Wednesday, July 24, 2013

GSM တယ်လီဖုန်းများအား အင်တာနက် မြန်နှုန်း တိုးမြှင့် အသုံးပြုနိုင်


 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း အသုံးပြုခွင့် ပေးခဲ့သည့် အင်တာနက် အသုံးပြုနိုင်သော GSM, WCDMA, CDMA-800 MHz တယ်လီဖုန်း လိုင်းများထဲမှ GSM ကိုလည်း အင်တာ နက် မြန်နှုန်းအား အသုံးပြု သည့်ဖုန်းအမျိုးအစားပေါ် မူတည်၍ တိုးမြှင့်အသုံးပြု နိုင်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ယခုလက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေကို 2G,3G ဆိုပြီး နှစ်မျိုးခွဲထားတယ်၊ WCDMA, CDMA-800 MHz တွေက 3G network၊ GSM က 2G network ဆိုပြီးတော့ပေါ့၊ အင်တာနက် အသုံးပြုခကိုလည်း GSM အတွက် တစ်မိနစ်နှစ်ကျပ်၊ ကျန်တဲ့ဖုန်းတွေက တစ်မိနစ်လေးကျပ် ပေးရပါတယ်၊ အင်တာနက်မြန်နှုန်း ဆိုတာကတော့ ကိုယ်ဝယ်ယူခဲ့တဲ့ ဖုန်းအမျိုး အစား ပေါ်မူ တည်ပြီး ပြောင်း သုံးနိုင်ပါတယ်၊

မိမိဖုန်းမှာ 3G စနစ်ပါရင် network operators ထဲက network automatically ကို မှတ်ထားလိုက်ရင် နီးစပ်ရာ အင်တာနက် လိုင်းများမှ 3G ရှိရင် 3G လိုင်းကို ဖုန်းကတစ်ဆင့် သုံးနိုင်မှာပါ၊ 3G စနစ်သုံး WCDMA, CDMA-800 MHz ဖုန်းတွေလည်း 3G network မမိရင် 2G စနစ်ကိုပဲ အလိုလိုပြောင်း သွားမှာပါ၊ တစ်သိန်းအောက် ပေးရတဲံ့ Huawei ဟန်းဆက်တွေ မှာ မြန် မာနိုင်ငံနှင့် သင့်လျော်တဲ့ စနစ်တွေ တော်တော်များများ ပါဝင်ပါတယ်၊ CDMA-800 MHz အတွက် အင်တာနက်လိုင်းက သီးသန့်ဖြစ်နေလို့ ပြောစရာ မလိုပေမယ့် GSM နှင့် WCDMA ဖုန်းတွေ ဝယ်တဲ့အခါမှာ 2G စနစ်ပဲ သုံးနိုင်တဲ့ ဟန်းဆက်ကို ဝယ်လိုက်ရင် 3G network ကို သုံးလို့ရမှာ မဟုတ်ပါဘူး'' ဟု မိုဘိုင်းလ်နှင့် အင်တာနက် အသုံးပြုနေသူ တစ်ဦးထံမှ သိရသည်။
Ref : မြဝတီ 

Tuesday, July 23, 2013

မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ

မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်မည့်သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးတာဖြစ်ပါတယ် ။

ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက်ပြီး Special Pass လျှောက်ထားရန်အတွက် တုံကင် ယူကာ ပြန်လည်ချိန်းဆိုးသောနေ့တွင် ဒဏ်ငွေ ၄၀၀ ရင်းဂစ်ပေးဆောင်ပြီး ချိန်ဆိုသောနေ့တွင်လေယာဉ်လက်မှတ်ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။

ယခုပြောင်းလဲလိုက်သော အစီအစဉ်အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား

ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်

သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။

သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများပေးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီဖြစ်ပါသည် ။

ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှစတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ တောင်းခံလိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်းသိရသည် ။

သို့ကြောင့် မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီဖြစ်သော်လည်း ပေးဆောင်ရမည့်ဒဏ်ငွေများမှာတော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ရေးသားတင်ဆက်ပေးရပါသည် ။

မလေးရှားရောက်မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy
www.edinooyin.com

