Friday, July 19, 2013

NLD ပြန်ကြားရေး မြန်ဆန်ရန် သတင်းနည်းပညာ သုံးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေး လုပ်ငန်းများ သွက်လက်မြန်ဆန်ရေး ၊ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရေးတို့ အတွက် သတင်းနည်းပညာ အသုံးပြုသွားရန် ပါတီတွင်း ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

“ပါတီလုပ်ဆောင်ချက်တွေကို အများသိနိုင်အောင် အွန်လိုင်းအသုံးပြုနိုင်ဖို့ ဥပဒေအထောက်အကူပြုအဖွဲ့တွေနဲ့ ညှိနှိုင်းနေပါတယ်။ မကြာမီမှာ လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်”ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ တွေ့ဆုံပွဲကို ကူညီပေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက“NLDဟာ သမားရိုးကျလမ်းကြောင်းကြီးကိုပဲ သွားနေတယ်။ ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲမှုတွေ သိပ်မလုပ်နိုင် ဘူး။ အင်တာနက်တင်မကဘူးဗျာ။မနေ့က ကျနော်တို့ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ တွေ့ရတာက  ရုံးလုပ်ငန်းတွေမှာတောင် 
ကွန်ပျူတာ ပြည့်ပြည်၀၀ မသုံးနိုင်သေးဘူး။ ဘာနဲ့တူလဲဆိုတော့ အစိုးရ ရုံးအိုကြီး တရုံးနဲ့ တူနေတယ်”ဟု ပြောသည်။

NLD ပါတီအနေဖြင့် ပါတီလူငယ်များ၏ လုပ်ဆောင်နိုင်စွမ်းကို ယုံယုံကြည်ကြည်နှင့် ညှိနှိုင်းလုပ်ဆောင်သင့်သည်ဟုလည်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်ကြားသလောက်ကတော့ ပါတီကလူကြီးတွေကလည်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတယ်။ လုပ်ခဲ့ရင် ပါတီက ထုတ်ပစ်တာတွေ ၊ ဘာတွေရှိတော့ လူငယ်တွေကလည်း ကျော်မလုပ်ရဲကြဘူး ။ ရုံးတွင်းအောင်းတဲ့ အလေ့အထတွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ ဒါတွေ ပြင်သွားလိမ့်မယ် ထင်ပါတယ်။ ပြင်လည်း ပြင်သင့်နေပါပြီ”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုအနက် အရပ်သားပါတီ အများစုသည်  ပါတီဖွဲ့စည်းပုံ ၊ ပါတီခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ ၊ ပါတီရပ်တည်ချက်များကို အင်တာနက်အသုံးပြုကာ ပြည်သူလူထုသိရှိစေရန် ထုတ်ပြန်လာကြသော်လည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှာမူ ယခုအချိန်ထိ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကိုယ်ပိုင် ၀ဘ်ဆိုက်ထောင်ထားသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက “ကျနော်တို့ လူကြီးတွေကတော့ အင်တာ နက်နည်းပညာနဲ့ အကျွမ်းမ၀င်ဘူး။ သို့သော်လည်း ပါတီက လူငယ်တွေက သူတို့ လုပ်ပေးမယ်ဆိုတော့ ကျနော်တို့က လည်း လုပ်ပေါ့။ ဘာတွေလုပ်ကြမယ် ၊ ဘာတွေ တင်ပြကြမယ်ဆိုတာကိုတော့ လူငယ်တွေက ကျနော်တို့နဲ့ ညှိနှိုင်းပါတယ်။ ဒီအတွက် လည်း ပါတီဝင်ထုအပြင် အခြားသော လူငယ်တွေကအစ ပါတီရဲ့လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန် သိလာကြ တာပေါ့”ဟု ပြောသည်။

ကနေဒါနိုင်ငံရှိ ဦးကျော်မြင့်နှင့်ပူးပေါင်းကာ ဦးသုဝေပါတီထူထောင်မည်ဆိုသော အင်တာနက် သတင်းကြောင့် ဒီမိုကရက်တစ်ပါတီ မထူထောင်မီကပင် ပါတီကို လူစိတ်ဝင်စားမှုရှိခဲ့သည်ဟုလည်း ဒီမိုကရက်တစ်ပါတီဝင်တဦးက ဆိုသည်။

