့သော အချိန်များအတွက် နှမြောတသ နေရမည်ကလည်း မိမိသာ ဖြစ်သည်။
အချိန်လွန်မှရသော နောင်တသည် ကောင်းကျိုးတစ်စုံတစ်ရာ မရှိနိုင်ပါ။ ကုန်ဆုံးသွားသည့် အချိန်များကို အစားထိုး ပြန်ရနိုင်မည်လည်း မဟုတ်ပါ။ ထို့ကြောင့် လူငယ်များ အနေဖြင့် ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ရောက်နေသည့် ရောက်ခဲ့သည့် သူတိုင်းသည် အချိန်ကို တန်ဖိုးရှိစွာ အသုံးချခဲ့သူများ ဖြစ်သည်ဆိုသည့် အချက်ကို သတိပြုရင်း အချိန်၏ တန်ဖိုးကို နားလည်သဘောပေါက်လာကာ အကျိုးရှိစွာ အသုံးချကြပါရန် The Daily Eleven နေ့စဉ်သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application
Saturday, October 13, 2012  ဝင်းကမ္ဘာကျော်
Screenshot No Root Shakeshot 
 ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application လေးပါ။
  install > open > accept > hide
ကိုယ်လိုချင်တဲ့ ပုံကို phone screen မှာပေါ်စေပြီး ဖုန်းကိုလှုပ်လိုက်ပါ။
  Download
ဖုန်း အမျိုးအစားတွေများတာကြောင့် အားလုံးအဆင်ပြေအောင် နောက်ထပ် နှစ်မျိုးပါတွဲတင်ပေးလိုက်ပါတယ်...။
(or)
GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
 GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
--------------------------------------------------------------------
Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင် Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာတွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊
Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း ( မြန်မာလို )
ကိုပြည့်ဖြိုး ( ပြည် ) ရေးသားတဲ့  Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း  မြန်မာလို စာအုပ်လေးပါခင်မျာ..လေ့လာလိုသူများအတွက် တင်ပေးလိုက်ပါပြီ..
Download => Link 1 / Link 2
မန္တလေးအနီး လယ်ဧကရာချီ တရုတ်ဝယ်
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော်နှင့် အနီးတစ်ဝိုက်ရှိ လယ်ယာမြေ ဧက ရာဂဏန်းခန့်ကို ယခုနှစ်ဆန်းပိုင်းမှ ဇူလိုင်လကုန်အထိ တရုတ်ဝယ်လက်များ ဝယ်ယူလျက်ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တူညီစွာ ပြောကြားသည်။ တရုတ်နိုင်ငံ၌ လယ် တစ်ဧကလျှင် မြန်မာငွေ ကျပ်သိန်း ၃၀၀ ခန့် ပေါက်ဈေးရှိပြီး မြန်မာနိုင်ငံ၌ တစ်ဧကလျှင် ကျပ် ဆယ်ဂဏန်းဖြင့် ဝယ်ယူရလွယ်သော လယ်ယာမြေ အကွက်များ ရှိခြင်းကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
kp3နည်းပညာ၊၂၅၈၊ဘလော့မှာ 3D မြေပုံနဲ့ Visitors တွေရဲ့နိုင်ငံကိုပြတဲ့ Widget လေးထည့်နည်း
ဒီမှာသွားပြီးသွားယူလိုက်ပါ။မိမိကြိုက်တာကိုရွေးပြီးအောက်က Code ကို
၁။Layout
၂။Page Element
၃။Add a gadget သွားမယ်၊အောက်က
၎။Html/java script မှာအောက်က Code ကိုထည့်လိုက်ပါ။
မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
လော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု
Friday, August 2, 2013
Androidဖုန်းတွေလေးနေတယ်ဆိုလို့ Ram Manager Pro v5.0.1လာပါပြီ
Androidဖုန်းတွေမှာ ခနခနကြုံတွေ့ ဖူးမှာပါ မိမိကApplicationတွေ GameတွေအများကြီးRunထားပြီးတော့ ဒီတိုင်းထားထားမျိုးတွေမှာ ဟန်း ဖြစ်သွားတတ်ပါတယ်
တစ်ခါလေကျရင် စိတ်တောင်မရှည်ဘူး ဟန်းနေတာကို အကြာကြီးထိုင်စောင့်နေရတယ်
ဘာမှလဲလှုပ်ရှားလို့ မရဘူး အဲဒါကြောင့်ဒီApkလေးကို သုံးလိုက်ရင်အဆင်ပြေမယ်လို့ ထင်ပါတယ်
ဒီမှာဒေါင်းလော့ရယူပါzippyshare
Google playမှာယူချင်ရင်နှိပ်လိုက်                     Adminခိုင်စိုး(ရောသမမွှေ)