Monday, July 22, 2013
Sunday, July 21, 2013
MyanMarFont For Huawei U8833 , U 8951 , C8813 , G520-0000 ( Emotion UI)
မင်္ဂလာပါခင်ဗျ..
ဒီ ပိုစ်လေးကတော့ ထွေထွေ ထူးထူး မဟုတ်ပေမယ့် .
Unlock Code တောင်းရတဲ့ Huawei ဖုန်းတွေ( Emotion UI) တွေအတွက် Root မလုပ် ပဲ နဲ့ 
မြန်မာဖောင့်တွေ . ကီးဘုတ်တွေ ကို ထည့်သွင်းပေးသွားမှာပါ.
ဒီကောင်လေးက ဘယ် Emotion UI မှာမဆို အသုံးပြုလို့ ရပါတယ်ခင်ဗျ.
Emotion UI ဆိုတာ ဖုန်းမှာသုံးထားတဲ့ System တမျိုးပဲလို့ .မမှီ့ တမှီ ကျွှန်တော့ရဲ့ပိန်းပိန်းတိန်းတိန်း
ဥာဏ်လေး နဲ့ စဉ်းစားမိပါတယ်..
Emotion UI ဟုတ်မဟုတ်ဘယ်လို ကြည့်မလဲဆိုရင် ဖုန်းရဲ့
Setting>About Phone> Emotion UI Version ဆိုတာပါ ပါတယ်..အဲဒါဆိုရင်တော့ ဟုတ်ပါတယ်..
အပေါ်က ပုံထဲမှာ ပါ..အဲဒါဆိုရင်တော့ Emotion UI ဖြစ်ပါတယ်..
ဆက်သွားရအောင်နော်
လိုအပ်တာလေးဒေါင်းလော့ဆွဲ ထားပါ
- ဖုန်းကိုပါဝါဖွင့်ပါ
- USB Debugging ကို On ထားပေးပါ
- ထို့ နောက် ကွန်ပျူတာ တွင် ချိတ်ပါ
- Emotion UI Theme လေးကို ဒေါင်းလော့ဆွဲ ၍ ကွန်ပျူတာပေါ်တွင် ဇစ်ဖြည်လိုတ်ပါ
- ဇစ်ဖြည်လိုတ်လျှင် အထဲတွင် RunMe.bat ဖိုင်လေးတခု တွေ့ ပါလိမ့်မယ်.
- အဲဒီ RunMe.bat ကို ဖွင့်လိုတ်ပါ ။
- သူ့ ဘာသာ သူ အလုပ်ဆက်လုပ်သွားပါမယ်.. ပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ထား
တာကို ဖြုတ်လို့ ရပါပြီ - ထို့ နောက် ဖုန်းရဲ့ Setting>Language&Keyboard>ForzenKeyboard ကိုအမှန်ခြစ်ပေးပါ
- ForzenKeyboardPro ကိုလည်းအမှန်ခြစ်ပေးပါ
- ဖုန်းရဲ့ Home ကို ပြန်ထွက်ပါ
- Screen ပေါ်တွင် Themes ဆိုတဲ့  ဖိုဒါကို လိုတ်ရှာပါ
- Themes ဖိုဒါကို တွေ့ ရင် အဲဒီအထဲကို ဝင်လိုတ်ပါ
Theme With Font ဆိုတဲ့အဆင့် ပြီးရင်တော့ .. ဖုန်းက ပါဝါ ပိတ်သွားမှာ ဖြစ်ပါတယ်..
ဖုန်းပါဝါ ပြန်တက်လာရင်တော့ မြန်မာဖောင့် ရသွားပီ ဖြစ် ပါတယ် ။
Themes က ဘယ်သူလုပ်မှန်းမသိလို့  Credit မပေးတော့ဘူးနော်..Credit ပေးရမယ်ဆိုရင်တော့ တကယ် လုပ်ထားတဲ့ Developer ကို Credit ပေးပါတယ်... RunMe.bat ကတော့ ကိုယ့်ဘာသာ
ကိုယ် လုပ်ထားတာပါခင်ဗျ. ။
အမှားပါရင်ခွင့်လွတ်ပေးစေချင်ပါတယ်.
အားလုံး ကို ခင်မင်လေးစား စွာဖြင့်
Huawei C8813 unlock Code မတောင်းချင်သူများ (သို့)တောင်းရတာအဆင်မပြေသူများအတွက် root လုပ်နည်း (ဘာerror မှမရှိပါ)
C8813 root လုပ်နည်း (ကုဒ်တောင်းစရာမလို) (No Error)
1.ဖုန်းရဲ့ Driver ကို ကွန်ပျူတာကသိအောင်လုပ်ပါ........
