Wednesday, July 31, 2013

ထမင်းစားပြီး လူလို နားမလည်





ကဲ ...
လူကို သတ်တဲ့ စစ်သားကြီး ဖြစ်ချင်တယ်ဆိုတဲ့ ကိစ္စလေးပေါ့ ။စစ်သားဆိုတာက နိုင်ငံရဲ့ အချုပ်ခြာ အာဏကို ထိပါးလာတဲ့ သူမှန်သမျှ တိုက်ခိုက်ရင်း သတ်ကြရတာကြီးပဲ ။ကိုယ်မသတ်ရင် သူ သတ်မှာပဲ ၊ ပြီးတော့ ကိုယ်သေရင် ကိုယ့်မြေရမယ် ( ကိုယ့်မြေဆိုတာ အဓိပ္ပါယ်အများကြီးပါတယ် ) ။ ဒီတော့က စစ်သားဆိုတာ ရန်သူကို မသတ်ပဲ ၊ ဘာကို သတ်ရမှာလဲ ။နိုင်ငံရဲ့ အချုပ်ခြာ အာဏာကို ထိပါး စော်ကားနေ တာက ခွေးလား ၊ တိရိစ္ဆာန်တွေလား ?

သေချာတာတော့ဗျာ ။ထမင်းစားပြီး လူလို နားမလည်ဖြစ်နေတာ ။ ဒါလေးဖတ်လိုက် ။

သီတဂူဆရာတော်ဟောတဲ့ စစ်သား အကြောင်း



ငါဘာယူသွားမလဲ၊ အားလုံးမေးကြပါ။ ငါတိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါဘာတွေထားခဲ့မလဲ။ အဲဒီမေးခွန်းနှစ်ခု နာနာမေးပြီးတော့ အဖြေမှန်ထွက်အောင် ကြိုးစားကြစမ်းပါ။

လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဆောင်ရွက်ကြတဲ
့-လူတွေအားလုံး၊ အထူးသဖြင့်တော့ အသက်စွန့်ပြီးတိုင်းပြည်အတွက် အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော် သားတွေ။ နော်-အသက်စွန့်ပြီးတော့ဆောင်ရွက်ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဘုန်းကြီးတို့က-ဘုန်းကြီးရဲ့စိတ်ထဲမှာ ဘုရားလောင်းတွေလို ဘုန်းကြီးက ကြည်ညိုတယ်။ လေးသင်္ချေကမ္ဘာတစ်သိန်း ဘုရားလောင်း ကျင့်စဉ်တွေကို ကြည့်ကြည့်၊ သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက် ဘုရားအလောင်းဘာလုပ်လဲ၊ အသက်စွန့် တာတွေ အများကြီးပဲ။အားလုံးပရိတ်သတ်-မေးမယ်၊ စွန့်ခြင်းကြီး ဘယ်နှပါးလဲ။

တစ်-က ၊ `ဓနပရိစာဂ´သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက် ငါ့ပစ္စည်း ဆုံးရှုံးချင်တိုင်းဆုံးရှုံးပစေ-ဒီလို မဟုတ်လား၊ ဘုရားလောင်းစိတ်ဓါတ်မွေးရမယ်။ နောက်တစ်ခုက ဘာလဲ၊ `ဓနပရိစာဂ´ပြီးရင် `ဘယိယ ပရိစာဂ´ဆိုကြပါစို့။ `ဘရိယပရိစာဂ´မယားစွန့်တာ။ ဒါပေမယ့် ရှေ့တန်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့၊ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေ၊ သူတို့က ဟိုမှာတိုက်ပွဲစွန့်နေတုန်း ဒီကအမျိုးသမီးက တစ်ခါတစ်ခါ ဘာဖြစ်သွားမှန်းမသိဘူး။ စွန့်လိုက်ရတာတွေ၊ ပြန်လာတော့ - ဟယ် - ဆို၊ မရှိတော့ဘူး။ အဲဒါမျိုးတွေအများကြီးပဲ။ သူတို့ကိုယ်တိုင်လည်း အသက်စွန့်သွားတယ်၊ ဒီကအမျိုးသမီး၊ မုဆိုးမဖြစ် ကျန်ရစ် တာတွေ။ နိုင်ငံရေးလုပ်တဲ့ နိုင်ငံခေါင်းဆောင်တွေလည်း အသက်စွန့်ပြီးတော့ ဒီလိုပဲလုပ်ကြရတယ်။ အဲဒါကြောင့် ဘုန်းကြီးက အရမ်းကြည်ညိုတယ်။ သြော်-နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တပ်မတော်သားတွေဟာ ဘာလဲ။ ဘုရားလောင်းတွေ၊ ဘုရားအလောင်းကျင့်စဉ်ပဲ။

