Thursday, July 25, 2013
Wednesday, July 24, 2013
Pro Myankey V2.0 Beta 5 For Android
Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်
MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ
တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။
( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။
သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )
" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
အားလုံးပဲ အဆင်ပြေကြပါစေ.... ။

တစ်ထောင့်ငါးရာတန် ဖုန်းတွေအတွက် အင်တာနက်Setting ထည့်သွင်းနည်း လေးပါ
တစ်ထောင့်ငါးရာတန် ဖုန်းတွေအတွက် အင်တာနက်Setting ထည့်သွင်းနည်း လေးပါ
အရင်ဆုံး မိမိဖုန်းရဲ့ Setting >More>Mobile Network>Access Point
Names နေရာမှာဖြည့်သွင်းပေးရမှာပါ
Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
ပြီးလျှင်အောက်ပါအတိုင်း ဖြည့်သွင်းပေးကြရအောင်ဗျာ
Name: mectel
APN: #777
username: card
password: card
APN မပါသောသူများ
PPP Digit မှာ #777 ရေးပေးလိုက်ပါ
Connection...
Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool
Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool
အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။
Java အားရယူရန်
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။Adb ဖိုင်အားရယူရန်
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။ ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။
Apk Multi-Tools Download
၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)
၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။
၅။ ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။
၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 9 ကိုရွေးချယ်ပါ။ (9 လို့ရိုက်ပြီး Enter ခေါက်ပါ။)
၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick
လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင်
အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ
အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင်
ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက
နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။
(မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။
၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၁၈။ ပြီးရင်တော့ အဲဒီ box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။ ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။
အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string> လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)
၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။
၂၇။ CWM flashable zip ဒေါင်းရန်
၂၈။ 7zip software ဒေါင်းရန်
၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။
နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။ ။
ဝှုးးးးး မောထှာ….:)
Note++ Software အားရယူရန်
GSM တယ်လီဖုန်းများအား အင်တာနက် မြန်နှုန်း တိုးမြှင့် အသုံးပြုနိုင်
မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ ငှားရမ်း အသုံးပြုခွင့် ပေးခဲ့သည့် အင်တာနက် အသုံးပြုနိုင်သော
GSM, WCDMA, CDMA-800 MHz တယ်လီဖုန်း လိုင်းများထဲမှ GSM ကိုလည်း အင်တာ နက်
မြန်နှုန်းအား အသုံးပြု သည့်ဖုန်းအမျိုးအစားပေါ် မူတည်၍ တိုးမြှင့်အသုံးပြု
နိုင်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ယခုလက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေကို 2G,3G ဆိုပြီး နှစ်မျိုးခွဲထားတယ်၊ WCDMA, CDMA-800 MHz တွေက 3G network၊ GSM က 2G network ဆိုပြီးတော့ပေါ့၊ အင်တာနက် အသုံးပြုခကိုလည်း GSM အတွက် တစ်မိနစ်နှစ်ကျပ်၊ ကျန်တဲ့ဖုန်းတွေက တစ်မိနစ်လေးကျပ် ပေးရပါတယ်၊ အင်တာနက်မြန်နှုန်း ဆိုတာကတော့ ကိုယ်ဝယ်ယူခဲ့တဲ့ ဖုန်းအမျိုး အစား ပေါ်မူ တည်ပြီး ပြောင်း သုံးနိုင်ပါတယ်၊
မိမိဖုန်းမှာ 3G စနစ်ပါရင် network operators ထဲက network automatically ကို မှတ်ထားလိုက်ရင် နီးစပ်ရာ အင်တာနက် လိုင်းများမှ 3G ရှိရင် 3G လိုင်းကို ဖုန်းကတစ်ဆင့် သုံးနိုင်မှာပါ၊ 3G စနစ်သုံး WCDMA, CDMA-800 MHz ဖုန်းတွေလည်း 3G network မမိရင် 2G စနစ်ကိုပဲ အလိုလိုပြောင်း သွားမှာပါ၊ တစ်သိန်းအောက် ပေးရတဲံ့ Huawei ဟန်းဆက်တွေ မှာ မြန် မာနိုင်ငံနှင့် သင့်လျော်တဲ့ စနစ်တွေ တော်တော်များများ ပါဝင်ပါတယ်၊ CDMA-800 MHz အတွက် အင်တာနက်လိုင်းက သီးသန့်ဖြစ်နေလို့ ပြောစရာ မလိုပေမယ့် GSM နှင့် WCDMA ဖုန်းတွေ ဝယ်တဲ့အခါမှာ 2G စနစ်ပဲ သုံးနိုင်တဲ့ ဟန်းဆက်ကို ဝယ်လိုက်ရင် 3G network ကို သုံးလို့ရမှာ မဟုတ်ပါဘူး'' ဟု မိုဘိုင်းလ်နှင့် အင်တာနက် အသုံးပြုနေသူ တစ်ဦးထံမှ သိရသည်။

Ref : မြဝတီ
Tuesday, July 23, 2013
မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ
မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်မည့် သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးတာဖြစ်ပါတယ် ။
ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက်ပြီး
Special Pass လျှောက်ထားရန်အတွက် တုံကင် ယူကာ ပြန်လည်ချိန်းဆိုးသောနေ့တွင်
ဒဏ်ငွေ ၄၀၀ ရင်းဂစ်ပေးဆောင်ပြီး ချိန်ဆိုသောနေ့တွင်လေယာဉ်လက်မှတ်ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။
ယခုပြောင်းလဲလိုက်သော အစီအစဉ်အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား
ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်
သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။
သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများေ ပးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီဖြစ်ပါသည် ။
ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှစတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ တောင်းခံလိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်းသိရသည် ။
သို့ကြောင့် မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီဖြစ်သော်လည်း ပေးဆောင်ရမည့်ဒဏ်ငွေများမှာတော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ရေးသားတင်ဆက်ပေးရပါသည် ။
မလေးရှားရောက်မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy
www.edinooyin.com
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်မည့်
ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက
ယခုပြောင်းလဲလိုက်သော အစီအစဉ်အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား
ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်
သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။
သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများေ
ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှစတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ တောင်းခံလိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်းသိရသည် ။
သို့ကြောင့် မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီဖြစ်သော်လည်း ပေးဆောင်ရမည့်ဒဏ်ငွေများမှာတော့
မလေးရှားရောက်မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy
www.edinooyin.com
GSM နည်းပညာ
ကျွန်တော်တို့သုံးနေကြတဲ့ GSM ဖုံးတွေဟာ ဆယ်စုနှစ် နှစ်စုကျော်လောက် ရှိနေပြီဖြစ်တဲ့ နည်းပညာတစ်ခုပါ၊ တည်ငြိမ်မှု အဆင်ပြေမှု
ရနိုင်မယ့် ဆားဗစ် စတာတွေမှာ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်၊ တကမ္ဘာလုံးမှာလဲ
အသုံးအများဆုံးဖြစ်ပါတယ်၊ ဒီဆက်သွယ်ရေး နည်းပညာနဲ့ပါတ်သက်လို့ ထွက်ပေါ်လာတဲ့
သတင်းတစ်ခုက အကောင်းကြီးမဟုတ်လှပါဖူး။
Wireless communication နည်းပညာတွေမှာ လုံခြုံရေးဆိုတာ တော်တော်ကြီးအရေးကြီးလှသလို
Developer, Service Provider တွေအတွက်လဲ ခေါင်းခဲစရာတစ်ခုပါ၊ Wireless
ဆိုတဲ့အတိုင်း လေထဲကို ထုတ်လွှင့်လိုက်တဲ့ သတင်းအချက်အလက်တွေဟာ ဒီဆက်သွယ်ရေးနက်ဝပ်
ပေါ်မှာရှိတဲ့ သုံးစွဲသူတိုင်းကတနည်းနည်းနဲ့ရယူနိုင် ရောက်သွားနိုင်ပါတယ်၊
ဒါကြောင့် GSM communication မှာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုတဲ့အသံ၊ ပို့တဲ့
သတင်းအချက်အလက် စတာတွေကို ကာကွယ်ဖို့ A5/1 ဆိုတဲ့ Encryption
နည်းပညာတစ်ခုကိုသုံးပါတယ်၊ Encryption ဆိုတာကတော့ ပေးပို့တဲ့ သတင်းအချက်အလက်တွေကို
ကြားဖြတ်ယူလို့မရနိုင်အောင် လျို့ဝှက်ကုတ်ဒ်နံပါတ်တစ်ခု(key)နဲ့ ပြောင်းလဲ(Cipher)
လိုက်တာပါပဲ၊ ကြားဖြတ်ဖမ်းယူလို့ရခဲ့ရင်တောင် မူရင်းအချက်အလက်
ကိုရအောင်ပြန်ပြောင်းဖို့ မလွယ်ကူပါဘူး၊ မူရင်း လျို့ဝှက်ကုတ်ဒ်နံပါတ်နဲ့
ပြောင်းလဲတဲ့နည်းပညာကို သိမှ ရနိုင်တာပါ၊ ဒီ Encryption method နဲ့ KEY ကို
Developer/Service Provider တွေက ထိမ်းချူပ်ထားပါတယ်၊ ရုပ်ရှင်တွေထဲမှာ Cell
ဖုံးပြောဆိုမှုတွေကို ကြားဖြတ်နားထောင်တာ တွေဖူးမှာပါ၊ ဒီလိုလုပ်ဖို့ဆိုရင်
ကုန်ကျစရိတ်ရော အရွယ်အစားရော တော်တော်ကြီးတဲ့ (Military Grade) စက်ပစ္စည်းတွေနဲ့မှ
ရနိုင်တာပါ၊ (အကြမ်းဖျဉ်းပြောရရင် GSM Base station တစ်ခုစာလောက် စက်ပစ္စည်းတွေ
လိုပါတယ်)။
GSM association ဟာ A5/1 encryption standard ကိုလျို့ဝှက်ထားခဲ့ပါတယ်၊ ဒါပေမယ့်
researcher, hacker တွေရဲ့ တစတစ ဖေါ်ထုတ်မှုကြောင့် A5/1 ရဲ့အလုပ်လုပ်ပုံကို 1999
မှာ အားလုံးဖေါ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီနောက် မှာတော့ ဒီ encryption ကို crack
လုပ်ဖို့ researcher, hacker တွေဟာ ကြိုးစားကြပါတော့တယ်၊ တချိန်ထဲမှာ ဒီ A/51 ရဲ့
အားနည်းချက်တွေကို ထောက်ပြပြောဆိုမှု ပြင်ဆင်ဖို့ ဆော်သြ စုစည်းမှုတွေ ရှိပေမဲ့
Service Provider အများစုက မလိုက်နာတဲ့အတွက် မပြင်နိုင်ကြပါဘူး၊ ကြားထဲမှာ A/51