သူက C8812 နဲ့ဆင်တူပါတယ်.......ဒါပေမဲ့ အရင်ဆုံးတစ်ဆင့်ပိုသွားတယ်ဗျ
https://www.dropbox.com/s/
အပေါ်ကဟာလေးကိုယူပါ.......ပြီးရင
Power + Volume up+ Volume down (၃)ခုပြိုင်တူဖိပြီး လုပ်ပါ......ပြီးရင် update လုပ်တာ သူ့ဘာသာလုပ်သွားပါလိမ့်မယ်.....
2.Setting ထဲ မှာ USB Debugging ကို on ပါ
3.Security ထဲမှာ unknown source ကို အမှန်ခြစ်ပါ။
4.အားလုံးပြီးလျှင် https://www.dropbox.com/s/z6nbcdam1x94omm/unlock%203.1%20root.rar ဒီကောင်လေးဒေါင်းပါ။
5. ရလျှင် Install လုပ်ပါ...........
6. ပြီးလျှင် ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးချိတ်ပြီး ဆော့ဝဲကို ဖွင့် ပြီး root ဆိုတာနှိပ်လိုက်ပါ...........
7. Huawei C8813 4.1.1 ဆိုပြီး ဆော့ဝဲမှ driver သိကြောင်းပြလျှင် box ကလေးကိုနှိပ်လိုက်ပါ..........
8. ပြီးလျှင်သူ့ဘာသာဆက်လုပ်သွားပါလ
9.ဖုန်းrestart ကျပြီးပြန်တက်လာလျှင် root ရပါပြီ မြန်မာဖောင့်ကိုတော့ Font Changer သုံးပြီးတာ သွင်းလိုက်ဗျာ..........
အရမ်းကိုလွယ်ပါတယ်.............
……..အိမ်…
ကမ္ဘာမြေမှာ “ခိုလှုံရာ” ခေါ်ဆိုတဲ့ အိမ်
ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်။
အိမ်တအိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။
Cho: ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။
အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်သဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ့် ဆန်အရက်ရယ်။
ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ တူတူကမယ်။
Cho: ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။
ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တအိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ယင်စေ ရင်ခွင်အိမ် ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်။
တစ္ဆေတကောင်ဟာ ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။9
Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ။
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ) .....ဒီသီချင်းလေးနားထောင်လို့ကောင်းတယ် http://searchfreemp3.com/newplayer/aHR0cDovL2FwaS5zb3VuZGNsb3VkLmNvbS90cmFja3MvMjIyNzEyOTUvc3RyZWFtP2NsaWVudF9pZD1mZmEwYzc5YmY4YWVkYzBkOWIwYmIwNzQyNzhjZjI1MQ==yFRz4YCT4YCt4YCb4YCs4YCZ4YCt4YCv4YCb4YC5IOGAm+GAsuGClCDhgJ7hgK7hgIHhgLrhgIThgLnhgLgg4oCc4YCh4YCt4YCZ4YC54oCd.mp3
Saturday, July 20, 2013
ဆိုတေး သတင်းတွေနဲ့ ပြည့်နှက်နေတဲ့နေ့ (ဇူလိုင် ၁၅၊ ၂၀၁၃)
အဆိုတော် ဆိုတေး ကားမတော်တဆမှုဖြစ်ခဲ့တဲ့ သတင်းဟာ ဒီနေ့တစ်နေကုန်
အင်တာနက်စာမျက်နှာမှာ လူပြောအများဆုံး ဖြစ်ခဲ့ပါတယ်။ တောင်သာမြို့မှာ
ပြုလုပ်တဲ့ ရှိုးပွဲမှာ သီချင်းဆိုဖို့အသွား အမြန်လမ်းမပေါ်မှာ မတော်တဆမှု
ဖြစ်တာလို့ သိရပါတယ်။ ဓာတ်ပုံတွေအရ မတော်တဆမှု ဖြစ်ပွားတဲ့အချိန်မှာ
သူတို့စီးလာတဲ့ကားဟာ ဘယ်လောက်တောင် အရှိန်ပြင်းပြင်းနဲ့
မောင်းနှင်းခဲ့သလဲဆိုတာ မတွေးရဲစရာပါ။ ကားပေါ်မှာ အတူလိုက်ပါလာတဲ့ ဆိုတေးရဲ့
ဇနီး (တချို့ကလည်း ချစ်သူလို့ ပြောကြပါတယ်) သေဆုံးသွားတယ်လို့ သတင်းတွေမှာ