GSM နည်းပညာ

ကျွန်တော်တို့သုံးနေကြတဲ့ GSM ဖုံးတွေဟာ ဆယ်စုနှစ် နှစ်စုကျော်လောက် ရှိနေပြီဖြစ်တဲ့ နည်းပညာတစ်ခုပါ၊ တည်ငြိမ်မှု အဆင်ပြေမှု ရနိုင်မယ့် ဆားဗစ် စတာတွေမှာ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်၊ တကမ္ဘာလုံးမှာလဲ
အသုံးအများဆုံးဖြစ်ပါတယ်၊ ဒီဆက်သွယ်ရေး နည်းပညာနဲ့ပါတ်သက်လို့ ထွက်ပေါ်လာတဲ့
သတင်းတစ်ခုက အကောင်းကြီးမဟုတ်လှပါဖူး။
Wireless communication နည်းပညာတွေမှာ လုံခြုံရေးဆိုတာ တော်တော်ကြီးအရေးကြီးလှသလို
Developer, Service Provider တွေအတွက်လဲ ခေါင်းခဲစရာတစ်ခုပါ၊ Wireless
ဆိုတဲ့အတိုင်း လေထဲကို ထုတ်လွှင့်လိုက်တဲ့ သတင်းအချက်အလက်တွေဟာ ဒီဆက်သွယ်ရေးနက်ဝပ်
ပေါ်မှာရှိတဲ့ သုံးစွဲသူတိုင်းကတနည်းနည်းနဲ့ရယူနိုင် ရောက်သွားနိုင်ပါတယ်၊
ဒါကြောင့် GSM communication မှာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုတဲ့အသံ၊ ပို့တဲ့
သတင်းအချက်အလက် စတာတွေကို ကာကွယ်ဖို့ A5/1 ဆိုတဲ့ Encryption
နည်းပညာတစ်ခုကိုသုံးပါတယ်၊ Encryption ဆိုတာကတော့ ပေးပို့တဲ့ သတင်းအချက်အလက်တွေကို
ကြားဖြတ်ယူလို့မရနိုင်အောင် လျို့ဝှက်ကုတ်ဒ်နံပါတ်တစ်ခု(key)နဲ့ ပြောင်းလဲ(Cipher)
လိုက်တာပါပဲ၊ ကြားဖြတ်ဖမ်းယူလို့ရခဲ့ရင်တောင် မူရင်းအချက်အလက်
ကိုရအောင်ပြန်ပြောင်းဖို့ မလွယ်ကူပါဘူး၊ မူရင်း လျို့ဝှက်ကုတ်ဒ်နံပါတ်နဲ့
ပြောင်းလဲတဲ့နည်းပညာကို သိမှ ရနိုင်တာပါ၊ ဒီ Encryption method နဲ့ KEY ကို
Developer/Service Provider တွေက ထိမ်းချူပ်ထားပါတယ်၊ ရုပ်ရှင်တွေထဲမှာ Cell
ဖုံးပြောဆိုမှုတွေကို ကြားဖြတ်နားထောင်တာ တွေဖူးမှာပါ၊ ဒီလိုလုပ်ဖို့ဆိုရင်
ကုန်ကျစရိတ်ရော အရွယ်အစားရော တော်တော်ကြီးတဲ့ (Military Grade) စက်ပစ္စည်းတွေနဲ့မှ
ရနိုင်တာပါ၊ (အကြမ်းဖျဉ်းပြောရရင် GSM Base station တစ်ခုစာလောက် စက်ပစ္စည်းတွေ
လိုပါတယ်)။
GSM association ဟာ A5/1 encryption standard ကိုလျို့ဝှက်ထားခဲ့ပါတယ်၊ ဒါပေမယ့်
researcher, hacker တွေရဲ့ တစတစ ဖေါ်ထုတ်မှုကြောင့် A5/1 ရဲ့အလုပ်လုပ်ပုံကို 1999
မှာ အားလုံးဖေါ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီနောက် မှာတော့ ဒီ encryption ကို crack
လုပ်ဖို့ researcher, hacker တွေဟာ ကြိုးစားကြပါတော့တယ်၊ တချိန်ထဲမှာ ဒီ A/51 ရဲ့
အားနည်းချက်တွေကို ထောက်ပြပြောဆိုမှု ပြင်ဆင်ဖို့ ဆော်သြ စုစည်းမှုတွေ ရှိပေမဲ့
Service Provider အများစုက မလိုက်နာတဲ့အတွက် မပြင်နိုင်ကြပါဘူး၊ ကြားထဲမှာ A/51
ကို crack လုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် public ကိုထုတ်ပြန်ခြင်းမရှိခဲ့သလို
real time attack မဟုတ်ပဲ offline attack တွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်၊ real time
attack ဆိုတာကတော့ ဖုံးပြောဆိုမှုတစ်ခုကို အချိန်နဲ့တပြေးထဲညီ
ကြားဖြတ်နားထောင်နိုင်တာမျိုးကိုဆိုလိုတာပါ၊ Offline attack ဆိုတာကတော့
အချက်အလက်အားလုံးကို ကြားဖြတ်သိမ်းဆည်းထားပြီး ပြီးမှပြန်လည်ဖေါ်ထုတ်ယူတာပါ။