ကို crack လုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် public ကိုထုတ်ပြန်ခြင်းမရှိခဲ့သလို
real time attack မဟုတ်ပဲ offline attack တွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်၊ real time
attack ဆိုတာကတော့ ဖုံးပြောဆိုမှုတစ်ခုကို အချိန်နဲ့တပြေးထဲညီ
ကြားဖြတ်နားထောင်နိုင်တာမျိုးကိုဆိုလိုတာပါ၊ Offline attack ဆိုတာကတော့
အချက်အလက်အားလုံးကို ကြားဖြတ်သိမ်းဆည်းထားပြီး ပြီးမှပြန်လည်ဖေါ်ထုတ်ယူတာပါ။

2009, December မှာ ဂျာမန်ကွန်ပျူတာအင်ဂျင်နီယာ Karsten Nohl ရဲ့ A5/1 security research အဖွဲ့ကနေ
A/51 ကို crack လုပ်တဲ့ Method, Program, Algorithm , အားလုံးကို
ထုတ်ဖေါ်ပြသခဲ့ပါတယ်၊ အရင်ကထက်စာရင် လိုအပ်တာက FPGA (Field Programmable Grid
Array) devices, ကွန်ပျူတာတစ်လုံးနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲ ပါပဲ၊ အရင်လို
ဗင်ကားတစ်စီးစာလောက် စက်ပစ္စည်းတွေ မဟုတ်တော့ပါဘူး၊ FPGA ဆိုတာကတော့ ကျောင်းတွေ၊
research lab တွေမှာသုံးတဲ့ လိုအပ်သလို functions တွေကို ပရိုဂရမ်လုပ်နိုင်တဲ့
ကွန်ပျူတာ chip တွေပါ၊ ဈေးနှုံးလဲ မကြီးလှပါဘူး၊ System setup အားလုံးဟာ $1000
အောက်ပစ္စည်းကုန်ကျစရိတ်သာရှိပြီး အလွယ်တကူလဲဝယ်ယူနိုင်ပါတယ်၊ Live GSM
conversation တစ်ခုကို မိနစ်ပိုင်းအတွင်းမှာ crack လုပ်နိုင် လိုအပ်တဲ့ key, ID
စတာတွေကို ဖေါ်ထုတ်နိုင်ပါတယ်လို့ ဆိုပါတယ်။

Black Hat, CHAOS စတဲ့ ကွန်ပျူတာကွန်ဖရင့်တွေမှာ ဖေါ်ထုတ်ပြသပြီးနောက်မှာ GSMA ဟာ service provider တွေကို
လိုအပ်တဲ့ security key တွေကိုကန့်သတ်ဖို့နဲ့ ပိုပြီး လုံခြုံတဲ့ A5/3 encryption
ကို သုံးဖို့ ပြောဆိုခဲ့ပါတယ်၊ A5/3 ဟာ 3G အတွက်ရည်ရွယ်တဲ့ နည်းပညာဖြစ်ပြီး
128bits key ကိုသုံးပြီး A5/1 ဟာ 64bits ကိုသုံးပါတယ်၊ Encryption သဘောတရားအရ key
length ပိုရှည်ရင် ပိုပြီး လုံခြုံပါတယ်၊ ထုတ်ဖေါ်တဲ့အခါလဲ ပိုပြီး အချိန်ယူရပါတယ်၊
ပြသာနာက ထုနဲ့ထည်နဲ့ ရှိနေတဲ့ GSM network တွေဟာ လိုအပ်တဲ့ ပြောင်းလဲမှုကို
လွယ်လွယ်ကူကူ လုပ်လို့မရနိုင်ပါဘူး၊ တချို့ စနစ်တွေဟာ A5/3 ကို support
မပေးနိုင်သလို hardware encryption တွေရဲ့ သဘောသဘာဝဟာ လွယ်လွယ်ကူကူ ပြောင်းလို့ မရပါဘုး၊
Researcher တွေက A5/3 ဟာလဲ ထိုးဖေါက်ခံရဖို့ အချိန်မကြာလောက်ဘူးလို့
ခန့်မှန်းကြပါတယ်၊ မကြာလှပါဘူး Israel’s Weizmann Institute of Science က
researcher တွေကနေ A5/3 ကို နှစ်နာရီအတွင်း crack လုပ်နိုင်ကြောင်း 2010
နှစ်စပိုင်းမှာ ပြသခဲ့ပြန်ပါတယ်။

GSM community တစ်ခုလုံးကတော့ အကာအကွယ်မဲ့သွားပါပြီ၊ ဘယ်သူမှ ကိုယ့်ဖုံးလိုင်းကို ကြားဖြတ်နားထောင်မှာ
သဘောကျကြမှာ မဟုတ်ပါဘူး၊ Reviewer တွေကတော့ အခိုက်အတန့် စိုးရိမ်စရာ
မလိုသေးကြောင်း ပြေဆိုနေကြပါတယ်၊ အရေးကြီး ဖုံးဆက်သွယ်မှုများအတွက် သံသယရှိရင် user
level encryption, ဒါမှမဟုတ် CDMA ဖုံးကိုသာ သုံးစွဲဖို့ အကြံပေးထားပါတယ်၊ ဒါကလဲ
GSM vs CDMA ပြိုင်ပွဲမှာ CDMA အတွက် တကွက်ကြောစရာ ဖြစ်လာလေဦးမလား ယူဆကြပါတယ်၊
GSMA, Developer, Network Supplier, Industries တွေအတွက် ခေါင်းခဲစရာ ဖြစ်နေသလို
ဘာတွေဆက်လုပ်ကြဦးမလဲစောင့်ကြည့်ရပါဦးမယ်။

Subscribe to:
Posts (Atom)