့-လူတွေအားလုံး၊ အထူးသဖြင့်တော့ အသက်စွန့်ပြီးတိုင်းပြည်အတွ
က် အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော် သားတွေ။ နော်-အသက်စွန့်ပြီးတော့ဆောင
်ရွက်ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဘုန်းကြီးတို့က-ဘုန်းကြီးရဲ
့စိတ်ထဲမှာ
ဘုရားလောင်းတွေလို ဘုန်းကြီးက ကြည်ညိုတယ်။ လေးသင်္ချေကမ္ဘာတစ်သိန်း
ဘုရားလောင်း ကျင့်စဉ်တွေကို ကြည့်ကြည့်၊ သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက်
ဘုရားအလောင်းဘာလုပ်လဲ၊ အသက်စွန့် တာတွေ အများကြီးပဲ။အားလုံးပရိတ်သတ်-မေးမယ်၊ စွန့်ခြင်းကြီး ဘယ်နှပါးလဲ။
တစ်-က ၊ `ဓနပရိစာဂ´သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက် ငါ့ပစ္စည်း ဆုံးရှုံးချင်တိုင်းဆုံးရှုံးပစေ-ဒီလို မဟုတ်လား၊ ဘုရားလောင်းစိတ်ဓါတ်မွေးရမယ်။
နောက်တစ်ခုက ဘာလဲ၊ `ဓနပရိစာဂ´ပြီးရင် `ဘယိယ ပရိစာဂ´ဆိုကြပါစို့။
`ဘရိယပရိစာဂ´မယားစွန့်တာ။ ဒါပေမယ့် ရှေ့တန်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့၊
တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေ၊ သူတို့က
ဟိုမှာတိုက်ပွဲစွန့်နေတုန်း
ဒီကအမျိုးသမီးက တစ်ခါတစ်ခါ ဘာဖြစ်သွားမှန်းမသိဘူး။ စွန့်လိုက်ရတာတွေ၊
ပြန်လာတော့ - ဟယ် - ဆို၊ မရှိတော့ဘူး။ အဲဒါမျိုးတွေအများကြီးပဲ။
သူတို့ကိုယ်တိုင်လည်း အသက်စွန့်သွားတယ်၊ ဒီကအမျိုးသမီး၊ မုဆိုးမဖြစ်
ကျန်ရစ် တာတွေ။ နိုင်ငံရေးလုပ်တဲ့ နိုင်ငံခေါင်းဆောင်တွေလည်း
အသက်စွန့်ပြီးတော့ ဒီလိုပဲလုပ်ကြရတယ်။ အဲဒါကြောင့် ဘုန်းကြီးက
အရမ်းကြည်ညိုတယ်။ သြော်-နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တပ်မတော်သားတွေဟာ ဘာလဲ။ ဘုရားလောင်းတွေ၊ ဘုရားအလောင်းကျင့်စဉ်ပဲ။
(၁) . . . စီးပွားဥစ္စာလည်း စွန့်လွှတ်ရတယ်။
(၂) . . . သားသမီးလည်း
စွန့်လွှတ်ရတယ်။
(၃)-သားမယားလည်း စွန့်လွှတ်ရတယ်။
(၄) . . .
အင်္ဂါအစိတ်အပိုင်း၊ ခြေထောက်တွေပြတ်. . .။ လက်တွေပြတ် . . . ။
မျက်လုံးတွေကန်း . . . ။ ဘာတွေလဲ- `အင်္ဂပရိစာဂ´။
နောက်ဆုံး (၅) အသက်စွန့်တယ်။
အဲဒါကြောင့် ဘ၀မှာ- ကောင်းကောင်းထားပစ်ခဲ့နိုင်အောင်၊ ကိုယ့်အတွက်လည်း ကောင်းတာလေးတွေ ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာဖြစ်ပါတယ်။ခြေထောက်တွေပြတ်လို့၊ လက်တွေပြတ်လို့၊ မျက်လုံးတွေကန်းလို့၊
နိုင်ငံတော်အတွက် ဆောင်ရွက်ကြတဲ့ တပ်မတော်သားတွေ ၊
နိုင်ငံရေးခေါင်းဆောင်တွေ ၊ လူမှုရေး ဘာသာရေးအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ
နိုင်ငံမှာ အများကြီး။ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဘုန်းကြီးက ဒီကနေ့
ဂုဏ်ပြုတယ်။ ကျေးဇူးတင်တယ်။ သြော်-ဘုရားလောင်း စိတ်ဓါတ်နဲ့ အလုပ်လုပ်ကြတာ . . . ။ ဒီအတိုင်းလည်း ဆက်လုပ်ကြ။
(အဂ္ဂမဟာပဏ္ဏိတ၊ အဂ္ဂမဟာ ဂန္ဓ၀ါစကပဏ္ဏိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ၊
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ သီတဂူဆရာတော်)
Dr. ဘဒန္တတ ဥာဏိဿရ
ကဲ ...
ထမင်းကို ၁ နေ့ ဘယ်နှစ်နပ် စားသလဲ မောင် လင်းလင်း ။
ဗုဒ္ဓ ဘာသာလို့ ပြောပြီး တရားတော် တွေ အကြောင်းရော ဘယ်လောက်သိသလဲ မောင် လင်းလင်း ။
မကျေနပ် ချက် ၁ ခုတည်းနဲ့ ပုတ်ခတ်လိုက်တဲ့ သီချင်း ၁ ပုဒ်က ၊ အနုပညာ
အရည်အချင်းကို ဖော်ပြလိုက် သလို ၊ ထမင်းစားပြီး လူ ၁ ယောက်လို
နားမလည်တက်ဘူးဆိုတာ ပေါ်လွင်သွားတယ် ။နောက် ၁ ချက် က ကိုယ်စားတဲ့ ထမင်းကို
တန်ဖိုး မသိတဲ့သူဖြစ်သွားတယ် ဆိုတာ မောင်လင်းလင်းလေး သိပါလေစ ။
ဖိနပ်ဆွဲပြီး ဘေးက ပြေးလိုက်တဲ့ အဆင့်က တက်ပြီး ၊ ထဘီထုတ် ဆွဲ
ဖြစ်ဖို့များ ကြိုးစားနေသလားပဲ
( ဘိန်းမှုနဲ့ ထောင်ကျတဲ့ rapper ကြီးလိုလေ )
။ ဒါတွေကို ဒီလိုလုပ်နေမဲ့ အစား ၊ သီတဂူဆရာတော်ကြီး စီမှာ တရား
သွားနာရင်း အလုပ်အကြွေးပြုတာမှ နောင်ဘ၀ လမ်းကူး ဖြောင့်လိမ့်မယ်
မောင်လင်းလင်းရေ .