(၁) . . . စီးပွားဥစ္စာလည်း စွန့်လွှတ်ရတယ်။ 
(၂) . . . သားသမီးလည်း စွန့်လွှတ်ရတယ်။
 (၃)-သားမယားလည်း စွန့်လွှတ်ရတယ်။ 
(၄) . . . အင်္ဂါအစိတ်အပိုင်း၊ ခြေထောက်တွေပြတ်. . .။ လက်တွေပြတ် . . . ။ မျက်လုံးတွေကန်း . . . ။ ဘာတွေလဲ- `အင်္ဂပရိစာဂ´။
နောက်ဆုံး (၅) အသက်စွန့်တယ်။
အဲဒါကြောင့် ဘ၀မှာ- ကောင်းကောင်းထားပစ်ခဲ့နိုင်အောင်၊ ကိုယ့်အတွက်လည်း ကောင်းတာလေးတွေ ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာဖြစ်ပါတယ်။ခြေထောက်တွေပြတ်လို့၊ လက်တွေပြတ်လို့၊ မျက်လုံးတွေကန်းလို့၊ နိုင်ငံတော်အတွက် ဆောင်ရွက်ကြတဲ့ တပ်မတော်သားတွေ ၊ နိုင်ငံရေးခေါင်းဆောင်တွေ ၊ လူမှုရေး ဘာသာရေးအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ နိုင်ငံမှာ အများကြီး။ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဘုန်းကြီးက ဒီကနေ့ ဂုဏ်ပြုတယ်။ ကျေးဇူးတင်တယ်။ သြော်-ဘုရားလောင်း စိတ်ဓါတ်နဲ့ အလုပ်လုပ်ကြတာ . . . ။ ဒီအတိုင်းလည်း ဆက်လုပ်ကြ။

(အဂ္ဂမဟာပဏ္ဏိတ၊ အဂ္ဂမဟာ ဂန္ဓ၀ါစကပဏ္ဏိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ၊
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ သီတဂူဆရာတော်)
Dr. ဘဒန္တတ ဥာဏိဿရ




ကဲ ...

ထမင်းကို ၁ နေ့ ဘယ်နှစ်နပ် စားသလဲ မောင် လင်းလင်း ။
ဗုဒ္ဓ ဘာသာလို့ ပြောပြီး တရားတော် တွေ အကြောင်းရော ဘယ်လောက်သိသလဲ မောင် လင်းလင်း ။

မကျေနပ် ချက် ၁ ခုတည်းနဲ့ ပုတ်ခတ်လိုက်တဲ့ သီချင်း ၁ ပုဒ်က ၊ အနုပညာ အရည်အချင်းကို ဖော်ပြလိုက် သလို ၊ ထမင်းစားပြီး လူ ၁ ယောက်လို နားမလည်တက်ဘူးဆိုတာ ပေါ်လွင်သွားတယ် ။နောက် ၁ ချက် က ကိုယ်စားတဲ့ ထမင်းကို တန်ဖိုး မသိတဲ့သူဖြစ်သွားတယ် ဆိုတာ မောင်လင်းလင်းလေး သိပါလေစ ။

ဖိနပ်ဆွဲပြီး ဘေးက ပြေးလိုက်တဲ့ အဆင့်က တက်ပြီး ၊ ထဘီထုတ် ဆွဲ ဖြစ်ဖို့များ ကြိုးစားနေသလားပဲ
 ( ဘိန်းမှုနဲ့ ထောင်ကျတဲ့ rapper ကြီးလိုလေ ) ။ ဒါတွေကို ဒီလိုလုပ်နေမဲ့ အစား ၊ သီတဂူဆရာတော်ကြီး စီမှာ တရား သွားနာရင်း အလုပ်အကြွေးပြုတာမှ နောင်ဘ၀ လမ်းကူး ဖြောင့်လိမ့်မယ် မောင်လင်းလင်းရေ .