2009, December မှာ ဂျာမန်ကွန်ပျူတာအင်ဂျင်နီယာ Karsten Nohl ရဲ့ A5/1 security research အဖွဲ့ကနေ A/51 ကို crack လုပ်တဲ့ Method, Program, Algorithm , အားလုံးကို
ထုတ်ဖေါ်ပြသခဲ့ပါတယ်၊ အရင်ကထက်စာရင် လိုအပ်တာက FPGA (Field Programmable Grid
Array) devices, ကွန်ပျူတာတစ်လုံးနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲ ပါပဲ၊ အရင်လို
ဗင်ကားတစ်စီးစာလောက် စက်ပစ္စည်းတွေ မဟုတ်တော့ပါဘူး၊ FPGA ဆိုတာကတော့ ကျောင်းတွေ၊
research lab တွေမှာသုံးတဲ့ လိုအပ်သလို functions တွေကို ပရိုဂရမ်လုပ်နိုင်တဲ့
ကွန်ပျူတာ chip တွေပါ၊ ဈေးနှုံးလဲ မကြီးလှပါဘူး၊ System setup အားလုံးဟာ $1000
အောက်ပစ္စည်းကုန်ကျစရိတ်သာရှိပြီး အလွယ်တကူလဲဝယ်ယူနိုင်ပါတယ်၊ Live GSM
conversation တစ်ခုကို မိနစ်ပိုင်းအတွင်းမှာ crack လုပ်နိုင် လိုအပ်တဲ့ key, ID
စတာတွေကို ဖေါ်ထုတ်နိုင်ပါတယ်လို့ ဆိုပါတယ်။

Black Hat, CHAOS စတဲ့ ကွန်ပျူတာကွန်ဖရင့်တွေမှာ ဖေါ်ထုတ်ပြသပြီးနောက်မှာ GSMA ဟာ service provider တွေကို လိုအပ်တဲ့ security key တွေကိုကန့်သတ်ဖို့နဲ့ ပိုပြီး လုံခြုံတဲ့ A5/3 encryption
ကို သုံးဖို့ ပြောဆိုခဲ့ပါတယ်၊ A5/3 ဟာ 3G အတွက်ရည်ရွယ်တဲ့ နည်းပညာဖြစ်ပြီး
128bits key ကိုသုံးပြီး A5/1 ဟာ 64bits ကိုသုံးပါတယ်၊ Encryption သဘောတရားအရ key
length ပိုရှည်ရင် ပိုပြီး လုံခြုံပါတယ်၊ ထုတ်ဖေါ်တဲ့အခါလဲ ပိုပြီး အချိန်ယူရပါတယ်၊
ပြသာနာက ထုနဲ့ထည်နဲ့ ရှိနေတဲ့ GSM network တွေဟာ လိုအပ်တဲ့ ပြောင်းလဲမှုကို
လွယ်လွယ်ကူကူ လုပ်လို့မရနိုင်ပါဘူး၊ တချို့ စနစ်တွေဟာ A5/3 ကို support
မပေးနိုင်သလို hardware encryption တွေရဲ့ သဘောသဘာဝဟာ လွယ်လွယ်ကူကူ ပြောင်းလို့ မရပါဘုး၊
Researcher တွေက A5/3 ဟာလဲ ထိုးဖေါက်ခံရဖို့ အချိန်မကြာလောက်ဘူးလို့
ခန့်မှန်းကြပါတယ်၊ မကြာလှပါဘူး Israel’s Weizmann Institute of Science က
researcher တွေကနေ A5/3 ကို နှစ်နာရီအတွင်း crack လုပ်နိုင်ကြောင်း 2010
နှစ်စပိုင်းမှာ ပြသခဲ့ပြန်ပါတယ်။