“၀ဘ်ဆိုက်အတွက် လိုအပ်တာတွေ တင်တာ ချတာကို အများသုံးအင်တာနက်ဆိုင်တွေကပဲ လုပ်တာပါ။ မြန်မာ့ဆက်သွယ်ရေးမှာ အင်တာနက်အသုံးပြုခွင့် လျှောက်ထားပြီး သုံးစွဲဖို့ဆိုတာကလည်း ငွေရေး ကြေးရေးအရ မဖြစ်နိုင်သေးဘူးလေ”ဟု အဆိုပါ ဒီမိုကရက်တစ် ပါတီဝင်က ပြောသည်။

NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် သူမအနေဖြင့် အွန်လိုင်းမှတဆင့် လူထုနှင့်ထိတွေ့လိုကြောင်း ၊ ဒုတိယပင်လုံညီလာခံကိုလည်း တယ်လီ ကွန်ဖရင့် ဖြင့် ပြုလုပ်နိုင်မည့် နည်းလမ်းလည်း ရှိနိုင်ကြောင်း ၊ အင်တာနက်အသုံးပြုနိုင်ရေး တရားဝင် လျှောက်ထားသွားမည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်အတွင်း၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းအပြီး NLD ပါတီ နယ်ရုံးခွဲများကို စစ်အစိုးရက ပိတ်ပစ်ခဲ့ပြီး ရန်ကုန်ရှိ NLD ရုံးချုပ်ဖုန်းကိုလည်း ယခုအချိန်အထိ ဖြတ်တောက်ထား သည်။

“ကျနော်သိသလောက်တော့ ရွေးကောက်ပွဲဝင်ပါတီတွေအားလုံး အများသုံးအင်တာနက်ဆိုင်တွေကပဲ အသုံးပြုနေတာပါ။ ပါတီဝင် လူငယ်တွေကပဲ အွန်လိုင်းစာမျက်နှာတွေကို ဖွဲ့စည်းပေးနေကြတာပါ ၊ NLD အနေနဲ့လည်း ဒါမျိုးတွေလုပ်ဖို့သင့်ပါပြီ။ လုပ်မှသာ လည်း ပါတီလုပ်ဆောင်ချက်တွေ ပိုပြီး ထိရောက်လာမှာပါ ၊ ဆက်သွယ်ရေးရုံးက ခွင့်ပြုချက်ရဖို့ ထိုင်စောင့်နေမယ်ဆိုရင်တော့ မလွယ် ပါဘူး”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်ပြောဆိုသည်။

၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့ပြီးနောက် NLD ပါတီသည် အခမ်းအနားများကိုလည်း ဒုဥက္ကဌ ဦးတင်ဦးနေအိမ်သို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။

“မလိုအပ်ဘဲ ထိပ်တိုက်တွေ့မှုကို မပြုလုပ်ချင်တဲ့အတွက် ပါတီရုံးချုပ်မှာ အခမ်းအနားလုပ်တာတွေကို ခဏရပ်ထားခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ဥပဒေအရ တရားဝင်ပါတီဖြစ်တယ်ဆိုတာကို တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီးချိန်ကစ ပြီး ပါတီလုပ်ဆောင်ချက်တွေကို အကုန်ပြန်လုပ်နေပါပြီ”ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီ ပြန်ကြားရေးကော်မတီကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးခင်မောင်ဆွေက  ဦးဆောင်ခဲ့ သည်။

ထို့နောက် ဦးခင်မောင်ဆွေ ဦးဆောင်သော NLD အဖွဲ့ဝင်တချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့အင်အားစုအဖြစ် ပါတီ ထူထောင် ကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရာ ယခုအခါ NLD ပါတီ ပြန်ကြားရေးကော်မတီတွင် ဦးဉာဏ်ဝင်း ၊ ဦးအုန်းကြိုင် ၊ ဦးကြည်တိုးနှင့် လူငယ် တချို့ တာဝန်ယူထားကြောင်း သိရသည်။
 
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်
အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။
အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်