အပူလောင် အမာရွတ်ပျောက်နည်း (တော်တော်အသုံးဝင်တဲ့နည်းလေးပါ)

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/580693_583344498372859_1554710247_n.jpgမီးလောင်, အပူလောင်, ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင်အမာရွတ် ကျန်မနေရစ်ဘဲ
နဂိုအသားအရေရောင်ကဲ့သို့ ပြန်လည်ဖြစ်စေရန်(အနာသက်သာ ပျောက်ကင်းစမှစ၍)ကွမ်းသီးအား ကျောက်ပျဉ်တွင် သွေး၍ရရှိသောကွမ်းသီးအရည်အား နေ့စဉ် မကြာခဏ အနည်းဆုံး တနေ့(၃)ကြိမ်ထက်မနည်း လိမ်းပေးစေခြင်းဖြင့်မူလအသားအရေအရောက်ကဲ့သို့ပင် ပြန်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
Credit by mixgawli

အပူလောင် အမာရွတ်ပျောက်နည်း (တော်တော်အသုံးဝင်တဲ့နည်းလေးပါ)

အပူလောင် အမာရွတ်ပျောက်နည်း (တော်တော်အသုံးဝင်တဲ့နည်းလေးပါ)

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/580693_583344498372859_1554710247_n.jpgမီးလောင်, အပူလောင်, ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင်အမာရွတ် ကျန်မနေရစ်ဘဲ

ဆေးဖက်ဝင် ရှောက်သီးနှင့် ရှောက်မြစ် အကြောင်း

 
(၁)အုန်းနို့ ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါး အ၀ စားမိသည့် အခါတွင် ရှောက်ဖျော် ရည်ကို သောက်ပေးခြင်းဖြင့် သွေး တိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက် စေသည်။

မျက်ကပ်မှန်သုံးတဲ့ သူငယ်ချင်းများ သတိထားပါ

မျက်ကပ်မှန်သုံးတဲ့ သူငယ်ချင်းများ သတိထားပါ.... !!!!( ★Super Warning★)

ဒီပုံကို သေချာကြည့်ပါ ... တော်တော်ကိုကြောက်ဖို့ ကောင်းပါတယ်
ဒါ ပိုးဝင်နေတဲ့... (မသန့်ရှင်းတဲ့)မျက်ကပ်မှန်တပ်ခြင်းရဲ့ အကျိုးဆက်ပါ ..... တခြားသူတွေ သိအောင် Share ပေးပါ......



(★မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်သာသုံးပါ.

...
★မျက်ကပ်မှန်တစ်စုံကို 4လ မှ 6 လအတွင်း ပြောင်းလဲသုံးပါ .....
★မျက်ကပ်မှန် တပ်နေစဉ် မျက်သားထိခိုက်မှု ခမ်းခြောက်မှု နဲ့ ပိုးဝင်မှုတို့ ကို ကာကွယ်ရန် မျက်စဉ်းအမြဲခတ်(ဆောင်ထား)ပ
ါ )
To Day Myanmar-www.mixgawli.blogspot.com

ကျီးပေါင်းအတွက် သင်္ဘောရွက်...... ( ကင်ဆာရောဂါအတွက်လည်း ကောင်းကြောင်း )

ကျီးပေါင်းအတွက် သင်္ဘောရွက်.

 credit(www.mixgawli.blogspot.com)
ကျွန်ုပ်သည် သင်္ဘောသီး၏ အကြောင်းရေးသားရှာဖွေတင်ပြဘူးသလို
အခုလည်း သဘောင်္ရွက်အကြောင်းတင်ပြပေးပါအုန်းမည်။ဖတ်လိုက်ရအောင်

..... ( ကင်ဆာရောဂါအတွက်လည်း ကောင်းကြောင်း )

ကလေးများ ပြည့်တန်ဆာများအဖြစ် အသုံးချခံရမှု FBI နှိမ်နင်း

 
အမေရိကန် ပြည်ထောင်စုတွင် ကလေးများ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ရောင်းစားခံနေရခြင်းများကို
နှိမ်နင်းသည့် သူတို့၏ အဆိုအရ အကြီးဆုံး စစ်ဆင်ရေးတစ်ခု ဆင်နွှဲခဲ့သည်ဟု ဆို၍ ကလေးတစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း FBI ထောက်လှမ်းရေး အဖွဲ့ကြီးက ပြောကြားသည်ဟု သိရသည်။