GSM community တစ်ခုလုံးကတော့ အကာအကွယ်မဲ့သွားပါပြီ၊ ဘယ်သူမှ ကိုယ့်ဖုံးလိုင်းကို ကြားဖြတ်နားထောင်မှာ သဘောကျကြမှာ မဟုတ်ပါဘူး၊ Reviewer တွေကတော့ အခိုက်အတန့် စိုးရိမ်စရာ
မလိုသေးကြောင်း ပြေဆိုနေကြပါတယ်၊ အရေးကြီး ဖုံးဆက်သွယ်မှုများအတွက် သံသယရှိရင် user
level encryption, ဒါမှမဟုတ် CDMA ဖုံးကိုသာ သုံးစွဲဖို့ အကြံပေးထားပါတယ်၊ ဒါကလဲ
GSM vs CDMA ပြိုင်ပွဲမှာ CDMA အတွက် တကွက်ကြောစရာ ဖြစ်လာလေဦးမလား ယူဆကြပါတယ်၊
GSMA, Developer, Network Supplier, Industries တွေအတွက် ခေါင်းခဲစရာ ဖြစ်နေသလို
ဘာတွေဆက်လုပ်ကြဦးမလဲစောင့်ကြည့်ရပါဦးမယ်။





Sunday, July 21, 2013

MyanMarFont For Huawei U8833 , U 8951 , C8813 , G520-0000 ( Emotion UI)

မင်္ဂလာပါခင်ဗျ..
ဒီ ပိုစ်လေးကတော့ ထွေထွေ ထူးထူး မဟုတ်ပေမယ့် .
Unlock Code တောင်းရတဲ့ Huawei ဖုန်းတွေ( Emotion UI) တွေအတွက် Root မလုပ် ပဲ နဲ့ 
မြန်မာဖောင့်တွေ . ကီးဘုတ်တွေ ကို ထည့်သွင်းပေးသွားမှာပါ.
ဒီကောင်လေးက ဘယ် Emotion UI မှာမဆို အသုံးပြုလို့ ရပါတယ်ခင်ဗျ.
Emotion UI ဆိုတာ ဖုန်းမှာသုံးထားတဲ့ System တမျိုးပဲလို့ .မမှီ့ တမှီ ကျွှန်တော့ရဲ့ပိန်းပိန်းတိန်းတိန်း
ဥာဏ်လေး နဲ့ စဉ်းစားမိပါတယ်..
Emotion UI ဟုတ်မဟုတ်ဘယ်လို ကြည့်မလဲဆိုရင် ဖုန်းရဲ့ 
Setting>About Phone> Emotion UI Version ဆိုတာပါ ပါတယ်..အဲဒါဆိုရင်တော့ ဟုတ်ပါတယ်..
အပေါ်က ပုံထဲမှာ ပါ..အဲဒါဆိုရင်တော့ Emotion UI ဖြစ်ပါတယ်.. 
ဆက်သွားရအောင်နော်
လိုအပ်တာလေးဒေါင်းလော့ဆွဲ ထားပါ
  1. ဖုန်းကိုပါဝါဖွင့်ပါ
  2. USB Debugging ကို On ထားပေးပါ 
  3. ထို့ နောက် ကွန်ပျူတာ တွင် ချိတ်ပါ 
  4. Emotion UI  Theme လေးကို ဒေါင်းလော့ဆွဲ ၍ ကွန်ပျူတာပေါ်တွင် ဇစ်ဖြည်လိုတ်ပါ 
  5. ဇစ်ဖြည်လိုတ်လျှင် အထဲတွင် RunMe.bat ဖိုင်လေးတခု တွေ့ ပါလိမ့်မယ်.
  6. အဲဒီ RunMe.bat ကို ဖွင့်လိုတ်ပါ ။
  7. သူ့ ဘာသာ သူ အလုပ်ဆက်လုပ်သွားပါမယ်.. ပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ထား
    တာကို ဖြုတ်လို့ ရပါပြီ
  8. ထို့ နောက် ဖုန်းရဲ့ Setting>Language&Keyboard>ForzenKeyboard ကိုအမှန်ခြစ်ပေးပါ
  9. ForzenKeyboardPro ကိုလည်းအမှန်ခြစ်ပေးပါ
  10. ဖုန်းရဲ့ Home ကို ပြန်ထွက်ပါ
  11. Screen ပေါ်တွင် Themes ဆိုတဲ့  ဖိုဒါကို လိုတ်ရှာပါ
  12. Themes ဖိုဒါကို တွေ့ ရင် အဲဒီအထဲကို ဝင်လိုတ်ပါ
အဲဒီမှာ ပုံ သုံးပုံနော်.. မျှားလေး တွေ လည်းပြထားပါတယ်. အဆင့်လိုတ် လေး လုပ်သွားပါ..
Theme With Font ဆိုတဲ့အဆင့် ပြီးရင်တော့ .. ဖုန်းက ပါဝါ ပိတ်သွားမှာ ဖြစ်ပါတယ်..
ဖုန်းပါဝါ ပြန်တက်လာရင်တော့ မြန်မာဖောင့် ရသွားပီ ဖြစ် ပါတယ် ။

