အရင်က ဖုန်းနဲ့အင်တာနက်သုံးဖို့ ဆိုရင် လူကိုယ်တိုင်သွားရောက်လျှောက်ထားဖို့ လိုပါတယ်။
ကိုယ်တိုင်မလျှောက်ချင်တဲ့သူတွေကတော့ကြားပွဲစားဖုန်းဆိုင်တွေကတစ်ဆင့်လျှောက်ကြပါတယ်။
ဒီ့အတွက်ဝန် ဆောင်ခတွေဘာတွေ ကုန်ရပါတယ်။
အခုလို မက်ဆေ့စ်ပို့ပြီး လျှောက်ထားနိုင်ပြီ ဆိုရင်တော့ ကြားပွဲစားခပေးစရာမလိုဘဲ ဆောင်ရွက်နိုင်ပါပြီ။
၁,၅၀၀ တန် လို့ ခေါ်တဲ့ တသိန်းနီးပါးပေးမှ ၀ယ်လို့ရနိုင်တဲ့ ဖုန်းတွေကတော့ ဒီအစီအစဉ်ထဲ ပါဖို့ မလွယ်သေးပါဘူး။
ဒီအကြောင်း
မိုဘိုင်းဖုန်းမှ အင်တာနက် လျှောက်ထားမှု ၁၅၀၀ တန်ဖုန်းများ ပါရန် မသေချာ
http://burma.irrawaddy.org/archives/44553
ဆိုတဲ့ ဧရာဝတီသတင်းတပုဒ်မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။
လိုရင်း ပြန်ဆက်ရရင် ...
အခုစနစ်အရ အင်တာနက်လျှောက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ ကျပ်ငွေ ၁၀,၀၀၀ ကို အရင်ဖြည့် သွင်းထားရပါမယ်။
ပြီးရင် 1331 ကိုနှိပြီး SMS ပို့ရမှာပါ။
“You have order data service successfully” ဆိုတဲ့စာကို ပြန်ရပြီဆိုရင် အင်တာနက်ကို စပြီးအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဖုန်းထဲမှာ ထည့်ထားတဲ့ငွေထဲက ၁၀,၀၀၀ ကို ဖြတ်ယူသွားမှာပါ။
မိုဘိုင်းဖုန်းသုံးပြီး အွန်လိုင်းတက်ဖို့ စဉ်းစားနေသူများအတွက်တော့ ဒါ သတင်းကောင်း ဖြစ်ပါလိမ့်မယ်။