Facebook ၀န်ထမ်းများ ၏ ကွန်ပျုတာ များ ဖောက်ထွင်းခံရ


ပြီးခဲ့ သည့် ရက် များ  အတွင်း Facebook သည် စွမ်းဆောင်ရည် မြင့် သည့်
ဟက် ကာ အုပ် စု တစ်ခု ၏ ပစ်မှတ်ထား တိုက် ခိုက်ခြင်း ခံရသည် ဟု တရား
ဝင် ထုတ် ဖော်ပြောကြားသည်။
Facebook ၏ လုံခြုံရေး စနစ်က သိပြီး ယခင် တစ်ခါ မျှ တွေ့ ဖူးခြင်း မရှိ
သည့် Malware တိုက်ခိုက် မှု များ ကို လည်း ကာကွယ် နိုင်ခဲ့ သည် ဟု
Facebook စာမျက် နှာ တွင် ဖော်ပြထား သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ 
တွင် Facebook သည် ၀ဘ် တိုက်ခိုက် မှု ကို ကာကွယ် နိုင်သည့် စနစ်
တစ်ခု ကို ထပ်မံ ထည့် သွင်း ခဲ့ သည် ဟု ဆိုသည်။
တိုက်ခိုက် မှု များသည် တရုတ် နိုင်ငံ တွင် မြစ်ဖျား ခံ လာ ခြင်း ဖြစ်သည်
ဟု ဆိုသည်။
တရုတ် နိုင်ငံ နှင့် ပတ်သက် သည့် သတင်း များ အဓိက ထား ဖော်ပြသည့်
ဝါရှင်တန် ပို့  စ် ၊ ဝေါလ်စထရိ နှင့် နယူးယောက် တိုင်း သတင်း စာများ
၏ ၀ဘ်ဆိုတ် များ ကို လည်း တိုက်ခိုက်ခဲ့ သည်။
Facebook က တိုက်ခိုက် မှု များ အား အမေရိကန် ဆိုင်ဘာလုံခြုံရေး တာ
ဝန် ရှိသူ များ ကို အကြောင်း ကြား ခဲ့ သည်။
Facebook ၀ဘ်ဆိုတ် ကို စီမံသည့် ၀န်ထမ်းများ ၏ လက်တော့ပ် ကို
ကွန်ပျူ တာ များ ကို ယခင် က မကြုံ ဘူးသည့် မဲလ်ဝလ် တိုက် ခိုက် မှု
မျိုး ဖြင့် တိုက် ခိုက် ခဲ့သည်။
Facebook သည် ကမ္ဘာ  တစ်လွှား သုံးစွဲ သူ သန်းတစ်ထောင် ကျော်သည်။
Facebook သုံးစွဲ သူများ ၏ အချက် အလက် များ ကို ရရှိ မသွား ဟု Facebook
က ပြောသည်။
https://www.facebook.com/notes/facebook-security/protecting-people-on-facebook/10151249208250766

ထိန်းချုပ် ပျံသန်းစေနိုင်မည့် စူပါဟီးရိုး

ရေဒီယိုစနစ်ဖြင့် ထိန်းချုပ် ပျံသန်းစေနိုင်မည့် သက်ရှိလူသားအရွယ် စူပါမန်း ပုံသဏ္ဌာန် ယာဉ်ပျံငယ် တစ်ခုကို ကယ်လီဖိုနီးယား အခြေစိုက် ကုမ္ပဏီတစ်ခုက ဖန်တီးပြုလုပ်ခဲ့သည်။ ထိုယာဉ်ပျံဒီဇိုင်းကို ဒူအိုတိုဒိုင်ဖန်ဘိခ်ျနှင့် အက်ဟန်လေးတို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ ပန်းခွေ၊ ပန်းခြင်းများဖြင့် ဂါရဝပြုခွင့်မပေး

(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများအား ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းနှင့် ကင်မရာ၊ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်များကို အာဇာနည်ဗိမာန်တွင်းသို့ ယူဆောင်ခွင့်ပြုမည်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။
အပြည့်အစုံသို့ ...

ထီးချိုင့်မြို့နယ် တုံလုံကျေးရွာ စာကြည့်တိုက်ဆောက်ဖို့ အခက်အခဲဖြစ်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ်မှ တုံလုံ ကျေးရွာသစ် တည်ထောင်ပြီးနောက် ယင်းကျေးရွာအတွက် တည်ထောင်မည့် စာကြည့်တိုက်အဆောက်အအုံမှာ ဖေါင်ဒေးရှင်းအဆင့်သာ တည်ဆောက်ပြီးစီးပြီး ဆက်လက် တည်ဆောက်ရန် ငွေကြေးမလုံလောက်မှု ဖြစ်ပေါ်နေသည်။
အပြည့်အစုံသို့ ...