Themes က ဘယ်သူလုပ်မှန်းမသိလို့  Credit မပေးတော့ဘူးနော်..Credit ပေးရမယ်ဆိုရင်တော့ တကယ် လုပ်ထားတဲ့ Developer ကို Credit ပေးပါတယ်... RunMe.bat ကတော့ ကိုယ့်ဘာသာ
ကိုယ် လုပ်ထားတာပါခင်ဗျ. ။
အမှားပါရင်ခွင့်လွတ်ပေးစေချင်ပါတယ်.
အားလုံး ကို ခင်မင်လေးစား စွာဖြင့်

Huawei C8813 unlock Code မတောင်းချင်သူများ (သို့)တောင်းရတာအဆင်မပြေသူများအတွက် root လုပ်နည်း (ဘာerror မှမရှိပါ)

C8813 root လုပ်နည်း (ကုဒ်တောင်းစရာမလို) (No Error)



1.ဖုန်းရဲ့ Driver ကို ကွန်ပျူတာကသိအောင်လုပ်ပါ........
သူက C8812 နဲ့ဆင်တူပါတယ်.......ဒါပေမဲ့ အရင်ဆုံးတစ်ဆင့်ပိုသွားတယ်ဗျ
https://www.dropbox.com/s/wrvcclbq8e1l1ok/dload.zip
အပေါ်ကဟာလေးကိုယူပါ.......ပြီးရင် zip ဖြည်ပြီး ဘာမှမရှိတဲ့ ကဒ်အလွတ် ထဲထည့်ပါ........ပြီးရင် ဖုန်းကိုပါဝါပိတ် ဘက်ထရီငါးစက္ကန့်ဖြုတ်ပြီး
Power + Volume up+ Volume down (၃)ခုပြိုင်တူဖိပြီး လုပ်ပါ......ပြီးရင် update လုပ်တာ သူ့ဘာသာလုပ်သွားပါလိမ့်မယ်......ပြီးရင်တော့ကျန် C8812 အတိုင်းပါပဲ..............
2.Setting ထဲ မှာ USB Debugging ကို on ပါ
3.Security ထဲမှာ unknown source ကို အမှန်ခြစ်ပါ။
4.အားလုံးပြီးလျှင် https://www.dropbox.com/s/z6nbcdam1x94omm/unlock%203.1%20root.rar ဒီကောင်လေးဒေါင်းပါ။
5. ရလျှင် Install လုပ်ပါ...........
6. ပြီးလျှင် ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးချိတ်ပြီး ဆော့ဝဲကို ဖွင့် ပြီး root ဆိုတာနှိပ်လိုက်ပါ...........
7. Huawei C8813 4.1.1 ဆိုပြီး ဆော့ဝဲမှ driver သိကြောင်းပြလျှင် box ကလေးကိုနှိပ်လိုက်ပါ..........
8. ပြီးလျှင်သူ့ဘာသာဆက်လုပ်သွားပါလိမ့်မယ်...........
9.ဖုန်းrestart ကျပြီးပြန်တက်လာလျှင် root ရပါပြီ မြန်မာဖောင့်ကိုတော့ Font Changer သုံးပြီးတာ သွင်းလိုက်ဗျာ..........
အရမ်းကိုလွယ်ပါတယ်......................

……..အိမ်…

ကမ္ဘာမြေမှာ “ခိုလှုံရာ” ခေါ်ဆိုတဲ့ အိမ်
ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်။
အိမ်တအိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။
Cho: ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။
အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်သဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ့် ဆန်အရက်ရယ်။
ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ တူတူကမယ်။
Cho: ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။
ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တအိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ယင်စေ ရင်ခွင်အိမ် ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်။
တစ္ဆေတကောင်ဟာ ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။9
Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ။
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ) .....ဒီသီချင်းလေးနားထောင်လို့ကောင်းတယ် http://searchfreemp3.com/newplayer/aHR0cDovL2FwaS5zb3VuZGNsb3VkLmNvbS90cmFja3MvMjIyNzEyOTUvc3RyZWFtP2NsaWVudF9pZD1mZmEwYzc5YmY4YWVkYzBkOWIwYmIwNzQyNzhjZjI1MQ==yFRz4YCT4YCt4YCb4YCs4YCZ4YCt4YCv4YCb4YC5IOGAm+GAsuGClCDhgJ7hgK7hgIHhgLrhgIThgLnhgLgg4oCc4YCh4YCt4YCZ4YC54oCd.mp3