Friday, July 26, 2013

မြန်မာနိုင်ငံတွင် လိင်စပ်ယှက်မှုများကို ခိုးဝှက် ရိုက်ကူးထားသော ညစ်ညမ်းကိစ္စ ဖြန့်ဖြူးမှုများ အရေးယူရန် အရေးတကြီး လိုအပ်နေ

မြန်မာနိုင်ငံ အတွင်း အင်တာနက် သုံးစွဲမှု များပြားလာသည့် နည်းတူ အင်တာနက် လူမှုရေး ကွန်ရက်စာမျက်နှာများနှင့် ၀က်ဘ်ဆိုက်များကို အသုံးပြု၍ လိင်စပ်ယှက်မှုများကို ခိုးဝှက် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများနှင့် ပြည့်တန်ဆာအချို့၏ အဖော်အချွတ်ပုံများကို ဖြန့်ဝေမှုများ များပြားလာ၍ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းရှိ လူငယ်များအတုယူ မှား၍မဖြစ်သင့်သော ကိစ္စရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Facebook ကိုမြန်မာဘာဖြင့် သုံးကြည့်ရအောင်။



Post မတင်တာလဲ ကြာပြီးဆိုတော့ အခု Facebook မှာမြန်မာဘာသာဖြင့် ဘယ်လိုသုံးရမလဲ ဆိုတာလေးကို ရေးဆိုပါတယ် Facebook ကိုမြန်မာဘာသာဖြင့် သုံးခြင်နေတာတော့ ကြာပြီ
ကဲစလိုက်ရအောင်။ အရင်ဦးဆုံးအောက်က Link မှာသွားလိုhttp://dingnoeizolen.blogspot.com/2013/06/facebook.html
lhttp://dingnoeizolen.blogspot.com/2012/02/avast-mobile-security.html

Android ဖုန်းမှ မေ့နေတဲ့ Pattern လော့ခ်ဖြုတ်နည်း



Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်..ကိုယ်ဟာကိုယ် pattern ပေးပြီးကိုယ့်
ဟာကိုယ်မေ့ပါတယ်….ကျွန်တော်လဲပါပါတယ်……
အခုအဲ့ကိစ္စလေးအဆင်ပြေအောင်လုပ်တဲ့နည်းလေးတွေပြပေးပါမယ်……

အခုနှစ်နည်းသုံးနည်းလောက်ပြောပြပေးပါမယ်။တခုရှိတာကအဲလို့ Pattern lock မေ့သွားပြီဆိုရင် တခါနှစ်ခါလောက်ကြိုးစားကြည့်ပါမရရင်ထပ်မဆွဲပါနဲ့တော့အခြေအနေပိုဆိုးပြီး FactoryResetပါချရတတ်ပါတယ်…..

အရင်ဆုံးဘယ်နည်းနဲ့လုပ်ရင်ကောင်းမလဲလေ့လာကြည့်ပါ….

နည်းလမ်းများ….
  • ၁…ကွန်ပြူတာတော့လိုပါမယ်….application လေးတခုကိုကွန်ပြူတာကနေ PC suite(eg.moborobo) တခုခုသုံးပြီးသွင်းရမှာပါ….
  • ၂…ဖုန်းကို Factory reset ချတဲ့နည်းပါအဲတာကတော့ဖုန်းမှရှိသမျှဒေတာတွေကုန်ပါမယ်…
  • ၃…နောက်တနည်းကတော့ဘာမှမကုန်ပါဘူး root access လိုပါတယ်…..

  • နည်းလမ်း ၁
ကဲစမယ်နော်ပထမနည်းလေး…..ဒါလေးကတော့ဖုန်းမှာရှိတဲ့ဒေတာတွေမပျက်ပါဘူးးးး..

  • လိုတာလေးတွေ
moborobo software ယူရန်…

Screen lock by pass app ယူရန်…

လိုတာဒေါင်းပြီးသွားရင် စမယ်နော်အရင်ဆုံး moborobo လေးကိုမိမိ ကွန်ပြူတာမှာသွင်းလိုက်ပါ…..