ဖတ်ရပါတယ်။ ဆိုတေးလည်း မြင်မကောင်းအောင် ဒဏ်ရာတွေရတာကို ဓာတ်ပုံတွေအရ
တွေ့ရပါတယ်။ အထူးသဖြင့် ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့
ဆိုပါတယ်။ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးပြီလို့လည်း
သတင်းတွေမှာ ဖတ်ရပါတယ်။ နှလုံးခုန်နေဆဲဖြစ်ပေမယ့် သတိပြန်မရသေးဘူးလို့
သိရပါတယ်။ ဆိုတေး အမြန်ဆုံး ပြန်လည်သတိလည်ပါစေကြောင်း ဆုတောင်းသံတွေ
အင်တာနက်မှာ ပြည့်လျှံနေခဲ့တာကို မှတ်တမ်းတင်လိုက်ပါတယ်။
မီးအိမ်ရှင်တစ်ယောက် အမြန်ဆုံး ပြန်လည်ကျန်းမာပါစေ...။
ဆိုတေးရဲ့ မီးအိမ်ရှင်သီချင်း
၆၆ နှစ်မြောက် အာဇာနည်နေ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
၆၆နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ခေါင်းဆောင်များ အသက်စွန့်သွားပုံကို
အဖွဲ့ချုပ်ရုံးခန်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က
ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင်
ယနေ့နေ့လည် ၁နာရီ ခွဲခန့်တွင် ပြည်သူလူထုနှင့် ပါတီဝင်များကို မိနစ်
၂၀ခန့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
| photo: RFA/ Kyaw Zaw Win |
Home News နိုင်ငံတိုးတက်အောင်လုပ်ပြီး အာဇာနည် ခေါင်းဆောင်တွေကို ဂုဏ်ပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Saturday, July 20, 2013 နိုင်ငံတိုးတက်အောင်လုပ်ပြီး အာဇာနည် ခေါင်းဆောင်တွေကို ဂုဏ်ပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒီနေ့မှာကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပရာမှာ ရုံးချုပ်ရှေ့မှာ စောင့်ဆိုင်းနေကြတဲ့ လူငယ်တွေနဲ့ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
"လူငယ်တွေဆိုတာ နိုင်ငံ့ရဲ့အနာဂတ်ပဲ၊ လူငယ်တွေဆိုတာ တော်ဖို့လိုတယ်၊ တော်ဖို့လိုတယ်ဆိုတာက စာတော်တာတင်ပြောတာမဟုတ်ပါဘူး၊ အဓိကအားဖြင့် တော်တယ်ဆိုတာက မှန်ကန်တဲ့စိတ်ထားတတ်တာကို ပြောတာပါ၊ ကျမလူငယ်တွေကို ဆက်ပြီးတော့ ကြိုးစားကြပါလို့ တိုက်တွန်းချင်တယ်၊၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိရမယ်၊ ကိုယ့်ကိုကိုယ်တစ်နေ့ထက်တစ်နေ့ ပြုပြင်သွားချင်တဲ့စိတ်ဓာတ်ရှိရမယ်၊ အားလုံးဟာ ကိုယ့်အတွက်ကိုယ်တာဝန်ယူရမယ်၊ ကိုယ့်လုပ်ရပ်တွေအတွက် ကိုယ်တာဝန်ယူရတယ်၊ ကိုယ့်နိုင်ငံအတွက် ကိုယ်တာဝန်ယူရမယ်၊ ကျမတို့ရဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို ကျေးဇူးတင်သင့်ဆိုရင် အကောင်းဆုံးကျေးဇူးတင်တဲ့နည်းကတော့ ဒီနိုင်ငံအေးချမ်းအောင်လို့၊ ဒီနိုင်ငံတည်ငြိမ်အောင်လို့၊ ဒီနိုင်ငံတိုးတက်အောင်လို့၊ ဒီနိုင်ငံဟာအားလုံးအတွက် ခိုလှုံရာ၊ လွတ်လပ်ရာ၊ လုံခြုံရာဖြစ်အောင်လို့ ဝိုင်းပြီးတော့ လုပ်ပေးကြပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်"
ဒါ့အပြင် အာဇာနည်နေ့ကို မမေ့မလျော့ဘဲ အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ခေါင်းဆောင်ကောင်းတွေကို တန်ဖိုးထားခြင်းဟာ မိမိတို့ကိုယ်တိုင်လည်း တစ်နေ့မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့အရည်အချင်းတွေ ရှိမှာဖြစ်တယ်လို့ အားပေးစကားလည်း ပြောကြားခဲ့ပါတယ်။
Subscribe to:
Comments (Atom)