အောင်မြင်ခြင်း၃၃ချက်

အောင်မြင်ခြင်း၃၃ချက်

၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းလျှောက်ပါ။လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကို
အတတ်နိုင်ဆုံးပြုံးထားပါ။

၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။

၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm(3)Empathy

၎။ Game တွေကစားပေးပါ။


၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။


၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။


၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။


၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။
၉။ရေများများသောက်ပါ။
၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။
၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။


၁၂။ အတိတ်ကအမှားတွေကိုအစပြန်မဖော်ပါနှင့်။လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။


၁၃။ သင်မလုပ်နိုင်ဘဲနှင့်အဆိုးဘက်ကမမြင်ပါနှင့်။အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။


၁၄။ မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစားလိုစားပါ။


၁၅။လုပ်ငန်းခွင်ထဲမှာများများရယ်ပြီးများများပြုံးပါ။


၁၆။ ဘ၀ဟာတိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့။မုန်းနေတာတွေရှိရင်ဆန့်ကျင်
ဘက်လုပ်ကြည့်ပါ။


၁၇။ အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေးထားပြီးအမှားကင်း
အောင်လုပ်ပါ။
၁၈။ အငြင်းအခုံတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေမဖြုန်းပါနဲ့။နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။


၁၉။အတိတ်ကအဖြစ်အပျက်တွေအတွက်ငြိမ်းချမ်းရေးယူလိုက်ပါ။လက်ရှိအခြေအနေအတွက်အထောက်
အကူရလာပါလိမ့်မည်။
၂၀။ သင့်ဘ၀ကိုတခြားတစ်ယောက်နှင့်မနှိုင်းယှဉ်ပါနှင့်။


၂၁။ သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိနိုင်ပါဘူးဆိုတာသိပါ။


၂၂။ အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။


၂၃။အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေ။မဟုတ်ရင်သင်ခံစားမနေပါနဲ့။


၂၄။ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိန်တစ်ခုကိုစောင့်ကြည့်ပါ။


၂၅။ အသုံးမ၀င်တော့တဲ့အရာတွေကိုဖယ်ရှားပစ်ပါ။လှလှပပနှင့်ပျော်ရွှင်အောင်နေပါ။


၂၆။ မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းတဲ့နည်းတစ်ခုပါ။အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်
ထားပြီးပြီဆိုတာသတိရပါ။
၂၇။ မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။


၂၈။ ခံစားမှုတွေများလို့မပြိုလဲသွားပါနှင့်။အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနဲ့နေပြပါ။


၂၉။ သင်မှန်တယ်ထင်တာတွေတွေးပြီးလုပ်ပါ။


၃၀။ မကြာခနမိသားစုနှင့်ဝိုင်းဖွဲ့ပြီးစကားပြောပါ။


၃၁။ သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။


၃၂။အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။


၃၃။သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ။

အင်ဒိနီး၇ှားမှာ၇ှိတဲ့လူဦးခေါင်းနဲ့မြွေ

အင်ဒိနီး၇ှားမှာ၇ှိတဲ့လူဦးခေါင်းနဲ့မြွေ



အင်ဒိုနီးရှားနိုင်ငံမှာ လူဦးခေါင်းနဲ့ မြွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဒီမြွေရဲ့ ဦးခေါင်းဟာ လူဦးခေါင်းနဲ့ တူတာထက်
ဂြိုလ်သား ပုံစံနဲ့ ပိုပြီးဆင်တူလှပပါတယ် ။ သူ့မှာ လက်နှစ်ချောင်းပါရှိပြီး အလွန်ထူးဆန်းတဲ့ သတ္တ၀ါ တစ်ကောင် လည်းဖြစ်ပါတယ် ။ အများပြည်သူလေ့လာ နိုင်ဖို့အတွက် ပြတိုက်မှာ ထားရှိပါတယ် ။ အင်ဒိုနီးရှားနိုင်ငံကတော့ ဒီမြွေဟာသူ့မှာရှိတဲ့ gene တစ်စုံတစ်ခု...ပြောင်းလဲသွားတဲ့အတွက် ဒီလိုဖြစ်လာတယ်လို့ ယူဆထားပါတယ်
..စိတ်ကူးပျော်၇ာ