ကဲပြီးပြီလားးးးးပြီးရင် Screen lock by pass ဆိုတာလေးကို my documents>>moborobo>>
downloadcenter>>software>>ANDROID ဖိုင်ထဲသွားထည့်လိုက်ပါ…

ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ…moborobo ကိုဖွင့်လိုက်ပါ…

ဒီနေရာမှာUSB Debug ON ခဲ့မိဖို့လိုပါတယ်….မ ON ထားခဲ့ရင်ကွန်က ဖုန်းကိုမသိနိုင်ပါဘူး…

ဖုန်းကိုလည်းကွန်ကသိနေပီဆိုရင်တော့ဆက်ပါမယ်…..ဖုန်းကိုသိနေရင်အောက်ကအတိုင်းပေါ်ပါမယ်….


ကဲ apps ဆိုတဲ့ tab လေးကိုသွား Screen lock by pass application လေးကိုကလစ်ပြီး သွင်းပေးလိုက်ပါ….

ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ…..ပြန်တက်လာရင် pattern ကိုဆွဲချင်တာဆွဲပွင့်သွားတာတွေ့ရမယ်နော်…..

  • နည်းလမ်း ၂
One Cli Rec ဒေါင်းရန်

နောက်တနည်းအဲဒါကတော့ Factory reset ချတဲ့နည်းပါ ရှိသမျှဒေတာအကုန်ပြောင်ပီးဖုန်းကိုဝယ်ခါစအသစ်အတိုင်းဖြစ်အောင်လုပ်ပေးမှာပါ။

သူကဘယ်လိုလဲဆိုတော့ ဖုန်းရဲ့ recovery mode ကနေ၀င်ရောက်ပြီးပြုလုပ်ရမှာပါ။

ဖုန်းတလုံးနဲ့တလုံး recovery mode ၀င်ပုံဝင်နည်းမတူတာကြောင့် One Cli Recovery လေးပေးထားပါတယ်

ဖုန်းကိုကွန်ပြူတာနဲ့ချိတ် ပထမနည်းမှာ ဒေါင်းထားတဲ့ထဲ က One Cli Rec လေးကို run ပြီးrecovery ၀င်ပါ.recovery mode ထဲရောက်ပီအဲမှာ wipe data/factory reset ရွေးပေးလိုက် ပြီးသွားရင် reboot system now လေးရွေးပေးဒါဆိုပြီပါပြီ

recovey mode ထဲတွင် vol ခလုတ်ဖြင့် အပေါ်အောက်ရွေ့ပြီး power သို့ home ခလုတ် ကို enter အဖြစ်သုံးပါသည်။။။။…..

One Cli ဖြင့် Recovery ၀င်မရပါက ဖုန်းအမျိုးအစားအလိုက် Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ….

  • နည်းလမ်း ၃
လိုတာလေးဒေါင်းလိုက်ပါ…
Remove Pattern zip ဒေါင်းရန်

ဒီနည်းကတော့ ဘာဒေတာမှ မပျက်ပါဘူး….

Root access ရှိဖို့နဲ့ Usb Debug ON ခဲ့မိဖို့ပဲလိုပါတယ်……..
အဓိက အရေးကြီးတာ ကဖုန်းမှာ USB DEBUGGING ON ထားမိဖို့ပဲ။

ကိုယ့် pattern lock ကိုမမေ့ခင်အချိန်တုန်းက usb debugging ON ထားခဲ့မိရင် ရပြီ။ဖုန်းကိုကွန်ပြူတာနဲ့
ချိတ်ပါ။

ဖြည်ထားတဲ့ဖိုင်ဆီကိုသွားပါ။remove pattern ဆိုတာလေး run လိုက်ပါ။

press any key to continue လို့ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ။

ကဲ pattern ကိုဆွဲချင်သလိုဆွဲပေတော့

Wednesday, July 24, 2013

Pro Myankey V2.0 Beta 5 For Android



Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )


" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။

Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။

အားလုံးပဲ အဆင်ပြေကြပါစေ.... ။

တစ်ထောင့်ငါးရာတန် ဖုန်းတွေအတွက် အင်တာနက်Setting ထည့်သွင်းနည်း လေးပါ

တစ်ထောင့်ငါးရာတန် ဖုန်းတွေအတွက် အင်တာနက်Setting ထည့်သွင်းနည်း လေးပါ

  အရင်ဆုံး မိမိဖုန်းရဲ့ Setting >More>Mobile Network>Access Point  Names နေရာမှာဖြည့်သွင်းပေးရမှာပါ Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ ပြီးလျှင်အောက်ပါအတိုင်း ဖြည့်သွင်းပေးကြရအောင်ဗျာ   Name: mectel APN: #777 username: card password: card APN မပါသောသူများ PPP Digit မှာ #777 ရေးပေးလိုက်ပါ Connection...